လူတွေမှာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကလည်း ဆန်းကြယ်တယ်..

လူတွေမှာ
ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကလည်း ဆန်းကြယ်တယ်..


ကျွန်မတို့..ကိုယ်ခန္ဓာကြီးတစ်ခုလုံးရဲ့
အချုပ်ဟာ..ဦးနှောက်ပဲ..
သူကပဲ အရာရာကိုစေခိုင်းတာပဲ..

တစ်နေရာမှာယားတယ်ဆိုတာကို ဦးနှောက်ကပဲ အသိပေးတယ်
ယားတဲ့နေရာကို..ကုတ်ဖို့ဆိုတာလည်း ဦးနှောက်ကပဲပြောပေးတယ်

သူ့သတင်းပေးအချက်ပြမှုတွေဟာ..သိပ်မြန်ဆန်လွန်းတော့..ကျွန်မတို့က..ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ..
သြော်..ယားတဲ့အခါ ကုတ်လိုက်တာပေါ့..
ဆိုတာမျိုးလောက်ပဲ တွေးကြတယ်..

မီးခလုတ်လေးဖွင့်ဖို့..လက်ညှိူးကလေးနဲ့ထောက်တာကအစ..
ဦးနှောက်ရဲ့ အမိန့်ပေးမှုတွေပါတယ်..

စက်ဘီးစီးတဲ့နေရာမှာ
ကားမောင်းတဲ့နေရာမှာ..
ရေကူးတဲ့နေရာမှာ..
ကျွမ်းဘား..ဘောလုံးကန်..တင်းနစ်..ဘတ်စကက်ဘော..စတဲ့..ကိုယ်ခန္ဓာလှုပ်ရှားမှုတွေအပြင်
အနုပညာနဲ့ဆိုင်တဲ့..စာရေးတာ..သီချင်းဆိုတာ..ကခုန်တာ..
တွေအားလုံးမှာ..ဦးနှောက်ရဲ့ လေ့ကျင့်မှုတွေပါနေတယ်..

စစချင်းမှာ..ဘယ်သူမှ
မကျွမ်းကျင်ဘူး..
ဒါပေမဲ့..လေ့ကျင့်တာများတဲ့အခါ ကျွမ်းကျင်လာတော့တာပဲ..

အောက်စဖို့ဒ်ဆရာတော် ဟောတဲ့တရားတစ်ပုဒ်ထဲမှာ..မျောက်တွေနဲ့ ဦးနှောက်ကို စစ်ဆေးတဲ့အကြောင်းလေးနားထောင်ဖူးပါတယ်..

ဆရာတော်ဟာ..အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သလို
သိပ္ပံပညာကိုလည်း စိတ်၀င်စားတဲ့သူဖြစ်တာကြောင့်..
စိတ်တို့..ဦးနှောက်တို့ဆက်စပ်ပြီး..အလုပ်လုပ်ပုံတွေကို အမြဲပဲထည့်ဟောလေ့ရှိပါတယ်

ဆက်ပြောရရင်..မျောက်ကို ခလုတ်ကလေးတစ်ခုနှိပ်ခိုင်းတယ်..
လက်ညှိုးလေးနဲ့ ခလုတ်မှန်အောင်နှိပ်နိုင်တိုင်း အသီးတစ်လုံးကျွေးတယ်တဲ့..

အဲဒါမလုပ်ခင်မှာ..သူ့ဦးနှောက်ကိုဓါတ်ပုံရိုက်ထားလိုက်တယ်..
မျောက်က နေ့တိုင်းပဲ..ခလုတ်နှိပ်တယ်..
အသီးစားရတယ်..
အဲတော့..ခဏခဏနှိပ်တတ်လာတယ်..
နောက်ဆုံး အရမ်းကျွမ်းသွားရော..

အဲဒီအခါမှာ..သူ့ဦးနှောက်ကို တစ်ခါ ဓာတ်ပုံပြန်ရိုက်ကြည့်တယ်..
အဲဒီ..ခလုတ်နှိပ်တဲ့လက်ညှိုးလေးကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့အပိုင်းလေးဟာ..ကြီးလာတာကို တွေ့ရပါသတဲ့..

