အူလမ်းကြောင်း ကြိုတင်ရှင်းလင်းခြင်း

အူလမ်းကြောင်း ကြိုတင်ရှင်းလင်းခြင်း


ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာအညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။အညစ်အကျေးတွေကအစဉ်အမြဲရှိနေတတ်တော့အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။
                 လူတွေရဲ့အူဟာအမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။အစားအသောက်တွေကနေရလာတဲ့အာဟာရရည်ကိုအူတွေကနေစုပ်ယူပြီးသွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။.
             ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊အူမသန့်ရင်သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။အူတွေကိုသန့်ရှင်းပေးတော့မှအဆိပ်တောက်ကင်းတဲ့သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။သွေးသန့်ရင်ရောဂါကင်းမယ်၊သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက်အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။
              အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစိုက်ရတဲ့အညွန့်အရွက်တွေစားပေးရုံပါပဲ။ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့အညွန့်အရွက်တွေမှာအမွှေးအမျှင်လေးတွေပါပါတယ်။အဲဒီ့အရွက်အညွန့်တွေဟာမျက်နှာသုတ်ပဝါမှာပါတဲ့အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင်စင်ကြယ်သွားပါတယ်။.
            အဲဒီအမွှေးအမျှင်ပါတဲ့အညွန့်အရွက်တွေကိုကြော်ပြီးစားပါ။အစာလမ်းကြောင်းတစ်လျှောက်ကအညစ်အကျေးတွေကိုပြောင်အောင်သုတ်သင်ပေးသွားပါလိမ့်မယ်။အစာလမ်းကြောင်းတစ်ခုလုံးသန့်ရှင်းနေတော့အာဟာရကနေရတဲ့ရသရည်ကလည်းသန့်ရှင်းပြီးသွေးကလည်းသန့်တော့တာပေါ့။အဲဒီ့အပြင်အူတွေထဲမှာအညစ်အကျေးချိုးကပ်မှုတွေများလို့ဗိုက်ပူနေတဲ့သူတွေလည်းတဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။အနာရောဂါကင်းကင်းနဲ့အသက်ရှည်ရှည်နေနိုင်တဲ့နည်းကောင်းတစ်ခုပါပဲ။
            ချစ်ခင်လေးစားလျှက်.....

Credit: ::::
ကျန်းမာရေးနင့်ကပတ်သက်သော ဗဟုသုတများကို နေ့စဥ်တင်ပေးသည်ဖြစ်၍ Page ကို like and follow လေးလုပ်ပေးထားပါနော် 🙏🙏🙏....

Post a Comment

أحدث أقدم

Comments