❝ မေတ္တာထားသူကို ❞ တန်ဖိုးထားပေးပါ..။

❝ မေတ္တာထားသူကို ❞ တန်ဖိုးထားပေးပါ..။
<><><>


သင့်ဘ၀မှာ 
စစ်မှန်တဲ့ မေတ္တာတရားရှိသူနဲ့သာ 
တွေ့ဆုံခဲ့မယ်ဆိုရင် တန်ဖိုးထားပေးပါ။

ဖြူစင်ရိုးသားစွာဖြင့်
သင့်အပေါ်နှစ်လိုစွာ ယုံကြည်မြတ်နိုး 
ပေးဆပ်နေသူကိုလည်း  တန်ဖိုးထားပေးပါ ။ 

ရိုးသားတဲ့အေးဆေးသူနဲ့ 
တွေ့ဆုံခဲ့ရင်လည်း  
အခွင့်အရေး မယူမိပါစေနဲ့ ....

နားလည်တတ်သိသူနဲ့ 
ကြုံခဲ့ရရင်လည်း  
ကောင်းစွာ နာယူမှတ်သားပေးပါ ။
 
မွန်မြတ်သော စိတ်ထားရှိသူကိုလည်း
အားက်အတုယူလိုက္ပါ..။

အမှားများနေသူကိုလည်း 
သူ့နေရာမှာ ငါ" သာဆိုရင် ဆိုတဲ့ 
အတွေးလေးနဲ့ ....
ထိန်းကျောင်းပဲ့ပြင်ရင်း  လက်တွဲခေါ်ယူပါ ။

ဘဝတွေက
တသမတ်တည်း မရှိပါဘူး  
အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ.။
အပြောင်းအလဲများစွာထဲမှာမှ 
ရေစက်တွေကြောင့် တွေ့ကြ 
ဆုံကြရတာ အချိန်ခဏလေးပါ။

တန်ဖိုးရှိသူတွေကို ဘယ်တော့မှ 
ဘယ်သောအခါမှ နာကျင်စွာ
အဆုံးရှုံးမခံရပါစေနဲ့....

ဘ၀ဆိုတာ တိုတိုလေးပါ 
ဘာမှမကြာ ခဏသာ ..
ဆုံဆည်းကြရတဲ့ အခိုက်အတန့်မှာ 
မေတ္တာလေးတွေ ပေးဝေလို့ 
အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့..
~~~~~~~~~
မေတ္တာဖြင့်..
အရှင်နန္ဒိယ ( သာကီနွယ် )

crd

Post a Comment

أحدث أقدم

Comments