ထင်ယောင်ထင်မှား
¥¥¥¥¥¥¥¥¥¥
*** ဖြစ်ရပ်မှန်ကိုအခြေခံရေးထားပါသည်****
တချို့လူတွေကအပေါ်ယံအမြင်ကြည့်ပြီးပေါင်းသင်းချင်ကြတဲ့အတွက်အတွင်းစိတ်ကိုမမြင်နိုင်အောင်အတ္တတွေဖုံးလွှမ်းနေကြ၏
ဒေါ်ကြည်းတန်ဆိုတဲ့နံမည်နဲ့လိုက်အောင်ရုပ်ဆိုးသောဒေါ်ကြည်းတန်ကိုတစ်ရွာလုံးမသိသူမရှိပေ ။ ဒေါ်ကြည်းတန်ကလယ်တွင်းကိုးခရိုင်နယ်မြေထဲကရွာကြီးတစ်ရွာမှာနေထိုင်သူဖြစ်၏။
ဒေါ်ကြည်းတန်တွင်သားကလေးတစ်ယောက်ရှိကာဖိုးစံလို့ခေါ်၏ ။
တကယ်တော့ဖိုးစံကဒေါ်ကြည်းတန်မွေးတာမဟုတ်ဒေါ်ကြီးတန်ညီမကမွေးသောကလေးဖြစ်သည် ။
တစ်နေ့ဒေါ်ကြည်းတန်ညီမသည်သူ့သားကလေးအားဒေါ်ကြည်းတန်ထံတွင်အပ်ကာခရီးသွားရင်း လင်မယားနှစ်ယောက်ကားမှောက်၍ဆုံးသွားသဖြင့်ဒေါ်ကြည်းတန်ကဖိုးစံကိုမွေးစားထားခြင်းဖြစ်သည် ။
ဖိုးစံကနှစ်နှစ်သားပဲရှိသေးတော့ဒေါ်ကြည်းတန်အားအမေအရင်းပဲထင်နေသည် ။ မိဘများအားမမှတ်မိလိုက်ပါဒေါ်ကြည်းတန်ကလည်းသားနှင့်ပတ်သတ်လျှင်စပ်စပ်ထိမခံပေ -- - ----
ဒေါ်ကြည်းတန်မှာမိဘများကလည်းဆုံးပါးသွားကြတော့ခင်မင်တွယ်တာစရာမရှိဒေါ်ကြည်တန်ကတစ်ကောင်ကြွက်ဖြစ်သွားလေသည် ။
သားကလေးနှင့်လောကဓံကိုရင်ဆိုင်ရင်းဒေါ်ကြည်းတန်ကရွာထဲတွင်ပဲပြုတ်ရောင်းသည် ။ တစ်နေ့ဖိုးစံသည်ရွာထဲကကလေးတစ်ယောက်နှင့်ရန်ဖြစ်ရာကလေးမိဘကဖိုးစံအားရိုက်လိုက်လေသည် ။ မဟုတ်မခံတတ်သောဒေါ်ကြည်းတန်ကရန်သွားတွေ့ကာအကြီးအကျယ်ရန်ဖြစ်ကြ၏ ။
ရန်ဖြစ်ရင်းဒေါ်ကြည်းတန်က ''ရှင်သူများကလေးကိုကိုယ်ချင်းစာစိတ်မရှိတာရှင့်ကလေးသေမှသိမယ်''' ဒေါ်ကြည်းတန်ကဘာရယ်မဟုတ်ပြောလိုက်လေသည်ဒါပေမဲ့ နောက်တပတ်လောက်နေတော့ထိုမိန်းမကလေးသည်ချောင်းထဲရေသွားဆော့ရင်းရေနစ်သေသွားသည် ။
ဒီမှာတင်ဒေါ်ကြည်းတန်ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲသွားစေသည် ။ ဒေါ်ကြည်တန်စုန်းအတတ်နဲ့ပြုစားလို့သေတာဟုတစ်ရွာလုံးသတင်းကတမဟုတ်ချင်းပြန့်သွားလေသည် ။
'
''မလှစုန်းရိုးမရှိခိုးနိုး''ဆိုတဲ့စကားပုံအတိုင်း ----- နဂိုကထဲကရုပ်ဆိုးသောဒေါ်ကြည်းတန်သည်စုန်းပညာသည်ဖြစ်၍သွားလေသည် ။ ရွာထဲကလူတွေကသူ့့ကိုရှောင်ဖယ်ဖယ်လုပ်လာတော့ဒေါ်ကြည်းတန်ကလည်းခပ်ခွာခွာနေလိုက်သည် ။
