သေတ္တာစွဲ

သေတ္တာစွဲ
×××××××××
ဖြစ်ရပ်မှန်, စ + ဆုံး


                1997နှစ်ကဖြစ်သည်။

         ဝါး  မိုးလင်းပြီး အမြန် 'ထ'မှာပါ။
ကျောင်းမှီအောင် သွားမှ ဖြစ်မည်။ သူငယ်
ချင်း မိနှင်းကိုဝင်ခေါ်ရဦးမည်။ မောင်ဝင်းသန့်
အိပ်ယာထက်မှ လူးလဲ ထ ကာ နုတ်မှ ပွစိပွစ်ိ
ပြောရင်း မျက်နှာသစ် နံနက်စာ စားပြီး ကျောင်း
သို့ လာခဲ့သည်။ သူငယ်ချင်းဖြစ်သူ မိနှင်းကို
ဝင်ခေါ်ရန် အိမ်ပေါက်ဝမှ လှမ်းအော်
လိုက်သည်။

      "ဟေ့သူငယ်ချင်းမိနှင်း အဆင်သင့်ဖြစ်ပြီ
လား ကျောင်းသွားကြရအောင် .."
"အေး ဝင်းသန့် ငါပြီးပြီ ခဏလေးပဲ စောင့်နော်။
လာပြီလာပြီ .."

သူငယ်ချင်းမိနှင်းနဲ့ မောင်ဝင်းသန့်က ကျောင်း
နေဖက်သူငယ်ချင်းတွေ ဖြစ်သလို တစ်ရပ်ကွက်
ထဲလဲဖြစ်သည်။ မိနှင်းအိမ်နဲ့ မောင်ဝင်းသန့်
အိမ်နဲ့က တစ်အိမ်ကျော်ပဲ ခြားသည်။
 သူတို့ က ယင်းမာမြို့မှာ နေထိုင်သူတွေ
ဖြစ်ကြသည်။ အတန်းပညာက( 10   ) တန်း
ဖြစ်သည်။     ဒီလိုနဲ့ ကျောင်းအတူတက်လိုက်
အတူပြန်လာလိုက်..ကျောင်းတတ်လာခဲ့သည်
မှာ လအနည်းငယ်ကြာလာခဲ့သည်။
..စာကျက်ခြင်လျင်တော့ ဝင်းသန့်
က မိန်းကလေးသူငယ်ချင်းဖြစ်တဲ့ မိနှင်းအိမ်
မှာ သွားရောက်ကျက်လေ့ရှိသည်။ 

        တစ်ရက်မှာတော့ မိနှင်းအိမ်မှာ
ဆွေမျိတစ်ဦးရောက်နေတာ တွေ့ရသည်။
သူက အဖွားအရွယ်တစ်ယောက်ဖြစ်သည်။
မိနှင်းမေးကြည့်တော့ ဆွေမျိုးတွေပစ်ထားလို့
သနားလို့ မိနှင်းအမေက အိမ်ပေါ်ခေါ်ထားခြင်း
ဖြစ်သည်ဟုသိရသည်။ ဝင်းသန့် က
မိန်းကလေး သူငယ်ချင်းအိမ်မှာ အမြဲ တမ်း
လိုလို..စာသွားကျက်ဖြစ်သည်လေ။ အဲတော့
အဲ့အဖွားနဲ့ရယ် ၊ မိနှင်းမိခင်နဲ့ပါ ခင်မင်ရင်နှီး
မူတွေ ရလာခဲ့သည်။ ခင်မင်မူရလာတော့
အဖွားနဲ့ တရင်းတနှီး စကားတွေ ပြောဖြစ်ကြ
သည်။ အဖွား အိမ်ပေါ်ရောက်လာတုန်းက
သူ့မှာ.သေတ္တာတစ်လုံးပါလာတာကိုလဲ.
သိခဲ့ရတယ်။

