လေ့လာမှတ်သားအသုံးဝင်_ဆေးနည်းတိုများ
ကျန်းမာရေးအတွက်သိမ်းထားပါ။
၁ - #ချွေးထွက် များ
ချွေးထွက်များလျှင် အငန် အစပ် လျော့စားပါ - မျက်နှာ ချွေးထွက်များလျှင် မိတ်ကပ်
မလိမ်းပါနှင့် - သနပ်ခါးအမြစ်ကို သံပုရာရည်နဲ့ ရောသွေးလိမ်းပါ - နေ့ မလိမ်းဖြစ်လျင် ညဖက်လိမ်း အိပ်ပါ ။
မျက်နာသစ်လျှင် မျက်နှာသစ်ဆေးတွင်ဆားအနည်းငယ်ရောထည့်ပြီး သစ်ပါ။
ရှားစောင်းလက်ပတ် အနှစ်နဲ့ မျက်နှာကို ပွတ်လိမ်းပေးပါ။
၂ - #တင်းတိတ်
အရက် ဘီယာ လှော်စာများ မတည့်ပါ . ထန်းရည် မတည့်သည့်အပြင် ထန်းလျက်နဲ့
တောင် မတည့်ပါ - ထန်းလျက်က သံဓာတ်များလို့ တင်းတိတ်ကို ပိုမည်းစေတယ် ။
တင်းတိတ်ထွက်လျှင် ရှားစောင်းလက်ပတ်အနှစ်ကို ပျားရည်နဲ့ရောခေါက် မျက်နှာမှာ
လိမ်းထား ခဏကြာမျက်နှာသစ်ပြီး သနပ်ခါးကို သံပုရာရည်နဲ့ ရော သွေးလိမ်းပါ။
၃ - #ရင်ကျပ်ဖြစ်နေပြီး ဇက်တောင့် မူးဝေလျှင်
မုန်ညင်းဆီထဲ ကွမ်းရွက်ချေထည့်ပြီူ မီးနဲ့ချက်ပါ - ရင်ဘတ်နဲ့ ဇက်မှာလိမ်းပါ
စပါးလင် အမြစ်ကိုထောင်း အရည်ညှစ် ၁ ဇွန်း တိုက်ပေးပါ -
အချိုမုန့် အချိုရည်များ မစားရ မသောက်ရပါ။
၄ -#ပါးစပ် (အာခံတွင်း)နံခြင်း
လေးညှင်းပွင့်ဝါးပေးပါ - တမာရွက်နဲ့ ဆားပြုတ်ရည် ငုံပေးပါ -
ည အိပ်ခါနီး မန်ကျည်းမှည့်ဖျော်ရည်ထဲ ဆားခါး ၁ဇွန်း ထည့်ဖျော်သောက်ပါက အပုပ် ကင်းစင်စေပါတယ်။
ဂုံခါးအမူန့်ကို ထမင်းစားပြီးတိုင်း အနည်းငယ် လျက်ပေးပါက ခံတွင်းပုပ်အနံ့သက်
သာစေတယ် - ရှောက်ရည်နဲ့ ပျားရည် ရောစပ်ဖျော်ပြီး လျက်ပေးပါက ခံတွင်းနံ့
ကောင်းစေသည် ။
ဆီးဖြူသီးကိုဝါးပြီးငုံထားပါက ခံတွင်းအနံ့ကောင်းစေသည် - မက်လေချဉ်လျက်ဆား
လျက်ပေးပါက ခံတွင်းပုပ်စော်နံခြင်း သက်သာစေသည် -
လိမ္မော်သီးအခွံကို လျက်ဆားဖြင့်တို့၍ စားပါက ခံတွင်းပုပ်ရောဂါ သက်သာစေသည်။
