ထောပတ် တစ်ပေါင်

ထောပတ် တစ်ပေါင်
==================


တစ်ခါတုန်းက လယ်သမား တစ်ယောက်ဟာ မုန့်ဖုတ်သမား ဆီကို ထောပတ် တစ်ပေါင်စီ ပုံမှန်ရောင်း လေ့ရှိပါတယ်။ တစ်နေ့မှာတော့ လယ်သမားက ထောပတ်ကို တစ်ပေါင် ပြည့်/မပြည့် ချိန်ကြည့်တဲ့အခါ ထောပတ်က တစ်ပေါင် မပြည့်ပါဘူး … အဲဒီတော့ မုန့်ဖုတ်သမားက ဒေါသတွေ ထွက်ပြီး လယ်သမားကို တရားရုံးမှာ တရားစွဲပါတယ် … ။

တရားရုံးရောက်တော့ တရားသူကြီးက “ထောပတ် တစ်ပေါင်ကို ဘယ်လိုချိန်သလဲလို့” လယ်သမားကို မေးပါတယ် … “ကျွန်တော်က တော်တော်ရှေးရိုးကျတဲ့ သူပါဗျာ … ကျွန်တော့မှာ ချိန်စရာ အလေးကောင်းကောင်းလည်း မရှိပါဘူး … ဒါပေမယ့် ချိန်ခွင် တစ်ခုတော့ ရှိပါတယ် … ” လို့ လယ်သမားက ပြန်ဖြေပါတယ် … “ဒါဆိုရင် ခင်ဗျား ဘယ်အလေးနဲ့ ချိန်လဲ” လို့ တရားသူကြီးက ဆက်မေးပါတယ် … ။

“တရားသူကြီးမင်းခင်ဗျား … မုန့်ဖုတ်သမား ကျွန်တော့်ဆီက စပြီးတော့ ထောပတ် မဝယ်ခင် အချိန်တော်တော် ကြာကြာကတည်းက တစ်ပေါင် ရှိတဲ့ ပေါင်မုန့်တစ်လုံးကို မုန့်ဖုတ်သမား ဆီက ကျွန်တော် ဝယ်နေခဲ့တာပါ … နေ့တိုင်း နေ့တိုင်း မုန့်ဖုတ်သမားက ပေါင်မုန်ယူလာတိုင်း အဲဒီပေါင်မုန့်နဲ့ ထောပတ်ကို ချိန်ပြီး ပြန်ပေးနေတာပါ” လို့ လယ်သမားက ဖြေလိုက်ပါတယ် … “ဒီကိစ္စမှာ မုန့်ဖုတ်သမားက လွဲလို့ ဘယ်သူ့ကိုမှ အပြစ်ပြောစရာမလိုပါဘူး” လို့ လယ်သမားက ပြောပါတယ် … ။

ပုံပြင်လေးကတော့ အဲဒီမှာပဲ အဆုံးသတ်သွားပါတယ် … ဒီပုံပြင်က ပြောချင်တာက နယူတန်ရဲ့ နိယာမ လိုပဲ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတာကို သက်သေ ထူနေပါတယ် … ကျွန်တော်တို့ ပေးသလောက် ကျွန်တော်တို့ ပြန်ရလိုက်တာပါ … တစ်ခုခုလုပ်တော့မယ် ဆိုရင် “ကိုယ်မျှော်လင့်ထားတဲ့ အရာတစ်ခုအတွက် ကိုယ်ကရော ထိုက်တန်တဲ့ ပေးဆပ်မှုရှိရဲ့လား … ?” လို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ … ကောင်းတာဖြစ်စေ … မကောင်းတာ ဖြစ်စေ … လုပ်ပါများရင် အကျင့်စွဲသွားတတ်ပါတယ် … တစ်ချို့ တစ်ချို့တွေက သူများကို လိမ်ညာလှည့်စားလို့ရတဲ့ အချိန်မှာတော့ ရုပ်တည်ကြီးနဲ့ရယ် … ကိုယ့်ဘက်ကိုလည်း ပြန်ပတ်ရော ကမူးရှုးထိုးတွေ ဖြစ်ကုန်ကြပါတယ် …

အမှန်တရားဆိုတာ တကယ်တော့ ဖုန်းကွယ်ထားလို့ မရပါဘူး … ကျွန်တော်တို့ မြန်မာတွေ ယုံကြည်ကြတဲ့ စကားလိုပဲ ဝဋ်ဆိုတာ နောက်ဘဝ မကူးပါဘူး …. တူသော အကျိုးပေး ပါတယ် ….

စေတနာကောင်းရင် … ကံကောင်းပါတယ် … စေတနာ မှန်ကန်နိုင်ကြပါစေ …

စတုတ္ထအကြိမ် ပြန်လည်ထုတ်ဝေထားတဲ့ "အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ" စာအုပ်ထဲက စာစုတစ်ခုပါ

Photo Credit - သုတအိမ်

#aungkou
#အားရှိတဲ့အချိန်မှာခုန်လိုက်ပါ
#booksofaungkou
#repost

Post a Comment

أحدث أقدم

Comments