ဒီတရားလေးနာရတော့..စိတ်ထဲမှာ..အလင်းတွေ ပွင့်သွားသလိုခံစားရပါတယ်..

ဒါဆို...အကအခုန်တော်တဲ့သူတွေ..
ကျွမ်းဘားကစားတဲ့သူတွေ..
သူတို့ ဦးနှောက်တွေကို ကြည့်နိုင်မယ်ဆိုရင် ဒီကိုယ်လက်အင်္ဂါတွေကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်တဲ့ ဦးနှောက်ရဲ့ အပိုင်းဟာ..ကြီးနေမှာ..အမှန်ပါပဲ..

ဆရာတော်ကပြောတယ်..
စိတ်အတွေးတွေကိုလည်း..ဒီလိုပဲ လေ့ကျင့်ရပါတယ်တဲ့..

ဥပမာအားဖြင့်
အဆိုးမြင်စိတ်တွေအရမ်းများနေတဲ့အခါ
ကောင်းတာတွေကို ပိုတွေးပေးလိုက်ပါ..

ဒေါသစိတ်တွေများနေရင် မေတ္တာစိတ်အတွေးတွေကို ပိုတွေးလိုက်ပါ

မနာလိုစိတ်တွေများနေရင်
မုဒိတာအတွေးကို ပိုတွေးပေးလိုက်ပါ

ကြောက်စိတ်တွေများနေရင်
ကိုယ့်ကိုကိုယ်..ယုံကြည်စိတ်ကိုတွေးပေးပါ...

စိတ်တွေပြောင်းသွားအောင်..ဦးနှောက်နဲ့..လေ့ကျင့်တဲ့နည်းပါပဲ..
ဒီလို လေ့ကျင့်ရင်း..ဦးနှောက်ဟာ..ပြောင်းသွားနိုင်ပါတယ်တဲ့..

၁၆နာရီလောက်  ကမ္မဌာန်းထိုင်သလို လေ့ကျင့်မယ်ဆိုရင်
အကောင်းမြင်တတ်တဲ့စိတ်ပေါ်လာတယ်လို့..ပြောပါတယ်

ကောင်းတာကိုတွေးတဲ့..ဦးနှောက်ရဲ့အပိုင်းဟာ..ကြီးလာမယ်လို့..ဆိုပါတယ်..

၁၆နာရီပြည့်ဖို့က တစ်နေ့ကို နာရီ၀က်နုန်းနဲ့ဆိုရင် တစ်လနဲ့နှစ်ရက်မှာ
အကောင်းမြင်တဲ့စိတ်ကို ရနိုင်ပါတယ်တဲ့..

ဒါနဲ့မှ မလုံလောက်သေးဘူးဆိုရင်
နောက်ထပ် ၃လထပ်လုပ်ပါလို့ 
ဆရာတော်မိန့်တာ..
နာရဖူးပါတယ်..

ကျွန်မဦးနှောက်ကြီးကို.. ဓာတ်ပုံရိုက်ထားတာမမြင်ဖူးသော်လည်း..အဲဒီအချက်ကို လုံး၀ယုံကြည်ပါတယ်..

လူဦးနှောက်မှာလည်း..အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး..နှစ်ပိုင်းရှိပါသတဲ့..

အရှေ့ပိုင်းက ဦးနှောက်ဟာ..လူရဲ့ဦးနှောက်ဖြစ်ပါတယ်..
ဆင်ခြင်ဥာဏ်ရှိတယ်..
ယဉ်ကျေးတယ်..
မေတ္တာတရား..မုဒိတာတရားရှိတယ်..ပျော်ရွှင်တယ်..ခွင့်လွှတ်တယ်ပေါ့..