          မိနှင်းအိမ်မှာ စာကျက်တာကြာလာ
တာနဲ့အမျှ..အဖွားနဲ့ အရမ်းကိုရင်းနှီးမူလာခဲ့
တယ်ဆိုပါတော့ ...တစ်နေ့မှာ အဲအဖွားက
နေမကောင်းဖြစ်လာခဲ့သည်။ အဖွားနေ
မကောင်းဖြစ်တာက မပြောက်ပဲ ပိုပိုဆိုးလာ
သည်။ အိပ်ယာထဲ ဘုန်းဘုန်းလဲသည်အထိ
ဖြစ်ခဲ့သည်။ အဖွားရဲ့ ဝေယျာဝစ္စမှန်သမျှကို
မိနှင်းအမေက လုပ်ပေးပေမဲ့ အချိန်ပြည့်
ဂရုမစိုက်အားဘူးရယ်။မိနှင်းကလည်း
 မလုပ်တတ်ဘူးရယ်။
 မိနှင်းမှာ မောင်လေးတွေလည်းရှိသေး
တယ်။လေ အဲကလေးတွေလဲ ငယ်သေး
တော့ အဖွားကို မကြည့်ပေးတတ်ကြဘူးပေါ့
ဒီတော့ ဝင်းသန့်က စေတနာနဲ့ဝင်ကူ
လုပ်ပေးခဲ့တယ်။ အဖွားက ဝင်းသန့်ကို
နောက်နာမ်မည်တစ်မျိးခေါ်သေးတယ်လေ။
အငယ်လေးလို့ခေါ်တာရယ်။
 အဖွား တစ်ခုခု ပြောချင်လျင် အငယ်လေး
လို့ခေါ်လိုက်တယ်။အဲ့ကြ ဝင်းသန့်ကပြေး
ကြည့်ရတာပေါ့၊ ကိစ္စရှိလို့အိမ်ပြန်လဲ လှမ်း
အော်လိုက်လို့ရသည့်အနေထား..နီးလို့လေ။

       အဖွားက အိပ်ယာထဲမှာ လဲနေတာ
မထနိုင်တော့ဘူး သူ့ကို ထမင်းကျွေးပေးရ
တယ်။ နောက် ဆီး ၊ဝမ်းသွားလျင်လဲ
ဝင်းသန့်က အစဆုံးလုပ်ပေးရတယ်။
အဖွားက ပုသိမ်မှာနေတာ..ယင်းမာမြို့မှာ
ဟာလဝါလာရောင်းရင်းကနေ ဆွေမျိုးတွေက
မကြည်လို့ မိနှင်းအမေက..အိမ်မှာလာနေဖို့
ခေါ်လို့ လာရောက်နေထိုင်ခြင်းဖြစ်သည်။

တစ်နေ့တော့ အဖွားက ငယ်ချီးတွေပါလာတယ်။
အမဲရောင်တွေ ဒါနဲ့ဝင်းသန့်က လူကြီးတွေကုိ
ပြောပြတော့ အစာမဝင်လို့ပါလို့ပြောတယ်။
ဝင်းသန့်လဲ အဖွားအစာမဝင်တော့ lipoပုလင်း
အဖျော်ရည်ကုိ ဝင်အောင် ရင်ခွင်မှာထားကာ
ဇွန်းဖြင့် သေချာတိုက်ခဲ့တယ်။ အဖွားက 
မျက်ရည်လဲ့နေအောင် ဝင်းသန့်ကုိ ကြည့်
နေပြန်တယ်။ ဝင်းသန့်တောင်အဖွားကို ပိုသနား
လာခဲ့တယ်။ အဖွားကိုပြုစု ပေးပြီး ညကြ
အိမ်ပြန်အိပ်ခဲ့တယ်။ 

........

     " .ဟဲ့ ဝင်းသန့် မင်းအဖွားဆုံးပြီတဲ့"

"ဗျာ ဟုတ်ဟုတ်အမေ " 
အော် ဒါကြောင့်အဖွားအီးနှံ့တွေ ရနေတာကုိ
အမေ လာမပြောခင်ကတည်းက ဝင်းသန့်
နိုးနေတာ အီးနှံ့တွေ ရလာလို့ အဖွားများ
လာနုတ်ဆက်တာလားပေါ့ .အောင်မလေး
တွေးရင်းနဲ့ ကြောက်တောင်လာပြီ
.ကြက်သီးတွေ ထ ပြီး ကြောချမ်းသလိုကြီး
ုိ ဖြစ်လာခဲ့တယ်။နောက်နေ့မိုးလင်း
တော့ ဝင်းသန့်နာရေးအိမ်သွားခဲ့တယ်။