နောက်ဆုံးဒေါ်ကြည်းတန်သည်ရွာမှအိမ်ကိုရောင်းပြီးရွာထိပ်ခပ်လှန်းလှန်းကတောင်ယာထဲတွင်အိမ်ဆောက်ကာနေသည် ။ ရွာထဲသို့ပဲပြုတ်မရောင်းတော့တစ်ခြားရွာသွားရောင်းကာခြံစိုက်စားသည် ။
ဖိုးစံလည်းအရွယ်ရောက်လာတော့သူ့အမေအဖြစ်ကိုမကြည့်ရက်တာနဲ့ဖားကန့်ဘက်ကျောက်သွားတူးမယ်ဆိုကာထွက်သွားလေသည် ။ ဒေါ်ကြည်းတန်တားပေမဲ့မရပိုက်စံရှာပြီးပြန်လာရင်ဒီအရပ်ကပြောင်းမယ်လို့ဆိုရှာသည် ။
တစ်နွေကုန်လိုိ့ု့တစ်မိုးကူးကာတစ်ဆောင်းပြောင်းသွားပေမဲ့ဖိုးစံသတင်းဘာမှမကြားရပေ ဒေါ်ကြည်းတန်ကတစ်နေ့တစ်နေ့သားကလေးပြန်လာနိုးနိုးနဲ့သားပြန်မဲ့လမ်းကိုမျှော်ကာ ---- တစ်ယောက်ထဲဝမ်းနည်းပူဆွေးနေသည် ။
ဒီလိုနဲ့အထီးကျန်စွာနေလာရင်းတစ်ညမှာတော့ဒေါ်ကြည်းတန်အိမ်ရှေ့ခန်းတွင်မှေးကနဲအိပ်ပျော်နေတုန်း '''အမေ'' ''အမေ'''
ဖိုးစံခေါ်သံကြောင့်ဒေါ်ကြည်းတန်အိမ်ရှေ့ကိုကြည့်လိုက်တော့မမျှော်လင့်ပဲဖိုးစံအားတွေ့လိုက်ရာလန့်သွားလေသည် ။ ဖိုးစံတစ်ကိုယ်လုံးဖုန်များပေနေကာမျက်နှာကလည်းဖြူဖတ်ဖြူရော်ဖြစ်နေသည့်အတွက်သူမကစိုးရိမ်စွာမေးလိုက်၏ ။
'''သားဘယ်လိုဖြစ်လာတာလဲအိမ်ထဲဝင်ခဲ့လေအမေရင်တုန်လိုက်တာသားကိုအမေနေ့တိုင်းမျှော်နေတာ''''' '''သားအလုပ်ထဲမှာတွင်းပြိုတဲ့အထဲပါသွားလို့ကြာနေတာအမေမျှော်နေမှာသိလို့ပြန်လာတာ''''
ထိုစကားကြားတော့ဒေါ်ကြည်းတန်ကသားအတွက်စိတ်မကောင်းလို့အားပေးလိုက်သည်။
မနက်ဒေါ်ကြည်းတန်အိပ်ရာနိုတော့ဖိုးစံအားမတွေပါဒေါ်ကြည်တန်သီးထန်စွာငိုကြွေးပြစ်လိုက်သည် ။ သူ့သားဖိုးစံလူ့့လောကြီးထဲမှာမရှိတော့ဘူးဆိုတာသေချာသွားပြီညကသူ့ဆီလာပြောခြင်းဖြစ်သည် ။
သူမသားအတွက်ရည်စူးကာအလှုကလေးလုပ်ချင်ပေမဲ့ ရွာကကိုးကွယ်သောဆရာတော်ကြီးသည်ရွာမှာမရှိတန်ခိုးကြီးဘုရားများတွင်အဓိဌာန်ဝင်နေလေသည် ။
ဒေါ်ကြည်းတန်ဆရာတော်ကြီးပြန်လာမှသားဖိုးစံအတွက်ကောင်းမှုကုသိုလ်လုပ်ပေးရန်ရည်ရွယ်ထားရင်းသားအတွက်စိတ်မကောင်းစွာမျက်ရည်များဖြင့်အဖော်ပြုနေရ၏ ။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဒေါ်ကြည်းတန်တစ်ယောက်သားဖိုးစံပြန်လာမလားဆိုတဲ့မျှော်လင့်ချက်ကို စိတ်ရှော့လိုက်တော့တစ်သက်လုံးပင်ပန်းလာခဲ့ဒဏ်ကြောင့်ကျမ်းမာရေးသိပ်မကောင်းတော့ သားဖိုးစံ၏ဝိညာဉ်လည်းမိမိအနားတွင်ရှိနေမည်လို့ဒေါ်ကြည်းတန်တွေး၍စိတ်မကောင်းပေ
