မေတ္တာစူးလို့မရူးစေလို

မေတ္တာစူးလို့မရူးစေလို
~~~~~~~~~~


ကိုယ်အပေါ်...
မေတ္တာ အစစ်အမှန်ပေးတဲ့သူကို...
မပြစ်မှားပါနဲ့

မေတ္တာ တရားဆိုတဲ့ စကားလုံးလေးဟာ
အင်မတန်မှ ကြားလို့ကောင်းတယ်
နာလို့ကောင်းတယ်
ခံယူလို့ကောင်းတယ်
သိမ်မွေ့တယ်
နူးညံ့တယ်လို့ ခံစားရတယ် 

ဒါပေမဲ့
အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း
မိုးကြိုးတစ်စင်း
မုန်တိုင်းတစ်ခု လိုလည်း
အန္တရာယ် ရှိပါတယ် 

စစ်စစ် မေတ္တာ တရားလို့ ရွတ်ဆိုလိုက်လျှင်
သူနောက်မှာ စေတနာပါတယ်
စေတနာနဲ့ ကပ်လျှင် မှ
ဂရုဏာတရား ပါတယ် 
ဂရုဏာ ဆိုတဲ့သဘောတရားနောက်မှာ...
သနားကြင်နာမှု တွေကျန်သေးတယ်

ဒါနဲ့ တင်မပြီးသေးဘူး
ကိုယ်အတွက် ခွန်အားတချို့ ကိုပါ
ဖြစ်တည်စေတယ်

ဒါကြောင့် 
ရှေ့ ပညာရှိတွေက ပြောကြတယ်
မေတ္တာ မစူး စေနဲ့ တဲ့...
မေတ္တာတရား ကိုနားမလည်တဲ့သူ
တန်ဖိုးမထားတဲ့ သူတွေဟာ
ဝဋ် လည်တဲ့အပြင်
မေတ္တာတရားစူး ရှ တဲ့ဒါဏ်ကိုပါ...
ခံစားရတတ်တယ်

လောကမှာ တစ်ချို့ သောလူတွေ
မေတ္တာတရား နားမလည်ကြဘူး

သူတို့ အတ္တတွေအတွက်
ကိုယ်ချင်းစာတရား နည်းပါးကြတယ်

သူတို့ မာန. အတွက်
တစ်ဖက်လူရဲ့ ခံစားချက်ကို
မစာနာတတ်ကြဘူး

အဲ့ဒီလို လူတွေဟာ
မေတ္တာစူးတတ်တယ်

ဒါကြောင့် ကိုယ့်အပေါ်ကို
မေတ္တာ တရားထားပေးတဲ့သူ ...
ဝေမျှပေးတဲ့ သူတွေကို...

မနာကျင်စေနဲ့
မထိခိုက်စေနဲ့ 
မလိုချင်ရင်တောင်
မစော်ကားမိစေနဲ့ 
ဝမ်းနည်းမှုတွေကို...
ပြန်မပေးမိစေနဲ့

အဒီ လူတွေမရှိတော့တဲ့
အချိန်ကာလ တစ်ခုမှ

ကိုယ်ပြုသမျှတွေက
ဝဋ်ကျွေး ပြန်လိုက်တတ်တဲ့အပြင်
မေတ္တတွေက ပြန်လည်ပြီး စူးတတ်တယ်

အဲ့အချိန်ဟာ
လူးလိမ့်စွာနဲ့ ခံစားရမယ် အချိန်ပါပဲ

ဘဝမှာ
ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ

ကိုယ့်အတွက်
ပြန်လည်ပြီး ပေးဆပ်ရမယ်
ဝဋ်ကျွေးကံကြမ္မာတစ်ခုကို 
အတ္တအတွက်နဲ့ ရယူလိုက်ခြင်းပါလို့....

မေတ္တာဖြင် ပြန်လည်မျှဝေပါသည်။

#credit

Post a Comment

أحدث أقدم

Comments