၅ - #အသက် ၆၀ ကျော် ဆီး ဝမ်းမထိန်းနိုင်လျှင်
ထောပတ်ထမင်း ချက်စားပါ (သို့ )ထမင်းပူပူကိုထောပတ်နဲ့နယ် ငါးကြော် ( သို့ )
အသားကြော်နဲ့ စားပါ။
ကောက်ညှင်း ငချိတ်ပေါင်းကို နှမ်းဆီရွဲရွဲနဲ့ နယ်စားရင်လည်း ချုပ်စေတယ်လို့ ဆရာကြီး
များက ဓာတ်စာ ပေးပါတယ်။
ဟင်းရည်သောက်ခြင်း ရေစိမ်း ရေအေး သောက်ခြင်းကို ရှောင်ပါ လုံးဝ မသောက်ပါနဲ့
ရေနွေးကြမ်း အဖန်ရည်သောက်ပါ -
မြင်းခွာ နွယ်ပင်ကို ထန်းလျက်နဲ့ ကျိုသောက်ရင်လည်း ဝမ်းထိန်းပါတယ်။
၆ - #အသားအရမ်းယားခြင်း
ကွကျသှနျု မီးဖုတ်စားပါ ဥသေးဆို ၂ လုံး - ဥ ၁ လုံးဆိုရင် ၇ ခု သို့မဟုတ် ၉ ဥ စားပါ
တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပါ - ကရမက်နဲ့ဆားသွေးလိမ်းပါ ။
ယားယံခြင်းက လေကင်း (နရသုခိ) မှတ်ရာ လေစာရှောင်ပါ - ဥပမာ ..
မျှစ် မျှစ်ချဉ် ကုလားပဲ မိူ. ကိုက်လန်. ပန်းဂေါ်ဖီ ကြောင်လျှာသီး ကြက်ဟင်းခါးသီး.
ဝက်သား. ပင်လယ်စာ. အုန်းထမင်း. ဒံပေါက် လက်ဖက်ချဉ်စပ်. ရေခဲရေ ရေခဲရိုက်
အစားအစာများ ကောက်ညှင်း ကောက်ညှင်းနဲ့လုပ်သောမုန့်များ ရှောင်ပါ။
နေရောင်ခြည်မရသောနေရာတွင်နေလျှင် ပိုယားတတ်ပါသည်။ နေမထွက်လျှင်
အင်ဖက် မီးလူံဟု ရှေးလူကြီးများက ပြောပါသည်။
၇ - #မျက်စိနာ မျက်လုံးဖူးရောင်ခြင်း
ကျားမနိုင် နွယ်မြစ် သွေးလူးပါ - မန်ကျည်းပင်အခေါက် ကိုသွေးလိမ်းပါ - ရှားစောင်း
လက်ပပ်ကပ်ပေးရင်လည်း ရပါတယ် ။
မျက်စိဆရာဝန် မပြနိုင်သေးရင် ဆားရည်ကြည်ခပ်ပေးပါ --
ရှေးကလူကြီးများက မျက်စိ နီရဲနေလျှင် မိခင်နို့ရည်ကို ခပ်ပေးလေ့ရှိပါတယ် ။
၈ - #အသားအရေအမြဲပူပြီး ပိန်နေသူ
ရှားစောင်းလက်ပပ်အနှစ်ကို သကြားနဲ့ခေါက်စားပါ - ရေထဲမှာ ဆားခါး ၃ ဇွန်းထည့်
