#ငွေရှာနည်း လျှို့ဝှက်ချက်များ
Step 1 (Dream & Burning desire)
ဘာအလုပ် စလုပ်လုပ် အိမ်မက်ရှိရမယ်။
တော်တော်များများ က အိမ်မက်ကို ဝင်ငွေအပေါ်မူတည်ပြီး မက်ကြတယ်။
တချို့က အိမ်မက်ကို မရှိကြဘူး ။
အတွေးကို ပြောင်းပြန်တွေးလိုက်ပါ။
ဝင်ငွေ အပေါ်မူတည်ပြီး အိမ်မက် မမက်ဘဲ
အိမ်မက်အပေါ်မူတည်ပြီး ဝင်ငွေများအောင်လုပ်ရမယ်။
နောက်တခုက အိမ်မက်ပဲရှိလို့မရဘူး။
ပြင်းပြတဲ့စိတ်ဆန္ဒရှိပါစေ ။
Step 2
ကိုယ့် goal ကို စဉ်းစားလိုက်တိုင်း ပျော်ရွှင်ပါစေ။
ဒါမှလည်း ပိုလုပ်ချင်စိတ်များပြီး satisfied ဖြစ်ပါလိမ့်မယ်။
Step3
ပြသာနာဆိုပါက ချရေးလိုက်ပါ။အဖြေရှာပါ။
ငွေနဲ့ဖြေရှင်းရတဲ့ဟာကို ပြသာနာမခေါ်ဘူး
ပြသာနာဆိုတာ ကိုကပြသာနာလို့ မသက်မှတ်ရင် ပြသာနာမဟုပ်ဘူး။
ရွေးချယ်တက်ဖို့ ၊ အခွင့်ရေးအဖြစ်မြင်
ကပ်ကြီးဆိုက်လေ လာပ်ကြီးတိုက်လေ
Step 4
အကောင်းမြင်စကားများများပြောပါ။
ကိုယ်ပြောတဲ့စကားက ကိုယ့်ကိုဆုံးဖြတ်ပေးသည်။
"ဒီနေ့တော့ကံမကောင်းဘူးကွာ"
"ဒီနေ့အဆူခံရပြန်ပြီ"
"အဆင်မပြေလိုက်တာကွာ"
မိတ်ဆွေရော?
ဘယ်လိုငြီးတတ်လဲ?
အောင်မြင်တဲ့သူတွေက အပြုသဘော ဆောင်တဲ့စကားပဲပြောတယ်။
ဘာလို့လဲဆိုတော့ စကားလုံးတွေမှာ စွမ်းအားတွေရှိလို့ပါ။
တစုံတယောက်က အဆင်ပြေလားမေးရင် အကောင်းဆုံး အဆင်ပြေပါတယ် ၊ အခြေအနေကောင်းပါတယ် အစရှိတာတွေပဲ ဖြေပါ။
Step 5
ဖြစ်ချင်တာကို ခဏခဏစဉ်းစားပါ။
ကိုယ့်အိမ်မက်အကြောင်းကို ကိုယ့်ဟာကို ပြန် remind လုပ်ပါ ။
စဉ်းစားတိုင်းလည်းပျော်ရွှင်ပါစေ။
Step 6
စာအုပ်တွေဖတ်ပါ။
Leaders are always readers.
နောက်တခုက facebook ပေါ်က အဆိုးမြင်စာတွေကို လုံးဝမဖတ်ပါနဲ့။ သရောစာတွေ၊ ပျက်လုံးတွေ၊ negative စာပေတွေကို ရှောင်ပါ။ အဆိုးတွေဖတ်ပြီး အဆိုးတွေ တွေးရင် အဆိုးတွေရပါလိမ့်မယ်။
အတွေးအခေါ်တွေမှန်အောင်တွေးပါ။ မှားနေရင် ဘယ်လိုပြင်မလဲ?
စာဖတ်ပါ။ စိတ်ဓာတ်ခွန်အား ရမဲ့စာတွေ များများဖတ်ပါ။
Step 7
ပညာပေး video file တွေ ၊ စာပေဟောပြောပွဲ ခွေတွေတနေ့တခု ကြည့်ပါ။ အကောင်းတွေသာ ပတ်ဝန်းကျင်မှာ ဝန်းရံနေပါစေ။
Step 8
Seminar တွေ ၊ ဟောပြောပွဲတွေ ခဏခဏ တက်ရောက်ပါ။
အဲလိုတက်ရောက်ခြင်းဖြင့် အကောင်းမြင်စိတ်လေး ၊ ကောင်းတဲ့အတွေးလေး ရရှိနိုင်ပါမယ်။
အဲလိုပတ်ဝန်းကျင် ရဲ့ အကောင်းမြင်မူ ရိုက်ခတ် တဲ့ ကြိမ်နှုန်းက အရမ်းများရင် တနေ့တာလုပ်ရှားနေတဲ့ စိတ်အတွေးအခေါ် ကြိမ်နှုန်းတွေပါ လိုက်ပြီး ပြောင်းလဲသွားပါလိမ့်မယ်။
Step 9
သူများအောင်မြင်မှုကိုချီးကျူးပါ။
ကိုယ့်ချီးကျူးသံကြောင့် သူတို့မှာ ပြောင်းလဲမှုတွေအများကြီးဖြစ်လာနိုင်ပါတယ်။ပိုကြိုးစားလာနိုင်ပါတယ်။ဒါကြောင့် အောင်မြင်သူတယောက်ကို တွေ့တာနဲ့ ဝမ်းမြှောက်ဝမ်းသာအသိအမှတ်ပြုပေးဖို့လိုပါတယ်။
ကိုယ်ရဲ့ အသိအမှတ်ပြုတဲ့ တုန်ခါမှုလှိုင်းက
အခြားတယောက်ဆီ ကူးစက်သွားနိုင်ပါတယ်။
ကူးစက်သွားတဲ့သူလည်း အကောင်းမြင်လှိုင်းရသလို ပို့လွှတ်လိုက်တဲ့ သူကိုယ်တိုင်လည်း အဲအတိုင်းပြန်လည်ရရှိပါတယ်။ အမြင့်ကိုဆွဲခေါ်မဲ့သူငယ်ချင်းမျိုးလိုပါတယ်။
Step 10
စိတ်ဓာတ်အဆင့်အတန်း မြင့်သူ ၊ ဝင်ငွေမြင့်မားသူ ၊ အိမ်မက်ကြီးသူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့လိုပါတယ်။
ကိုယ့်ကို ကိုယ်ရဲ့ အိမ်မက်တွေကို
"ခင်ဗျား လုပ်နိုင်မယ်" လို့ ပြောတဲ့ သူငယ်ချင်းတွေ
မိမိလိုပဲ အိမ်မက်ကြီးတဲ့ မိတ်ဆွေ အနားပဲနေပါ။
#Credit_

Post a Comment