အဆင်ပြေနိုင်သေးတယ်.... ။

အဆင်ပြေနိုင်သေးတယ်.... ။


ဘာလုပ်လုပ် အဆင်ပြေတယ်။
ဘာပြောပြော အောင်မြင်တယ်။
ဘာပဲတွေးတွေး ကြည်လင်ရှင်းလင်းနေတယ်။ ဆိုတဲ့ရက်လည်းရှိမယ်။ 

ဘာပဲလုပ်လုပ်အဆင်မပြေဘူး။
ဘာပဲပြောပြော မအောင်မြင်ဘူး။
ဘာပဲတွေးတွေး မကြည်လင်မရှင်းလင်းနိုင်ဘူး ဆိုတဲ့ ရက်လည်းရှိမယ်။ 

အဆင်ပြေတဲ့ ရက်ဆို ကိုယ်တော်တယ် ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ Self confidence အပြည့် ရှိတတ်တယ်။ 

အဆင်မပြေတဲ့ရက်ဆိုရင် ကိုယ်ညံ့လိုက်တာ ဒါလေးတောင် မလုပ်နိုင်ဘူး၊ ဘာမှကိုအဆင်မပြေဘူးဆိုပြီး Self doubt တွေ အပြည့်ရှိတတ်ပြန်တယ်။ 

ကိုယ်ကပဲ ဒီလိုခံစားတတ်တာလား ကိုယ်ကပဲ ဖြစ်တာလား ဆိုတော့ မဟုတ်ဘူး။ ပုထုဇဉ်လူတိုင်း လူတိုင်းက ဒီလိုတစ်ကြိမ်တခါတော့ ခံစားဖူးကြမယ်လို့ ယုံကြည်မိတယ်။ 

တကယ်တမ်းကိုယ်က ကိုယ်ပါပဲ။ ပိုမတော်သွားသလို ပိုမညံ့သွားပါဘူး။ 

အပြင်ပုံသဏ္ဌာန်တူတဲ့ ဆားနဲ့ သကြားကို မခွဲခြားနိုင်လို့ စိတ်ရှုပ်သွားတာမျိုးပဲ ဖြစ်တယ်။ 

ကြုံခဲ့ဖူးမှာပါ ပြီးသွားတဲ့ နေ့ရက်တွေကို၊
နောက်ထပ်လည်း အများကြီးကြုံရပါဦးမယ်။ နေထွက်ချိန်မှာ ပျော်ရွှင်ရင် နေဝင်ချိနိလည်း အပြုံးနဲ့ နှုတ်ဆက်ရဲရတယ်။ အဆင်ပြေခြင်းကို ဖမ်းဆူပ်နိုင်ရင် အဆင်မပြေခြင်းကိုလည်း လက်ခံရဲရတယ်။ 

နောက်ထပ်လည်းနေထွက်ဦးမယ်၊ နောက်ထပ်လည်းနေဝင်ဦးမယ်။ နောက်ထပ်လည်း အဆင်ပြေဦးမယ်။ နောက်ထပ်လည်း အဆင်မပြေခြင်းတွေရှိဦးမယ်။ဒါက တားဆီးလို့မရတဲ့ လောကနိယာမပါပဲ။ 

ကိုယ့်အတွက် ဖြေသာတဲ့ တုံ့ပြန်မှုတစ်ခုရဖို့ 
ငါအဆင်မပြေဘူးလို့ မတွေးနဲ့။ ငါအဆင်ပြေနိုင်သေးတယ် လို့သာတွေးပါ။

နန်းသန်းသန်းဌေး(ဘဝစာပေ)
January 17
#nanthanthanhtay 
#2023goals

Post a Comment

Previous Post Next Post

Comments