သို့ဆိုပြီး ရည်ညွှန်းခွင့်မရတော့တဲ့ စာလေးပေါ့ ။
တစ်နေ့ကျရင်ဆိုတဲ့ စကားလုံးတွေအစား ကောင်းရာမွန်ရာ ရောက်ပါစေဆိုတဲ့ ဆုတွေ အကိုငြိမ်းချမ်းပါစေဆိုတဲ့ စကားတွေချည်း ရေရွှတ်နေရတဲ့ ကောင်မလေးပေါ့ ။ ဒီနေ့နဲ့ဆို ၁ နှစ်နဲ့ သုံးလတောင် ရှိခဲ့ပြီနော် ။
အစက နေရာတွေပဲ နီးမနေခဲ့တာ ။ တွေ့ခွင့်ရဖို့ နိုင်ငံတွေပဲ ခြားနေတာ ။ အခုက ဘဝတွေပါခြားပြီး ဘယ်တော့မှ ဆုံခွင့်တွေ ရှိမနေတော့ဘူး ။ ပုံမှန်စကားပြောနေကျ အချိန်တွေမှာ အကို့အကောင့်လေး မီးမစိမ်းတော့ဘူး ။ ညဘက်တွေ အိပ်တဲ့အချိန် ပုံပြင်ပြောပြီး ချော့သိပ်မယ့်လူလဲ ရှိမနေတော့ဘူး ။
ဒီကောင်မလေးကလေ ... ညအိပ်ချိန်တွေ နောက်ကျတတ်တာလွဲလို့ ဒီနေ့အထိ အကို့စကားတွေ နားထောင်နေတုန်းပဲဆိုတာ တစ်နေရာရာက အကို သိမယ်မဟုတ်လား ။ မငိုစေချင်ဘူးဆိုတဲ့ စကားကိုတော့ အကို့ကို လွမ်းတဲ့အချိန်တွေမှာ နားမထောင်ပဲ နေမိတယ် ။ ခွင့်လွှတ်ပါနော် ။
တစ်နေ့ကျရင် ... ဆိုတဲ့ အိပ်မက်တွေ ဆက်မက်ခွင့်မရှိတော့ရင်တောင် ရှိခဲ့ဖူးတဲ့အတိတ်မှာ ... ခဏတော့ ပိတ်မိလို့ရတယ် မဟုတ်လား ။ ပျောက်သောသူ ရှာရင်တွေ့ ၊ သေသောသူကြာရင် မေ့ တဲ့ ။ နှလုံးသားထဲ အမြဲရှင်သန်နေတဲ့အကို့ကိုတော့ မေ့ဖို့ ခက်တယ် ။
ဒီစာကိုလေ ချစ်ရပါသော အကိုသို့ဆိုပြီး ရေးချင်ခဲ့တာ ဒါပေမယ့် ... ဒါပေမယ့်ပဲပေါ့ အကိုရယ် ။
#သို့_ချစ်သောရေ

إرسال تعليق