ဒီကြားထဲရွာကလူများကဒေါ်ကြည်းတန်
ခြံနားတွင်သရဲခြောက်တယ်ဟုသတင်းပြန့်ကာ ဒေါ်ကြည်းတန်သရဲမွေးထားသည်လို့စွပ်စွဲနေပြန်သည်လူတွေဟာမြေနိမ့်ရာလှံစိုက်ချင်ကြ၍အတော်ကြောက်စရာကောင်းပါလားလို့တွေးကာသံဝေဂရမိသည် ။
ဒီအချိန်တွင်ရွာမှဆရာတော်ကြီးသည်ခရီးသွားရင်းကားမှောက်ကာဆေးရုံတင်ထားရလေသည် သေငယ်ဇောနဲ့မြောနေသောဆရာတော်ကြီးသည်နတ်ပြည်သို့အလည်ရောက်သွား၏ ။ ကြီးကျယ်ခန်းနားသောဘုံဗိမ္မာန်အမျိုးမျိုးကိုရင်သပ်ရှု့မောတွေ့ရလေသည် ။
တစ်နေရာတွင်အလွန်ခန်းနားထည်ဝါသောဘုံဗိမ္မာန်ကြီးကိုတွေ့ရာနတ်သားတစ်ပါးကိုမေးလိုက်သည် '''''ဒါဘယ်သူပိုင်တာလဲဘယ်လိုကောင်းမှု့တွေလုပ်လို့ဒီလိုပိုင်ရတာလဲ'''''
ထိုအခါခါနတ်သားကပြန်ဖြေလိုက်၏
'''''''ဒါဟာပိုင်ရှင်မရောက်သေးပါဘူးမကြာခင်ရောက်လာတော့မှာပါ သူကတခြားမဟုတ်ပါဘူးအရှင်ဘုရားတို့ရွာကဒေါ်ကြည်းတန်ပါ သူဘာတွေကောင်းမှု့လုပ်သလဲအရှင်ဘုရားကိုယ်တိုင်လူးပြည်ပြန်ပြီးမေးလိုက်ပါအုံး''''
နတ်သားစကားကြောင့်ဘုန်းကြီးဟာအံ့သြလွန်းလို့ဘာပြောရမှန်းပင်မသိပေ နောက်နေ့တွင်သေကံမရောက်သက်မပျောက်သောဘုန်းကြီးသည်ပြန်လည်သတိရလာလေသည်။
နေကောင်းသွားတဲ့အခါမတင်မကျဖြစ်နေသောအဖြေကိုသိရန်အတွက ရွာကိုအားခြင်းပြန်လာ၏
်ရွာရောက်တော့ရွာကလူများကိုဘုန်းကြီးကျောင်းလာကြရန်ခေါ်လိုက်ရာ
တစ်ရွာလုံးဆရာတော်ကြီးကထူးထူးဆန်းဆန်းခေါ်တယ်ဆိုတော့ လူကြီးကလေးခွေးပါမကျန်ရွာလုံးကျွတ်ရောက်လာကြ၏
ဒီမှာတင်ဆရာတော်ကြီးသည်သူရောက်ခဲ့သောနတ်ပြည်အကြောင်းပြောကာ တစ်ရွာလုံးကစုန်းမလို့ပြစ်မှားနေသောဒေါ်ကြည်းတန်အကြောင်းပြောပြကာ ဒေါ်ကြည်းတန်အားသွားခေါ်စေသည် ။
ဒေါ်ကြည်းတန်လည်းဆရာတော်ကြီးခေါ်တယ်ဆိုတော့အားရဝမ်းသာလိုက်လာ၏။ ဆရာတော်ကြီးသည်လူအများရှေ့တွင်ဒေါ်ကြည်းတန်အားမေးလေသည် ။
'''ကဲဒေါ်ကြည်းတန်ခင်ဗျားဘာကောင်းမှု့တွေများလုပ်ပါသလဲ'''''''
'''တပည့်တော်မကဆင်းရဲပါတယ်ဘုရား ဒါ့ကြောင့်ကောင်းမှု့ကုသိုလ်ဆိုလို့ ----
မနက်မိုးလင်းတိုင်းမြတ်စွာဘုရားဆွမ်းကိုထမင်းစားပန်းကန်နဲ့ခူးပြီးတပည့်တော်မရောင်းတဲ့ပဲပြုတ်ကိုစားဦးစားဖျားဆီဆမ်းပြီးကပ်ပါတယ် -------