ဖျော်ပြီး ရေချိုးပါ - ဆန်ဆေးရည် ၁ဖန်ခွက်ကို နံနက်ရေမချိုးမီ နေ့စဉ်သောက်ပေးရင်
ကိုယ်အပူငြိမ်းပါတယ် ။
၉ - #အစာအိမ်အနာဖြစ်ဘူးပြီး လက်ရှိအချိန်မှာ အစာမစားနိုင် အစာအိမ်ရောင်နာဖြစ်
အစာအိမ်ရောင်ရင် ထမင်းနဲ့ မာတဲ့အစာတွေခဏရပ်ပြီး ဆန်ပြုတ်သောက်ပါ -
ဆန် လက်တစ်ဆုပ် + ပဲရာဇာ ခေါ် ပဲနီလေး လက်တစ်ဆုပ်စာ + ကြက်သွန်နီဥ ၁ လုံး
ပါ ထည့်ပြုတ်ပါ။
အကြောအလှော်.အကြွပ်ကြော် , အပူအစပ် လက်လုပ်ချဉ်. , ကော်ဖီမစ် , ခေါက်ဆွဲ
ခြောက်များမစားရပါ။
ည အိပ်ရာဝင်နဲ့ မနက် အိပ်ရာနိုးနိုးချင်း ပျားရည် ၁ ဇွန်း ရေအေးနဲ့သောက်ပါ - ပျား
ရည်က အစာအိမ်နာကိုကျက်ပါတယ်။
ဖီးကြမ်း ငှက်ပျောသီးကို နေစဉ်စားပေးလျှင် အစာအိမ်ရောင်ရောဂါကို သက်သာစေပါ
တယ် - ဖီးကြမ်းငှက်ပျောသီး၂ လုံးကို မီးဖုတ်ပြီး နေ့စဉ်စားပေးလျှင် အစာအိမ်အနာ ကျက်သည်ဟု ဆိုပါသည်။
စိတ်တိုလျှင် အစာချေရည်ထွက်ပြီး အစာအိမ်ကို ပြန်လောင်တတ်သဖြင့် စိတ်တို ဒေါသ
ထွက်ရမည့်ကိစ္စများကို ရှောင်ရှားပါ - စိတ်ပူပန် သောကများလျှင်လည်း အစာအိမ်
ရောဂါ ပိုဆိုးတတ်ပါသည်။
၁၀ - ၅ လ #ကလေးငယ် နှာစေး ချောင်းဆိုး ကိုယ်ပူ ချွဲသံကြားရလျှင်
ကွမ်းရွက်နဲ့ ချင်း ပါးပါးလှီး ရေနွေးစိမ်ထား ရေကျက်အေးလုပ်ထား ဖြည်းဖြည်းချင်း တိုက်ပေးပါ - ခြေဖဝါးကို ဆားရေဖတ်တိုက်ပေးပါ ။
ကွမ်းရွက် မီးကင်ပြီး ရင်ဘတ်နဲ့ကြော ကပ်ပေးပါ - ကွမ်းရွက်မီးကင်ပြီးအရည်ညှစ်
အုန်းဆီနဲ့ရော ကလေး ငယ်ထိပ်လိမ်းပေးပါ ။
ရနိုင်လျှင် တိုင်းရင်းဆေးအမှတ် ၄၇ သူငယ်နာ ၇ ပါးဆေးဝါလေးအမူန့် ဖြင့် ကလေး
ငယ်ထိပ် နှာခေါင်းထိပ် ရင်ဘတ်တို့တွင် လိမ်းပေးပါ။
၁၁ - #အမျိုးသား ဆီးသွားသည့်အခါ အောင့်ခြင်း
ရေနွေးကျိုပြီး အအေးခံ မြေ သောက်ရေအိုးတွင်ထည့်ထားပြီး များများသောက်ပေးပါ။
