သင်ဟာ ပိုက်ဆံရှာနေသူတစ်ယောက်လား ဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့သူ တစ်ယောက်လား

သင်ဟာ ပိုက်ဆံရှာနေသူတစ်ယောက်လား
ဒါမှမဟုတ် 
ကြီးပွားချမ်းသာချင်တဲ့သူ တစ်ယောက်လား


"ဟုတ်တယ်" ဆို ဒီစာက သင့်အတွက်ပါ

အရင်ခေတ်ကတော့ အိမ်တစ်အိမ်မှာ ယောက်ျားလုပ်သူ သို့ ဖခင် တစ်ယောက်ငွေရှာရင် တမိသားစုလုံးစားလောက်ပါတယ်

အခုတော့ ခေတ်စနစ်တွေပြောင်းလဲတာနဲ့အမျှ တစ်ယောက်ထဲရှာနေယုံနဲ့ သိပ်အဆင်မပြေတော့ပါ

လူတိုင်းနီးပါး လိုလိုငွေရှာနေရပါတယ် 

ဒါဆိူ ငွေ ကိုဘယ်လိုပုံစံရှာမလဲ ? 
ကိုယ်ဘယ်လိုပိုက်ဆံရှာနေလဲ ?

 " ESBI  " 

ဒါကတော့ အမေရိကန်သန်ြး်းကြွယ်သူဌေး ရောဘတ်ကီယိုဆာကီ (Robert.T.Kiyosaki) က ရိုးရှင်းအောင်ဖော်ပြထားပါတယ်

E - employee ( ဝန်ထမ်း )
ဒီနေရာမှာ လခစားဝန်ထမ်း နေ့စားအလုပ်သမား အစိုးရဝန်ထမ်း ပုဂ္ဂိလ ဝန်ထမ်း စသည့် တစ်မျိုးမျိုး နဲ့ငွေရှာနေသူတွေပါ  

'အားသာချက်'တော့ လစဉ် သို့ နေ့စဉ် သတ်မှတ်ထားတဲ့ ဝင်ငွေကို ပုံမှန်ရနေသူတွေပါ
ကိုယ်ကအလုပ်မှာ ခိုတယ် ပဲထား လကုန်ရင်တော့ငွေရပါတယ်(အဆင်ပြေနေသ၍)
မနက်ရုံးသွားညနေရုံးဆင်း  ပုံမှန်လုပ်နေရသူတွေပေါ့
'အားနည်းချက်' ကတော့ ဝင်ငွေကို အကန့်အသတ်နဲ့ရနေခြင်း ကိုယ်အလုပ်ဝင်မှ ဝင်ငွေရပြီး အလုပ်မလုပ်နိုင်တဲ့အခါဝင်ငွေပြတ်တောက်သွားနိုင်ခြင်းပါ

သင်ဟာဝန်ထမ်းတစ်ယောက်လား? 
ဥပမာ သင်ဟာ တလကို ၂ သိန်း  ရတဲ့လခစားဝန်ထမ်းဆိုပါစို့ သင့်မှာသာ" အိမ် " လေးတလုံးဝယ်မယ်ဆိုနဲ့ရည်မှန်းချက်ရှိထားတယ် ဆိုပါစို့ 
တလကို ၂ သိန်းဝင်တဲ့သင်ဟာ ငွေဘယ်လောက်စုနိုင်မယ်ထင်ပါသလဲ? 
၅၀၀၀၀ အထိ စုနိုင်မယ်ထား 
၁ လ ၅၀၀၀၀
၁ နှစ် ၆သိန်း
၁၀ နှစ် သိန်း ၆၀ 
နှစ် ၂၀  သိန်း ၁၂၀
နှစ် ၃၀    သိန်း ၁၈၀

သိန်း၁၈၀ဆိုတာ အိမ်တန်ကြေးနဲ့ ယှဉ်ရင် သိပ်တော့အဆင်မပြေနိုင်သေးပါ 
အဆင်ပြေတယ်ပဲထား သင့် အသက်ကိုနှစ် ၃၀ ပေါင်းကြည့်ပါ 
ဘယ်လောက်ရောက်ပြီလဲ ?