----- သောက်တော်ရေတစ်ခွက်နဲ့လက်သုတ်ပုဝါကအစထမင်းစားပွဲခင်းပြီးသက်ရှိရဟန်းတစ်ပါးကိုဆွမ်းကပ်သလိုကပ်ပါတယ် --------- တပည်တော်မရဲ့လူအများအထင်သေးခံဘဝက လွတ်အောင်နေ့စဉ်နေ့တိုင်းမပျက်မကွက်ပြုလုပ်တဲ့ကုသိုလ်ပါ ---
ဒီကုသိုလ်ကကတပည့်တော်မပဲပြုတ်စရောင်းကထဲကလုပ်လာတာ -------
အခုဆိုနှစ်ပေါင်းများစွာရှိပေမဲ့တစ်ရက်မှမပျက်ကွက်ခဲ့ပါဘူးဘုရား'''''
ဒေါ်ကြည်းတန်စကားအဆုံံးမှာတော့ဆရာတော်ကြီးကသာဓုသုံးကြိမ်ခေါ်ကာတစ်ရွာလုံးအထင်မှားနေသောဒေါ်ကြည်းတန်ကိုတောင်းပန်စေလေသည် ။ တစ်ရွာလုံးကလဲဒေါ်ကြည်းတန်အားသူတို့ထင်ယောင်ထင်မှားဖြစ်မိတာကိုတောင်းပန်ကြလေသည် ။
ဒေါ်ကြည်းတန်ကဝမ်းသာလွန်းလို့မျက်ရည်များပင်ကျကာဆရာတော်အားသူမဆန္ဒကိုလျှေက်လိုက်၏။
'''အရှင်ဘုရားတပည်တော်မအရှင်ဘုရားကိုစောင့်နေခဲ့တာပါဒီနေ့တော့တပည့်တော်မဆန္ဒကိုဖြည့်စည်းပေးကာလက်ခံတော်မူပါ''''
'''တပည့်တော်မသားကလေးဖိုးစံဟာဖားကန့်သွားရင်းတွင်းပြိုတဲ့အထဲပါသွားကာဆုံးရှာပါပြီ'''
ဒေါ်ကြည်းတန်စကားကြားတော့တစ်ရွာလုံးစိတ်မကောင်းဖြစ်သွားကြသည်
'''ဒါကြောင့်သားကလေးဟာမကျွတ်ပဲတပည့်တော်မနားမှာစောင့်ရှောက်နေပါတယ်ဒါကိုရွာကလူတွေကသရဲမွေးထားတယ်ထင်ကြပါတယ် -------
---- အခုသားကလေးကိုတပည့်တော်မတစ်ခါထဲခေါ်လာပါတယ် -------
တပည့်တော်မကျန်းမာရေးကမကောင်းတော့အချိန်မရှိတော့တဲ့အတွက်တပည့်တော်မ --------ပိုင်ဆိုင်တဲ့ခြံရယ်အိမ်ရယ်နဲ့တပည့်တော်မနားကပ်တစ်ရန်အားဆရာတော်ကြီးလှုတန်းပါတယ် ----------
တပည့်တော်မသားကလေးကိုရေစက်ချအမျှပေးပြီးကျွတ်တန်းဝင်အောင်ဆောင်ရွက်ပေးတော်မုပါ'----'''
ဆရာတော်ကြီးဒေါ်ကြည်းတန်ဆန္ဒကိုလက်ခံကာရွာသားများစုပေါင်း၍တရားနာရေစက်ချကာ ဖိုးစံအားအမျှပေးကာသာဓုခေါ်စေလိုက်၏သူမရဲ့ပကာသနမပါတဲ့အလှုပွဲကလေးဟာကြေးစည်သံနဲ့အဆုံးသတ်သွားလေသည် ။
ဒေါ်ကြည်းတန်ကတော့ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပြီးဆရာတော်ကြီးကိုဦးကုန်းချလိုက်လေသည် ။ ဒေါ်ကြည်းတန်၏ခေါင်းသည်ဦးကုန်းချအပြီးတွင်တော့ပြန်မမေ့လာတော့ပါသားကလေးအားစိတ်ချကာ ဆရာတော်ကြီးနှင့်တစ်ရွာလုံးအားစွန့်ခွာသွားလေပြီ ။
## D Moe Moe ## ု
#လေးစားစွာcreditပေးပါသည်

إرسال تعليق