ကြက်သွန်နီဥထောင်း အရည် ၁ ဇွန်းကို သကြား တစ်ဝက်စပ်သောက်ရင် ဆီးကျဉ်
သက်သာစေပါတယ် ။
ကြက်သွန်နီဥကို ပါးပါးလှီးပြီး ဆီးခုံမှာကပ်ပေးပါ ဆီးသွးရင် နာတာ သက်သာစေ
ပါတယ် ။ (တနည်း ) ဆန်ဆေရည် ၁ ဖန်ခွက်မှာ သံပုရာသီး ၁ ခြမ်း အရည်ညှစ်ထည့်
ပြီးသောက်ပါ။
အိုးရှိရင် လောက်သေရွက် ပြုတ်ရည် မတ်ခွက် ၂ လုံး ၁၄ ရက်သောက်ပါ။
၁၂ - #သွားကိုက် သက်သာစေမည့်နည်း
ခရေပွင့်အစိုကိုကြိတ် သွားအခေါင်းပေါက်အတွင်းသိပ်ပေးပါ ။
ပုဏ္ဍရိတ်အရွက်ပြုတ်ပြီး ငုံပေးပါ။
ကြက်သွန်နီဥ အလည်မှ အူတိုင်ကို ထုတ်ယူ၍ သွားပိုးပေါက်တွင် ဖိပြီးကိုက်ထားပါ ။
လေညှင်းဆီ. ငရုပ်ကောင်းဆီများ ဂွမ်းနဲ့တို့ပြီးသွားပေါက်တွင် သိပ်ထားလျှင်လည်း
ရ သည်။
သွားနှဲ့ပြီးသွားကိုက်လျှင် ထနောင်းခေါက် တမာခေါက် သရက်ပင်ကျီးပေါင်း ပြုတ် ငုံ
ပေးလျှင် နှဲ့သောသွား ပြန်ခိုင်ပါတယ်။
၁၃ - #နှာခေါင်းပိတ် ထိပ်ကပ်နှာ
နှာခေါင်းပိတ် ထိပ်ကပ်နာ ရေရှူပါ - မျက်နှာသစ်ပြီးနောက် ရေကို လက်ခုပ်နဲ့ ရှူသွင်းပါ
နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ အကျင့်ရရင်
ရှူသွင်းတတ်လာပါလိမ့်မည်။
ချင်းတက်ပါးပါးလှီး ရေနွေးမတ်ခွက် ၁ လုံးမှာစိမ်ထားပါ ရေနွေးကြမ်းသောက်သလို
တနေကုန် သောက်နေပါ။
မိူင်းရှူဆေးရှူပေးပါ - တိုင်းရင်းဆေး အမှတ် ၄၃ အကင်း ၁၀ ပါးဆေးမူန့်ဝယ် မီးခဲပေါ်
ဖြူး ရှူပေးပါ -
ထိပ်ကပ်နာ (နှပ်ပုပ်စော်နံ့လျှင် )အဆင့်ဆိုရင်တော့ မရိုးပင်ခေါ် ငဖြူကြီးပင်အရွက်
တွေကို အခြောက်လှန်း မီးရှို့ရှူပေးရင်တော့ ပျောက်နိုင်တယ်လို့ အာယုဗေဒ ဆေး
ကျမ်းမှာ ပါပါတယ်။
၁၄ -#တခုခုနဲ့ထိမိပြီး ခြေကျင်းဝတ်နာ
ရဲယိုရွက်ကိုမီးကင် နှမ်းဆီသုတ် ရောင်တဲ့နေရာမှာကပ်ပြီး ပတ်တီးစည်းထားပါ။
၆ နာရီကြာသည်အထိ နေ့စဉ်စည်းပါ -