အကြံပြုချက် -တဖြေးဖြေးဝင်ငွေတိုးသွားအောင်အလုပ်ကြိုးစားဖို့အကြံပြုပါရစေ

သင်ကော ငွေကိုဒီလိုမျိုးတွက်ချက်ဖူးပါသလား?
ငွေကောစုဖြစ်လား?

S - Small Business Owner သို့ Self-Employee

ဒါကတော့ ကိုယ်ထူကိုယ်ထတနိုင်တပိုင် စီးပွားရှာတာမျိုးပါ သူတို့အတွက်အလုပ်ချိန်ဆိုတာအတိအကျမရှိပါ 
လိုအပ်သလိုအလုပ်လုပ်ရပါတယ်
ဥပမာ အထည်ဆိုင်ဖွင့်တာ/စားသောက်ဆိုင်လေးဖွင့်တာ/ တက္ကစီဆွဲတာ ကွမ်းယာဆိုင် ဖွင့်တာက အစ ပါပါတယ်
ဒီလိုနည်းနဲ့ငွေရှာသူတွေပေါ့
အားသာချက်ကတော့ ကိုယ့်ဝင်ငွေဟာကိုယ်ရှာနိုင်သလောက်ရပါတယ် 
တက္ကစီဆွဲတာ နေ့ကောညပါဆွဲလို့ရသလို
ဆိုင်ကိုလဲ ၂၄နာရီဖွင့်သည်အထိရှာလို့ရပါတယ်
အားနည်းချက်တော့ ဝင်ငွေအတည်တကျမရှိပါ
နည်းလိုက်များလိုက်
အလုပ်ပေါ်လိုက်ပျောက်လိုက်
အရောင်းအဝယ်ဖြစ်လိုက်မဖြစ်လိုက် နဲ့
စိတ်ဖိစီးမှု ဆိုတာဖြစ်တတ်ပါတယ်
အလုပ်အရမ်းဖိလုပ်လွန်းလျှင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်

အတတ်နိုင်ဆုံးလုပ်ငန်းကို System ချပါ 
နည်းစနစ်တကျဖြစ်အောင်ကြိုးစားပါ
အရာရာတိုင်းကိုယ်ကချည်း လိုက်လုပ်နေရရင် ရေရှည်အတွက်အဆင်မပြေဘူးဆိုတာသတိရပါ 
 
အကြံပြုချက် -မိမိလုပ်ငန်းအတွက် ကိုယ်မပါပဲ လည်ပတ်နိုင်အောင်နည်းစနစ်ချပါ

သင့်အနေနဲ့ငွေဘယ်လောက်ရှာနိုင်တယ်ဆိုတာထက် ငွေကိုဘယ်လောက်ကျန်အောင်လုပ်နိုင်ပါသလဲ အာရုံစိုက်ပါ
 ငွေကိုဘယ်လိုစီမံခန့်ခွဲနေပါသလဲ?

B- Big Business Owner သို့ Business Owner

သူတို့ကတော့ သူဌေးကြီးတွေပေါ့ လုပ်ငန်းအကြီးကြီးတွေရဲ့ ပိုင်ရှင်မျိုးတွေပေါ့
အလုပ်လုပ်တဲ့ပုံစံက နည်းစနစ်တခုကို တည်ဆောက်ပြီး လူတွေကိုနည်းစနစ်တွေနဲ့အလုပ်ခိုင်းစေပြီးအလုပ်လုပ်ခြင်းပါ
ဥပမာပြရ ရင် ကမ္ဘောဇဘဏ် ဟာ ဘဏ်ခွဲပေါင်း ၅၀၀ကျော်ထိရှိပါတယ်
ပိုင်ရှင်က  ဦးအောင်ကိုဝင်းခေါ်ဆရာကျောင်း ပါ
သူအနေ့နဲ့ဘဏ်တွေမှာသူအလုပ်လုပ်နေတာမြင်ဖူးပါသလား?
City Mart ဆိုတဲ့Supermarket က ဒေါ်ဝင်းဝင်းတင့် ပိုင် ပါတယ် 
သူ City Mart မှာ အလုပ်လုပ်နေတာကောမြင်ဖူးပါသလား
ဒါကသူတို့ငွေရှာတဲ့ပုံစံပါ