×××××××××××××

       "ဟာ!!! ပြင်လို့ မရပါလား ဘာဖြစ်တာ
လဲ..တကယ်ကို ပြင်မရဘူး 
ဘယ်လိုလုပ်ကြမလဲ "

  ဝင်းသန့် အိမ်ရှေ့ဝင်လာတော့ ပြင်မရဘူး
ဆိုသောအသံ အဖွားအလောင်းဘေးနားက
လူအုပ်ကြီးဆီမှ 
ပြောသံကို ကြားလိုက်ရတယ်။ ဘာပြင်မရတာ
လဲတော့မသိဘူး..ဝင်းသန့်လည်း 
အဖွားနားကပ်ကြည့်
တော့မှာ စောနက ပြင်မရဘူးဆိုတာကိုသဘော
ပေါက်လိုက်တယ်။ ဟုတ်သား အဖွားခေါင်းက
လိမ်ပြီးစောင်းနေတယ်။ ဒါနဲ့ ဝင်းသန့် အဖွားနား
ကပ်ပြီးအဖွား အငယ်လေးကိုချစ်လား
ချစ်ရင် အငယ်ေလးပြု.ပြင်ပေးမယ်ပြောပြီး
ခေါင်းကိုတည့်လိုက်တာ..ရသွားတယ်။

   " ကဲ ဦးတို့ရေ အဖွားခေါင်းက တည့်လို့
ရပြီဗျ"
"အေးအေး မောင်ဝင်းသန့်ကျေးဇူးပါ မင်းက
အဖွားကို နေ့စဉ် ကြည့်ပေးနေတဲ့သူဆိုတော့
ရသွားတာလည်းဖြစ်နိုင်တာပဲလေ အေးအေး"

ဒါနဲ့အဖွားနာရေးလိုက်ပို့ပြီး..ညကြတော့ ဖဲ
ဝိုင်းမထားဘူးရယ်။ မိန်းမသားတွေပဲရှိလို့ဆိုပြီး
အဲ့မှာ ဝင်းသန့် သူငယ်ချင်အိမ်မှာ ညအိပ်စောင့်
ပေးရန် ပြောတယ်။ မိန်းမသားတွေပဲ ရှိတော့
ဝင်းသန်းက အောက်ထပ်က အဖွားဆုံးသွား
တဲ့ ဘေးခန်းကပ်ရက်ကအခန်းမှာ မိနှင်း
မောင်လေးတွေနဲ့ အိပ်မိ့ ုပြင်ဆင်လိုက်တယ်။
အိပ်တော့မအိပ်ကြသေးဘူး စကားတွေပြော
နေကြတုန်း ညသန်ခေါင်လောက်ကြတော့

" ဂျောက်...ဂျောက်"

"ဂျောင်း..ဂျောင်း "

"ဟာ အဖွားသေတ္တာ အသံကြားတယ်ဗျ "
အစ်ကိုဝင်းသန့်ရ
အဖွားများ ခြောက်နေတာလားမသိဘူးနော်"

"ဟာ ကြောင်နေမှာပါ...ကြောင်တိုးတာ
နေမှာပါဟ"ဝင်းသန့်ဒါတွေ အယုံကြည်မရှိ
တော့ သိတ်မကြောက်ဘူးရယ်။ကလေးတွေ
ကိုမကြောက်အောင် ..ကြောင်လှည့်
့်ချလိုက်သည်။

" ဂျောက်...ဂျောက်"
",ဂျောင်း ဂျောင်း"
"ဟာ အစ်ကိုဝင်းသန်း အဖွားခန်းဘက်လှမ်း
ကြည့်ရအောင် လှေကားနား။
 အဖွားခန်းရှင်းတော့ အဖွားသေတ္တာကို
 လှေကားဒေါင့်လေးမ.ှာ ကပ်ထားတာ.လေ"

ဒါနဲ့ အခန်းတံခါးဖွင့်ပြီး လက်နှိပ်ဓာတ်မီးလေး
နှင့် အပြင်ဘက်က အဖွားသေတ္တာ ထားထား
သည့်လှေကားဒေါင့်လေး ဝင်းကနဲနေအောင်
ထိုးကြည့်လိုက်ကြသည်။ အားလုံး လန့်၍
အော်ကြသည်။

"အားးး.. .....!!!!!"