(တနည်း )- သစ်ကြံ့ပိုးအမူန့်နဲ့ ကြက်ဥအကာရော ရေနွေးအနည်းငယ်ဖြင့်ခေါက်ပြီး
ဖျော်ထားသည်ကို ခြေကျင်းဝတ်မှာလိမ်းပြီး ဝါဂွမ်းဖြင့်အုပ်ပါ ပြီးလျှင် ပတ်တီးဖြင့်
စည်းပါ။ ၆နာရီကြာ ဖြည်ပေးလျှင် အရောင်ကျသွားလိမ့်မည်။
၁၅ - #အသက်အရွယ်ကြီးသူ ခြေထောက်၂ ဖက်နဲ့ခြေသလုံးပူပြီးကိုက်ခဲလျှင်
ကိုက်ခဲညောင်းညာဖြစ်လျှင် မုန်ညင်းဆီ ၅ ကျပ်သားမှာ ချင်းတက်အနည်းငယ် ထု
ထောင်းထည့်ပြီး မီးဖြင့်ချက်ထားပါ - ညောင်းကိုက်သောနေရာကို တစ်နေ့ ၂ ကြိမ် လိမ်း
ပေးပါ။
မုန်ညှင်းဆီတွင် လေးညှင်းဆီ. ငရုပ်ကောင်းဆီ. ပရုပ် မင်သော် စသည်များ ထည့်ချက်
ပြီး လိမ်းလျှင်လည်းရပါသည်။
အကြောတက် ညောင်းကိုက်များလျှင် ဝမ်းမှန်အောင် ဂရုစိုက်ပါ - ည အိပ်ရာဝင်ခါနီး
မန်ကျည်းမှည့်ဖျော်ရည် သောက်ပေးပါ ။
ဆားခါးကိုလှော်ပြီး ဟင်းစားဇွန်း ၁ ဇွန်းကို ရှောက်ရည် ၃ ဇွန်း ပျားရည် ၁ ဇွန်း စပ်
သောက်ပါကလည်း ဝမ်းမှန် အကြောလျော့စေပါတယ်။
၁၆ - #၄၀ ကျော် နေ့ရောညပါ ခြေဖျားထုံကျဉ်ခြင်း
တုံကျဉ် လေငန်းဖြစ်ချင်နေလျှင် ဆင်တုန်းမနွယ်ပါတဲ့ မြန်မာဆေး တမျိုးမျိုးကို ဝယ်စား
ပါ ( သို့မဟုတ် ) ပရဆေးဆိုင်မှ အမူန့်ကြိတ်ပြီးသား ဆင်တုန်းမနွယ်ကို ပျားရည်နဲ့
ရောမွှေထားပါ ..
ဖန်ပုလင်းတွင်ထည့် အပေါ်မှ နှမ်းဆီထည့်ပြီးအုပ်ထားပါ .နံနက်. ည ကော်ဖီဇွန်းသေး
လေးနဲ့ ၁ ဇွန်းစားပေးပါ - ပုလင်းကိုတစ်ပတ် တခါ နေရောင်ပြပေးပါ။ ဆင်တုန်းမနွယ်
က အကြောလေလျှောက်ဆေးဖြစ်ပါတယ် ။
၁၇ - #အသက် ၄၀ ကျော် အမျိုးသမီး ဓမ္မတာသွေး ရက်ကြာရှည်လာခြင်း
ပရဆေးဆိုင်မှာ ပန်းလည်းပွင့်ခြောက် ဝယ်ပြီး ပြုတ်သောက်ရင်ရက်ရှည်သွေး
ဆင်းခြင်းရပ်ပါတယ် ။
ရေနွေးကြမ်းအဖန်ရည် မတ်ခွက် ၁ လုံးမှာ သကြား ၃ ဇွန်းထည့်ဖျော် သောက်ပါ။.