System ဆိုတဲ့ နည်းစနစ်နဲ့ငွေရှာသူတွေပါ

ဒါတွေကတော့ Business Owner တွေပေါ့

အားသာချက်ကတော့ ဝင်ငွေဆိုတာ အမြောက်အများဝင်ပါတယ်
အားနည်းချက်ကတော့ လုပ်ငန်းsize ကကြီးတဲ့အတွက် တာဝန်ယူမှုတာဝန်ခံမှုကြီးပါတယ်
ပြသနာဖြစ်ရင်လဲအကြီးကြီးဖြစ်တတ်လို့အကြီးကြီးဖြေရှင်းရပါတယ်

အကြံပြုချက် - လုပ်ငန်းချဲ့သင့်တဲ့အချိန်ချဲ့ပါ
    လူတော်လူကောင်းတွေကို ကိုယ့်အဖွဲ့အစည်းထဲမှာ များနိုင်သမျှများအောင်တည်ဆောက်ပါ

I- Investor (ရင်းနှီးမြုပ်နှံသူ)

သူတို့ရဲ့ငွေရှာပုံကတော့ ငွေကိုငွေနဲ့ပြန်ရှာခြင်းပါ
ငွေကိုခိုင်းပြီးငွေရှာခြင်းပါ
ဘယ်လိုရှာလဲဆိုတော့ အလွယ်ဆုံးကတော့ဘဏ်မှာ ပိုက်ဆံအပ်ပြီး အတိုးစားသလိုမျိုး
နောက်ပြီး Company (ကုမ္ပဏီ) တွေရဲ့ share(ရှယ်ယာ)ဝယ်ခြင်း  
သို့မဟုတ် ရှယ်ယာထည့်ဝင်ခြင်းမျိုးနဲ့ငွေရှာခြင်းပါ

အားသာချက်ကတော့ ကိုယ့်အတွက်ငွေက အလုပ်လုပ်ပေးနေခြင်းပါ
အားနည်းချက်ကတော့ ကိုယ်ထည့်ဝင်လိုက်တဲ့ ရှယ်ယာ ဆုံးရှုံးသွားနိုင်ပါတယ်
ရှယ်ယာဝယ်ထားရင်လဲ တန်ဖိုးကျသွားနိုင်ပါတယ်

အကြံပြုချက် - သင့် ငွေကိုသေချာဂရုစိုက်ပြီးရင်းနှီးမြုပ်နှံပါ
လောဘနောက်မလိုက်ပါနဲ့
စိတ်ခံစားချက် (Emotion )ကိုဦးစားမပေးပါနဲ့

ဒါကတော့ ESBI လို့ခေါ်တဲ့ငွေရှာနည်းပါ

သင့်အနေနဲ့ 
E ခေါ် ဝန်ထမ်းအနေနဲ့ငွေရှာနေလား
S ခေါ် တနိုင်တပိုင်လုပ်ငန်းလုပ်ပြီးငွေရှာနေလား
B ခေါ် Company ပိုင်ရှင်ကြီးအနေနဲ့ငွေရှာနေလား
I ခေါ် ငွေရင်းနှီးမြုပ်နှံပြီးငွေရှာနေလား

Comment ရေးခဲ့ပါ

စာအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါခင်မျာ

သင့်မိတ်ဆွေတွေကိုလဲ ဖတ်လို့ရအောင် share လုပ်ပေးပါအုန်း

#ငွေဘယ်လိုရှာမလဲ
#ငွေရှာနည်း

✅ကမ္ဘာ့ရွှေသင်တန်းတစ်ခုကိုတက်ရောက်ဖို့  လမ်းညွန်ပေးချင်ပါတယ်ခင်ဗျာ😊😊😊

Post a Comment

Previous Post Next Post

Comments