အနောက်ပိုင်းက ဦးနှောက်ကတော့..တိရိစ္ဆာန်တွေရဲ့ ဦးနှောက်မျိုးပါတဲ့..
အဆင်ခြင်ဥာဏ်မရှိဘူး..
ရိုင်းတယ်..ငြင်းခုံတယ်..ကိုယ့်ထက်သာရင်မနာလိုဖြစ်တယ်
ကြီးနိုင်ငယ်ညှင်းတွေလုပ်တယ်..
ကြွားဝါတယ်..ကြောက်ရင်ထွက်ပြေးတယ်..ဒေါသကြီးတယ်ပေါ့..

ကျွန်မတို့ လူတွေအများစုဟာ..အနောက်ဘက်က ဦးနှောက်ကိုပိုသုံးမိနေတတ်ကြပါတယ်..ပိုသုံးမိလေ..ပိုအင်အားကြီးလာလေပဲဖြစ်ပါတယ်

ကျွန်မ..ငယ်ငယ်က..သဘောထားသေးသိမ်တဲ့အထဲမှာပါခဲ့ဖူးပါတယ်..
မနာလိုတာ..စိတ်ပုတ်တာ..အကောင်းမမြင်တတ်တာ..ကြွားတတ်တာ..
စသည်ဖြင့်ပေါ့..
ကျွန်မရဲ့ တိရိစ္ဆာန်ဦးနှောက်က..အသုံးပြုတာများလွန်းတော့..
အင်အားကြီးနေခဲ့ပုံရပါတယ်

နောက်ပိုင်း 
စာတွေရေးရင်းနဲ့..ကိုယ့်စာတွေကို အများသူငါက တန်ဖိုးထားပြီးဖတ်လာကြတဲ့အခါ
ကောင်းတာတွေပဲ
ကြိုးစားပြီးရေးတော့မယ်....
အကုသိုလ်မဖြစ်အောင်ဘဲ
တတ်နိုင်သမျှရေးတော့မယ်လို့..သံဒိဌာန်ချခဲ့ပါတယ်..

အဲတော့..ကျွန်မ ကိုယ်တိုင် ကောင်းတာကို စတွေးမိပါပြီ..
ကျွန်မရဲ့..လူသားဦးနှောက်ဟာ..တဖြည်းဖြည်း အလုပ်လုပ်လာခဲ့ပါပြီ..

အရင်ကလုံးဝ ကြည့်လို့မရခဲ့တဲ့သူတွေနဲ့တောင် ရခဲ့ပါတယ်..
မုန်းခဲ့တဲ့သူကိုလည်း ပြုံးပြလို့ရခဲ့တယ်..
ကိုယ့်စိတ်ကြည်လင်မှုကို ညစ်နွမ်းစေမဲ့အတွေးတွေ လုံး၀မတွေးဘဲနေလိုက်တယ်..

ကျွန်မ.ဦးနှောက်ရဲ့ရှေ့ခြမ်းက..လူဦးနှောက်ဟာ..အတော်ကြီးနေပြီလို့..ကျွန်မခံစားရပါတယ်..
လိုအပ်တဲ့အချိန်ကလွဲလို့..အားထုတ်မသုံးတော့တဲ့..အနောက်ဘက်ခြမ်းက
တိရိစ္ဆာန်ဦးနှောက်ကတော့..တဖြည်းဖြည်း ကျုံ့၀င်သွားတယ်လို့
ကျွန်မ ထင်ပါတယ်..

အရာရာဟာ..အလေ့အကျင့်ပါပဲ..
ကောင်းတာဖြစ်ချင်ရင် ကောင်းဖို့ပြောင်းလဲနိုင်တဲ့ စိတ်ကိုကျင့်ယူပါ..
တစ်ချိန်တော့..ပြောင်းလဲသွားမှာပါ..

ကျွန်မလည်း..အမြဲ ကြိုးစားနေပါတယ်..

မွန်ဟော်စီ
၂၀၂၀ ဇန်နဝါရီ

#monhalsey
#REPOST
#PostFromThreeYearsAgo #BalanceWheelofLife
#ဟန်ချက်ညီသောဘဝ
#Morningvitamin 
#မနက်စာအာဟာရ

Photo
Capture

Post a Comment

أحدث أقدم

Comments