မနက် ရေမချိုးမီ. ဆန်ဆေးရည် အကြည် ၁ ခွက်သောက်ပါ -
မီးကွင်းဂမုန်းကို အသုတ်ပြုလုပ်စားပါ ။
ဧကရာဇ်ရွက် အပွင့် တရုတ်စကားပွင့်များ အသုတ်ပြုလုပ်ပြီး စားပါက သွေးအေးပြီး
သွေးပူဆင်း ဝေဒနာများ သက်သာစေနိုင်သည် ။
၁၈ - #အမျိုးသမီးများ သွေးဆုံးခါနီး ရင်သားများနာခြင်း
ဥသျှစ်သီးကင်း အခြောက်လှန်း အမူန့်ကြိတ် ပျားရည်နဲ့ရောစား ။(တနည်း )
ရဲယိုသီး မှည့်ကို ပျားရည်နဲ့ ခေါက် တစ်နေ့ ၁ လုံးစားပါ။
ရှားစောင်းလက်ပတ်အနှစ်ကို ညအိပ်ရာဝင် ရင်သားနာသည့်နေရာကပ်ပေးပါက
သက်သာသည်ဟု ဆိုပါသည်။
၁၉- #သည်းခြေမှာ ကျောက်တည်ခြင်း
သည်းခြေကျောက်တည်လျှင် အုန်းသီးစိမ်း ( အုန်းသီးအနု) ထိပ်မှဖွင့်ပြီး ကျောက်ချဉ် ရွေးစေ့ခန့် ထည့်ပြီး အချိန်ခဏ စောင့်ပါ ပြီးလျှင်ပိုက်ဖြင့် စုပ်သောက်ပါ - နေ့စဉ် ၁၄ ရက် ဆက်သောက်ပါ။
အဝါရောင် ကောက်ရိုးခြောက်ကိုပြုတ်သောက် (တနည်း )အဝါရောင်ကောက်ရိုး
ခြောက်ကို လက်ဖက်ခြောက်ခပ်သောက်သလို သောက်လျှင်လည်း သည်းခြေ
ကျောက်ကျစေပါတယ် ။
(တနည်း )ပေပင်မှ ပေရွက်ကိုပြုတ် နေ့စဉ် မှတ်ခွက် ၁ လုံးစာသောက်ပါကလည်း
သည်းခြေကျောက်ကျစေပါတယ်။
၂၀ - #အရက်ကြောင့်အသည်းကအပြင်ကခြောက်ပြီး အသည်းအထဲကမခြောက်သေး
အသည်းထဲမှရေလည်းတွေ့ရသည်ဟု စစ်ဆေးချက်အတွက် ..
အသည်းအထူးကု ညွှန်ကြားချက်ကို လိုက်နာပါ ။
မြန်မာဆေးနည်းသုံးစွဲလိုလျှင် -
သဘောင်္ရွက် အစိမ်းရောင်ရင့်ရင့်ကိုယူပါ ရေစင်စင်ဆေးပါ ထောင်းပြီး အရည်ညှစ်ယူပါ
ဟင်းစားဇွန်း ၂ ဇွန်း နံနက် ည သောက်ပါ. ။
သဘောင်္ရွက်ကို အဖို အမ မခွဲခြားပါ အာနိသင် အတူတူပါ - အင်္ဂလိပ်ဆေး သောက်
နေလျင် ၃ နာရီခြား သဘောင်္ရွက်ရည်ကို သောက်ပါ ။
အသည်း မခြောက်သေးလျှင် ပိုထိရောက်အောင် မက်လင်ချဉ်သီးကို အချဉ်ရည် ချက်တိုက်ပါ။
၂၁ - #ငါးအရိုးစူးခြင်း
အရိုးစူးလျှင် ဖီးကြမ်းငှက်ပျောသီးအမှည့် ၁ လုံးကို ၃ ကိုက်နဲ့မျိုချပါ ။ မကျသည့်အခါ
အန်အောင်လုပ်ပါ -
ဆား နနွင်း ရေ မတ်ခွက် ၁လုံးနဲ့ဖျော် ကုန်အောင်သောက် ခဏကြာ အန်လာလိမ့်မည်
လက်ထိုးပြီး အန်ထုတ်ပါ အရိုးကြီးရင် ပါလာလိမ့်မည် ။
တခါတရံမှာ အရိုးကမရှိတော့ပဲ နာနေတဲ့ ဒါဏ်ကြောင့် စိတ်က စူးနေတယ် ထင်တာလဲ
