ငွေရှာနည်း ၊ ငွေစုနည်း “

#ငွေရှာနည်း ၊ ငွေစုနည်း “


✅ငွေစုရတာဟာ ငွေရှာရတာထက်ပိုခက်ပါတယ် … ငွေစုရတာဟာ ပညာပါပဲ …

✅ မိမိငွေကို သူများလက်ထဲဘယ်တော့မှ မထားပါနဲ့ …

✅ ချမ်းသာချင်ရင် စုဗူးနဲ့စုပါ … သောကရောက်ချင်ရင် “ စုမဲ “ စုပါ … 

✅ စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ … လူတန်းစေ့မနေနိုင်ခင် … လူတန်းစေ့မစားချငိပါနဲ့ … အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ … 

✅ ထမင်းနှပ်မှန်စားရဖို့ ကြိုးစားနေတဲ့ချိန် … အလှကုန်တွေသုံးဖို့ မစဉ်းစားပါနဲ့ … လူတစ်ယောက်အသက်ရှင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ ( စား ၊ ဝတ် ၊ နေ ) ရေးပဲ ပါပါတယ် …. 

✅ အိပ်တယ်ဆိုတာ သေခြင်းတစ်မျိုးပါပဲ … အသက်(၆၀) မှာ သေသွားရင် သင်တကယ်အသက်ရှင်တာ အသက်(၄၀) ပဲရှိပါတယ် သင့်အသက်ရှင်အချိန်ရဲ့ (၃)ပုံ (၁)ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ်ဆိုတာ သတိထားမိပြီလား … 

✅ သူများ မနေနိုင်သလို နေနိုင်ချင်ရင် သူများမစားရသလို စားရချင်ရင် … သူများအိပ်နေတဲ့အချိန် သင်အိပ်နေသမျှတော့ … သူများနဲ့ တန်းတူပဲ ဖြစ်နေအုံးမှာပါပဲ … 

✅ သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့ …ကိုယ်လမ်းကိုဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ … ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ …

✅ ကိုယ်ဖောက်ထားတဲ့လမ်းကို သူများလျှောက်တဲ့ခါ ရန်မလုပ်ပါနဲ့ အရှက်မခွဲပါနဲ့ ဒါဟာ ဂုဏ်ယူစရာဆိုတာ သိထားပါ … 

✅ စိတ်ဓာတ်ကို မြင့်မြင့်မားမားထားပါ … စိတ်ထားဆိုတာ “ မြင့်မှမြတ် “ တာပါ …

✅ ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် “ စေတနာ” လေးထားပြီးလုပ် … အကျိုးအမြတ်ကိုရှေ့တန်းတင်နေသမျှ သင်ဘယိတော့မှ မကြီးပွါးဘူးဆို စိတ်ချ …

✅ သူများခိုင်းတာမခံချင်ရင် မိမိကိုယ်ကိုခိုင်းပါ … ခိုင်းမှလုပ်တာ “ကျွန်” စိတ် … မခိုင်းဘဲလုပ်တာ “ သခင် “ စိတ် …

✅ ထောင်မြင်ရင် ရာစွန့်ရမယ် … အသေးဖွဲ့ကိစ္စလေးတွေကြောင့် စိတ်သောကအရောက်မခံနဲ့ အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ … 

✅ အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့ ….

✅ ကားက ဘာနဲ့သွားသွား လိုရာခရီးရောက်ရင်ပြီးတာပါပဲ … ( လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါနဲ့ )  

✅ နေစရာရှိရင် စားဖို့ပူစရာမလိုဘူး “လူမသေငွေမရှားပါ “

✅ ကိုယ်ပိုင်ကားမစီးနိုင်သေးခင် … IPhone ဝယ်မကိုင်ချင်ပါနဲ့ …

✅ I phone မကိုင်နိုင်တာ ရှက်စရာမဟုတ်ပါဘူး … I Phone ကြီးကိုင်ပြီး Taxi စီး မှာလား ? 

✅ “ ရတနာ” မစုဆောင်းနိုင်ခင်မှာ Branded တွေ မကိုင်ချင်ပါနဲ့ … 

✅ “ ရတနာ “ ဆိုတာ “ ရှိ တန်ဆာ “ “ မရှိ ဝမ်းဆာ “ အချိန်မရွေး ငွေ ဖော်ရလွယ်တယ်ဆိုတာ မမေ့ပါနဲ့ …

✅ မိဘကို လက်ဝတ်ရတနာ မဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့ … 
( သိပ်ကို ရှက်စရာကောင်းပါတယ် ) 

✅ လူအထင်ကြီး ခံရဖို့ အပင်ပန်းခံမကြိုးစားပါနဲ့ … 
( ကိုယ့်မရှိရင် ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး ) 

✅လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက်စမ်းပါ … 

👉လက်ညှိုးထိုးတာ သူ့အလုပ် 

👍လက်မထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ်

💪သင့်မှာအချိန်များကြီးရှိပါသေးတယ်( နောက်ဆုံးချိန်ထိ ကြိုးစားခွင့်ရှိတယ် ) … 

🤝 မိတ်ဆွေ အကောင်းဆုံးချိန်ဆိုတာ  “ဒီအချိန်” ပါပဲ ချက်ချင်း ပြောင်းလဲလိုက်ပါ …
#Crd Ya Tu Fashion Design School

Post a Comment

Previous Post Next Post

Comments