ဓားသွားလိုမိန်းမ
~~~~~~~~~~~~
ကျမလားကြုံဖူးတာပေါ့..ခေါင်းအုံးကိုဖတ် အသံ
တိတ်ငိုခဲ့ရတဲ့နေ့တွေ
ကျမလားကြုံဖူးတာပေါ့ နှုတ်ခမ်းပေါက်တဲ့ထိ
ကိုက်ပီး အံကိုကြိတ်မြိုသိပ်ခဲ့ရတဲ့ ..
ဒေါသတွေ
ကျမလားကြုံဖူးတာပေါ့ တောက်တစ်ခေါက်
ခေါက်နဲ့ မစဉ်းစားပဲမနေနိုင်လောက်အောင်
လူပါးဝခံရတာတွေ ...
ကျမလားကြုံဖူးတာပေါ့ တစ်ညလုံး တစ်ရှုံရှုံနဲ့
ဘယ်သူမှမသိအောင် ကြိတ်ငိုခဲ့ရတာတွေ
ကျမလားကြုံဖူးတာပေါ့ တစ်ပတ်လောက် မအိပ်
နိုင်အောင် သေလောက်တဲ့ Stress တွေ
ကျမလားကြုံဖူးတာပေါ့ ဒီဟာမ ဘာမှဖြစ်လာမှာ
မဟုတ်ပါဘူးဆိုတဲ့ အထင်သေးတဲ့မျက်လုံးတွေ
ကျမလားကြုံဖူးတာပေါ့ ဘယ်ကဘယ်လိုစရှင်းရ
မှန်းမသိတဲ့ ပြဿနာတွေ
ကျမလားကြုံဖူးတာပေါ့ အရာအားလုံး ဆုံးရှုံးသွား
လို့ အသက်မဆက်ချင်တော့တဲ့နေ့တွေ
ကျမလားကြုံဖူးတာပေါ့ ငါ့ကျမှဒီလောက်ကံဆိုးရ
တာလဲဆိုပီး မုန်းတီးခဲ့ရတဲ့ ကံကြမ္မာတွေ
ကျမလားကြုံဖူးတာပေါ့ ရှင်တို့ကြုံနေသလို ဆိုးလှ
ပါတယ်ဆိုတဲ့ အရာအားလုံး ကို
ဒါပေမယ့်..ကျမက လောကဓံ
ကိုချစ်တယ် ...
ဘာလို့လဲဆိုတော့ လောကဓံ တစ်ခါကြုံပီးတိုင်း
ကျမပိုပိုတော်လာတယ် ပိုပိုထက်မြတ်လာတယ်
ပိုပိုသန်မာလာတယ် ဒီနေ့ရှုံးနိမ့်ခြင်းဟာ
မနက်ဖြန် အောင်မြင်ဖို့ သင်ခန်းစာ ကောင်းပါပဲ
ကျမတို့ဟာ မိန်းကလေး ဒါပေမယ့် အားနွဲ့တဲ့
မ်ိန်းမသားတော့ မဟုတ်ဘူး ..
ဓားတစ်ချောင်းလို ထက်နေတဲ့ မိန်းမတွေ
ဖြစ်နေရမယ် .....
ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ
#လေးစားစွာဖြင့်
ပန်းပျိုးလက်
နှလုံးသားအဟာရဖြစ်စေမည့်စာစုလေးများ

Post a Comment