သက်မဲ့ပစ္စည်းဖြစ်ဖြစ်, သူစိမ်းတွေကိုပဲဖြစ်ဖြစ်
ဘယ်အရာအပေါ်မှာမှ လိုတာထက်
သံယောဇဉ်မပိုမိပါစေနဲ့။
လိုတာထက်ပိုပြီး
သံယောဇဉ်ထားမိတဲ့အခါ
ပူလောင်ရမှာက ကိုယ်ကိုတိုင်ပဲ။
မတည်မြဲတဲ့လောကကြီးမှာ
သူစိမ်းတွေက မင်းဘဝထဲကို
ဝင်လာလိုက်
ထွက်သွားလိုက်နဲ့
မင်းဘက်က
သံယောဇဉ်တွယ်ငြိမိရင်
မင်းဘဝထဲကို သူတို့ထွက်သွားချိန်မှာ
သံယောဇဉ်ပိုမိတဲ့မင်းကပဲ နာကျင်ရလိမ့်မယ်။
အရာရာတိုင်းဟာ ဧည့်သည်ဆန်တယ်
မင်းကလည်း လောကကြီးကို
ခဏတာအလည်လာတဲ့
ဧည့်သည် တစ်ယောက်ပါပဲ။
ဧည့်သည်ဆန်တဲ့လူ့ဘဝမှာ
အရောင်ပြောင်းတတ်တဲ့ တိမ်စိုင်တွေအပေါ်
လိုတာထက် သံယောဇဉ်မပိုမိပါစေနဲ့။
မင်းဘဝထဲကို ဝင်လာချင်တဲ့လူတွေကို
ဝင်လာခွင့်ပြုပြီး
ထွက်သွားချင်တဲ့လူတွေကို
ထွက်သွားခွင့်ပေးလိုက်ပါ။
တစ်ယောက်တည်း
အနှောင်အဖွဲ့ကင်းကင်းနဲ့
ရှင်သန်နေတာက
မင်းဘက်ဝအတွက် ပိုပြီအေးချမ်းပါတယ်။
credit-ဖားစည်ရည်ကျော်
❤❤
#winchomyanmar

إرسال تعليق