ရှိတယ် ။ သတိထားပါ - လည်ပင်းနာလျှင် နလင်ကျော်သွေးလိမ်းပါ ။
၂၂ - #ကလေးငယ် စကားပြောထစ်ခြင်း
မြင်းခွာရွက်ကို ရေစိမ်ထား - မနက်အိပ်ရာထ သွားမတိုက်မီ ဝါးစားပေးလျှင် စကား
ထစ် သက်သာပါတယ်။
တနည်း - ဝါးဖြင့် ပြုလုပ်ထားသာ ပုလွေကို မူတ်ပေးလျှင် စကားထစ်သက်သာပါတယ်။
တနည်း - သံပုရာသီးကို မီးဖုတ် ပြာချ ထိုပြာဖြင့် လျှာပွတ်ပေးလျှင် စကားထစ် သက်
သာစေသည်။
တနည်း - ဗာဒံသီး အတွင်းမှ အဆံ ကိုစားပေးလျှင် စကားထစ်သက်သာပါတယ်။
ကြေးဖလားဖြင့် ရေကိုသောက်ပေးလျှင်လည်း စကားထစ်သက်သာပါတယ်။
၂၃ - #နှာခေါင်းတွင်းဝက်ခြံပေါက်ခြင်း
မတ်ခွက် ၁လုံးထဲ ရေနွေးပူပူနဲ့ဆား ၂ဇွန်းထည့် အုပ်ထား - ဖွင့်ပြီး အငွေ့ကို ရှူသွင်း
ပါက နှာခေါင်းတွင်းမှ အနာ ကျက်သွားပါလိမ့်မည် - ကွမ်းရွက်. ချင်း. ထန်းလျက်
ပြုတ်ရည်ပူပူ ၃ ရက်ဆက် သောက်ပေးပါ ။
၂၄ - #အရွယ်မတိုင်ခင် ဆံပင်ကျွတ် ထိပ်ပြောင်ခြင်း
ဆံပင်ပြန်ပေါက်အောင် ပရန္နဝါရွက်ကို ထောပတ် နှမ်းဆီ ပျားရည် ၃ မျိုးနဲ့ ရော ယို
ထိုးစားပါ - မနက် ည ဟင်းစားဇွန်း ၁ ဇွန်းစားပါ ။
နေ့စဉ် ဝမ်းနုတ်ဆေး တမျိုးမျိုးစားပါ ။ ရေခေါင်းလောင်းချိုးပါ ။
လက်တွေ့ ပြန်ပေါက်သူရှိပါသည်။
ဦးခေါင်းတွင်ထောလပတ်ရွက် အရည်ညှစ်ပြီး ပွတ်ပေးလျှင်လည်း ပြန်ပေါက်နိုင်သည်။
၂၅ - #ညဘက်အိပ်ပျော်အောင်
ည အိပ်ရာဝင်ခါနီး ဒူးအထက်မှ အောက်ရေလောင်းခြေဆေးပေးလျှင် အပူသက်ပြီး
ည အိပ်ပျော်ပါတယ်။
နွားနို့ပူပူ တစ်ခွက်မှာ နနွင်းမူန့် ကော်ဖီဇွန်းငယ် ၁ဇွန်းထည့်ဖျော်သောက်ပါ ။
မိမိယုံကြည်ရာဘာသာနှင့် စိတ်ကိုလျော့ တရားမှတ် ပုတီးစိပ်ပါ။
၂၆ - #အသားမာ
ဖီးကြမ်းငှက်ပျောသီးအခွံကို မလွင့်ပစ်ပဲ အသားမာနဲ့အတော်ဖြတ်ပြီး အသားဖက်က
ကပ်ပါ ပလာစတာနဲ့ကပ်ပါ -
ရေချိုးရင် အသစ်လဲပါ - ရက်ကြာကပ်ရင် အသားမာကျွတ်ထွက်သွားပါလိမ့်မည်။
၂၇ -#ခြေဖနှောင့်ကွဲခြင်း
ထောပတ်စစ်စစ်နဲ့ ပျားရည် ရောစပ်လိမ်းပါ -
တမာရွက် ပြုတ်ရည်နဲ့ ဖနှောင့်ကို စိမ်ပေးပါ -
တမာရွက်ကိုပြာချ အုန်းဆီနဲ့ရောလိမ်းပေးပါ။
မန်ကျည်းသီးအနှစ်နှင့်ကွမ်းရွက်ထောင်းပြီးလူးပေးပါ။
#အားလုံးအဆင်ပြေပါစေ

إرسال تعليق