➳ အပြေး အလွန်မြန်တဲ့သူတွေလည်း
နောက်ဆုံး မောကြတာပါပဲ
➳ ရုပ်ရည် အလွန်ချောမောသူတွေလည်း
နောက်ဆုံး အိုကြရတာပဲ။
➳ အသက် အလွန်ရှည်တဲ့သူတွေလည်း
နောက်ဆုံး သေကြရတာပါပဲ။
➳ ချစ်ခြင်း အလွန်ကြီး တွဲနေကြတဲ့သူတွေလည်း
နောက်ဆုံး ခွဲခွာဝေးကြရတာပါပဲ ။
➳ ရာထူး ကြီးမားဂုဏ်များသူတွေလည်း
နောက်ဆုံးပစ်ထားချန်ထားခဲ့ကြရတာပါပဲ။
➳ အမုန်း ရန်ငြိုးထားနေတဲ့သူတွေလည်း
နောက်ဆုံး ကိုယ့်ရှေ့ကပျောက်သွားကြရတာပါပဲ။
➳ နောက်ဆုံး
နေ့တိုင်း ထမင်းကျွေးပေး သန့်ရှင်းရေးလုပ်ပေး
အဝတ်စားဝတ်ပေး ယုယုယယ ပြုစုပေးထားတဲ့
ကိုယ်အရမ်းတန်ဖိုးထားတဲ့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာလည်း
ပျက်စီးသေသွားရတာပါပဲ ။
ဒါ့ကြောင့်
တွဲသမျှတွေ ခွဲလိုက်ရလို့
ချစ်သမျှတွေ ပစ်လိုက်ရလို့
ရသမျှတွေ စွန့်လိုက်ရလို့
သောကတွေ ဖြစ်နေမဲ့အစား
ဖြစ်-ပျက်တွေ-နှလုံးသားမှာထင်ပြီး
သောကတွေ-စင်နိုင်အောင်သာ
ဗုဒ္ဓ၏ အဆုံးအမများကို
လိုက်နာကြိုးစားနေခြင်းက
ဘဝပိုအဓိပ္ပါယ်ရှိ ပိုကောင်းမွန်ပါတယ်
အကျိုးလည်းများပါတယ်။
Credit.

Post a Comment