ဘ၀မှာ တစ်ခါလောက် မွဲကြည့်လိုက်ပါ

ဘ၀မှာ တစ်ခါလောက် မွဲကြည့်လိုက်ပါ
•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•


ပတ်ဝန်းကျင် ဆိုတာ
သီးခံလွန်းရင် ခေါင်းထိ
တက်နင်းတတ်ကြတာ...

မင်းအရည်အချင်းကို
သူတို့ မကြည့်ဘူး မင်းရဲ့အမှားကိုပဲ
အပြစ်တင်လိမ့်မယ်...

အားနာလို့ လိုက်လျောခဲ့ရင်
မင်းကွယ်ရာမှာ ငတုံးကြီးပါကွာ ဆိုပြီး
ဟားတိုက်မယ့် လူစားမျိုးတွေကခပ်များများရယ်...

မင်းဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့
အဆင်မပြေတဲ့အချိန် မကူညီနိုင်ခဲ့ဘူးဆိုရင်
မင်းအပေါ် တေးမှတ်ထားကြမယ့် သူတွေ...

မင်းဟာမင်း ဘယ်လောက်ပဲ မှန်နေပါစေ
သူတို့နဲ့ ဆန့်ကျင်ဘက် သွား လုပ်မိခဲ့ရင်
မင်းက သူတို့ရဲ့ ရန်သူပဲ....

သူတို့လိုတုန်းက မင်းကူညီခဲ့ပေမယ့်
မင်းလိုတဲ့အခါ သူတို့ ဒုက္ခတွေပဲ ငြီးပြပီး
ငြင်းဆန်ကြလိမ့်မယ်....

မင်းမှာ ပိုက်ဆံရှိတဲ့ အခါတွေ
မင်းဘေးနားမှာ မြှောက်ထိုးပင့်ကော်နဲ့
ဝိုင်းဝိုင်းလည် နေပြီး..
မင်းလက်ထဲ ငွေမရှိတဲ့ အခါ
သူတို့တွေဟာ မင်းရဲ့အနားကနေ
ရှောင်ဖယ် သွားကြလိမ့်မယ်....

အဲ့ဒီလို လူတွေကို
သာ ပေါင်း ညာ စား လို့
ခေါ်ရင် မလွန်လောက်ပါဘူး...

သင် မယုံရင်
မွဲ ကြည့် လိုက် ပါ..
ပတ်ဝန်းကျင်ရဲ့ အကြောင်း
မင်းကိုယ်တိုင် သိလာပါလိမ့်မယ်..

အကျိုးရှိစွာ အသုံးချတတ်ပါစေ ✍✍✍

#မူရင်းရေးသားဖော်ပြသူအားလေးစားစွာခရက်ဒစ်ပေးပါသည်ခင်များ 

#လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည် 

#အလင်းသစ်

Post a Comment

Previous Post Next Post

Comments