ကိုယ် ....ပျော်ရွှင်ဖို့ ကိုယ် ....စိတ်ချမ်းသာဖို့ဆိုရင် လူတွေရဲ့ အထင်အမြင် ၊ အယူအဆနဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်တတ်ဘူး ။

ကိုယ် ....ပျော်ရွှင်ဖို့
ကိုယ် ....စိတ်ချမ်းသာဖို့ဆိုရင်
လူတွေရဲ့ အထင်အမြင် ၊ အယူအဆနဲ့ ဝေဖန်မှုတွေကို
ဂရုမစိုက်တတ်ဘူး ။


ဒါပေမယ့်

ကိုယ်ပျော်နေရတဲ့ အကြောင်းအရာတွေထဲမှာ...

သူများရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေပြီးမှ
ပျော်တာ မပါဘူး ။

သူများအားနည်းချက်ကို နင်းချေပြီးမှ ပျော်တာ မပါဘူး ။

သူများကို ဒုက္ခပေးပြီးမှ ပျော်တာ မပါဘူး ။

သူများဘဝကို ဖျက်စီးပြီးမှ ပျော်တာ မပါဘူး ။

ကိုယ့်ရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုတွေထဲမှာ
သူများရဲ့ စိတ်ဆင်းရဲမှုတွေ မပါဝင်ခဲ့ရင် ပိုပြီးကောင်းပါတယ် ။

မနောသီရိ

Post a Comment

Previous Post Next Post

Comments