ပါးစပ်ကလည်း အော် ကလေးတွေရော
ဝင်းသန့်ပါ အပေါ်ထပ်က ကလေးအမေခန်း
ပြေးကြတာပေါ့ ကလေးတွေက ကြောက်လို့
ဒူးတွေတုန်နေကြတာ..အပေါ်
ထပ်ရောက်တော့ အခန်းတံခါး အသားကုန်ထု
တယ် ကလေးတွေက
"ဒုန်း ဒုန်း ဒုန်း"
"ဒုန်း ဒုန်း ဒုန်း"
"မေမေရေ တံခါးဖွင့်ပေးဦး အဖွားက 
အောက်ထပ်မှာ ခြောက်နေလို့ "
"ဟဲ့ ငါတို့က မိန်းမတွေဟဲ့ ဒီမှာ လာအိပ်လို့မရ
ဘူး သွား အောက်ပြန်ဆင်း"

"မေမေရေ အောက်မှာ မနေရဲဘူး အဖွားက
သူ့သေတ္တာကြီးလာဆွဲနေတယ်။
သားတုိ့ ထွက်ကြည့်တော့ သေတ္တာက ကန့်လန့်
ကြီးတောင်ဖြစ်နေပြီ တံခါးဖွင့်ပေး ကြောက်
တယ်။ အောက်မှာမအိပ်ရဲဘု.."
"ဟဲ့ မဖွင့်ပေးဘူး အောက်မှာ သွားပြန်အိပ်
သွား သွားကြ""

"ကဲလာ ညီလေးသားတို့အမေက ဖွင့်ပေးမှာ
မဟုတ်ဘုး .အောက်ပြန်ဆင်းရအောင်"
ဆိုပြီး တစ်ယောက်ကိုတစ်ယောက် ပူးကပ်ကာ
အောက်ထပ်ပြန်ဆင်းလာခဲ့သည်။
အောက်ထပ်ရောက်တော့ လှေကားနား
မကြည့်ပဲ အခန်းထဲ ပြေးဝင်ကြပြီး
တံခါးကြီး ဆောင့်ပိတ်လိုက်ကြသည်။

"ဝုန်း"

ဝင်းသန့်တို့အသံမထွက်ရဲကြဘူး ဟုိရှေ့က
အဖွားကတော့ သူ့သေတ္တာကြီး တစ်ဂျောင်း
ဂျောင်း ဆွဲလို့ပေါ့ တစ်ညလုံး ဘယ်သူမှ

အသံမထွက်ရဲကြဘူး ကြောက်နေကြတာ။
အယုံကြည်မရှိတဲ့ဝင်းသန့်တောင် ဒီလို
နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်မှ ယုံသွားခဲ့တယ်
ပေါ့လေ။ တကယ်တော့ အဲ့အဖွားက စျေး
ရောင်းခဲ့တော့ ပန်းကန်ခွက်ရောက်တွေ
အိုးတွေကုိ သေတ္တာထဲမှာ ထည့်သိမ်းထားခဲ့
တာ အဲတာကို စွဲပြီး လာဆွဲနေတာလည်း
ဖြစ်နိုင်ပါတယ်။ နောက်နေ့မိုးလင်းတော့ သေတ္တာ
ကို ဘုန်းကြီးကျောင်းမှာ သွားလျူ ပစ်လိုက်
တယ်လေ။
အဖွားဒီဘဝမှ အမြန်ကျွတ်
လွတ် သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာသုဂတိ
ရောက်ပါစေကြောင်း ဆုတောင်းရင် သေတ္တာ
စွဲ ဇာတ်လမ်းလေ နိဂုန်းကပ္ပတ် အဆုံးသတ်
လိုက်ပါတယ်ရှင့် ဒီဇာတ်လမ်းလေးက 
အစ်ကို Win Thant Ymbပြောပြပေးတာ
ပါ စာတိုသွားရင်ခွင့်လွတ်ပေးပါလို့။
နာမည် စာရေးသူ.ထည့်ထားပါသည်။

        စာရေးသူ- နှင်းဆီမေ
#လေးစားစွာcreditပေးပါသည်

Post a Comment

أحدث أقدم

Comments