သိပ်ချစ်ရတဲ့ ကောင်လေးဆီသို့ ....

သိပ်ချစ်ရတဲ့ ကောင်လေးဆီသို့ ....


ဒီနေ့မှာပဲ ကိုယ် အပြီးတိုင် ထွက်သွားခဲ့ပါပြီ ။ မင်းရဲ့ဘဝထဲကနေရော မင်းရှိနေတဲ့ ဒီမြို့ကြီးဆီကနေရောပေါ့ ။ ကိုယ့်ရဲ့ နယ်မြို့လေးမှာပဲ ကိုယ့်ရဲ့ဘဝကို အသစ်ကနေ ပြန်စပါတော့မယ် ။ 5 နှစ်တာ အချိန်ဆိုတဲ့ကာလကြီးကို မင်းတစ်ယောက်တည်းအတွက် ကိုယ် အများကြီး ပေးဆပ်ခဲ့ပါတယ် ။ Jan 21 ကိုယ့်ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့နေ့ဆိုလည်း မမှားပါဘူး ။

သူ နောက်ဆုံးမှာ မေးခဲ့တယ် ။ ကိုယ့်မှာ အရှက်မရှိဘူးလားတဲ့ ??? ကိုယ် ဘာမှ မပြောနိုင်ခဲ့ပါဘူး ။ မျက်ရည်တွေသာ အလိုလို ကျလာနေခဲ့တယ် ။ သူ့နား ဘယ်သူမှမရှိခဲ့တဲ့အချိန် ကိုယ် ရှိနေပေးခဲ့တာတွေကို ဘာကြောင့် မေ့သွားခဲ့ရတာလဲ ??? နှစ်ယောက်စလုံး သေမှသာ ကွဲကွာကြမယ်ဆိုပြီး သူ ပေးခဲ့တဲ့ ကတိတွေ သူ ဘာကြောင့် မေ့သွားခဲ့ရတာလဲ ??? “ ဒီနေ့ထိ ငါ့နား မျှော်လင့်ပြီး နေနေတာလား ” တဲ့လေ ။ ညီမ သုံးဖို့မရှိခဲ့ဘဲ “ ရော့ နင် သုံး ငါအတွက် မလိုဘူး ” လို့ လိမ်ပြောခဲ့ဖူးတယ် ။ အဲဒီလို အချိန်တွေကို ဘာလို့ မေ့သွားခဲ့ရတာလဲ ?? “ ငါ ဘာမှမရှိခဲ့တဲ့အချိန် နင် ရှိနေပေးခဲ့တယ် ” တဲ့ ။ နင် မရှိရင် ငါ ပြန်ထလာနိုင်မှာ မဟုတ်ဘူးတဲ့လေ ။ နင့်ကို ဘယ်တော့မှ ပြန်မလွှတ်သွားတော့ဘူး ” လို့ သူ ပြောခဲ့တာတွေ ဘာကြောင့် မေ့သွားခဲ့ရတာလဲ ???

အခုတော့ ကိုယ် ထွက်သွားပေးတော့မှာပါ ။ နောက်ဆုံးအကြိမ်မှာ ထိုင်ငိုခဲ့တာတွေ ၊ ညီမ ပို့ခဲ့တဲ့စာတွေ သူ နောက်ဆုံးထိတောင် မဖတ်သွားခဲ့လိုက်ဘူး ။ တစ်ညလုံး ထိုင်ငိုခဲ့တယ် ။ ကိုယ့်ရဲ့ ဝဋ်ကြွေးက ဘာလို့အရမ်းကြီးမားရတာလဲလို့တွေးရင်း သူ ပျော်ဖို့သာ အမြဲဦးစားပေးပေမဲ့ ကိုယ့်အတွက်ကိုယ် တစ်ကြိမ်မှ မကြည့်ခဲ့လိုက်ဘူး ။

နောက်နေ့ မနက်မှာ သူ့အတွက် အမြဲ ပေါင်ပေးနေခဲ့တဲ့ လက်ပတ်လေးကိုပါ ရောင်းလိုက်ခဲ့ပြီး မိဘတွေရှိတဲ့ နယ်မြို့လေးကိုသာ ပြန်လာခဲ့တော့တယ် ။ ကိုယ် သူ့ကို ဟိုးအရင်ထဲက ပြောပြောနေကျ စကားတစ်ခွန်း ရှိတယ် ။ ခဏတာ လှပနေတဲ့ ကြယ်တွေကိုပဲ မကြည့်ပါနဲ့ ။ ကိုယ့်ကို အလင်းရောင် ပေးနေတဲ့ လမင်းကြီးကို တစ်ကြိမ်လောက် ကြည့်ကြည့်ပါလားလို့ပေါ့ ။ ကြယ်တွေလို ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ။ အဆုံးထိ အနားမှာ အလင်းရောင်းပေးပြီး နေသွားမှာလို့လေ ။

ကိုယ် မထွက်ခွာခင် မနက်အစောကြီး အိပ်မက်မက်ခဲ့တယ် ။ အမဲ မကြိုက်တဲ့ ကောင်လေးဟာ အမဲရောင် အင်္ကျီ နဲ့ ပုဆိုးလေးဝတ်ပြီး ကိုယ့်ရဲ့ အရှေ့ရောက်လာခဲ့တယ် ။ နင် ငါ့ကို စိတ်ဆိုးနေတာလားတဲ့ ??? ငါ နင့်အတွက် ဘာဝယ်လာလဲသိလားလို့ သူ့လက်ထဲက ခရုခွံလေးတွေနဲ့ အလှဆင်ထားတဲ့ အရာတစ်ခုကို ထုတ်ပြခဲ့တယ် ။ မပေးဘူးဆိုပြီး စနောက်ပြီး သူပြေးသွားတဲ့အချိန် ကိုယ် အနောက်ကနေ ပျော်ရွှင်ပြီး သူ့ကို လိုက်ဖမ်းနေခဲ့တာ ။ ပြီးတော့ အိပ်မက်ကနေ လန့်နိုးလာခဲ့တယ် ။ အိပ်မက်ဟာ လက်တွေ့သာ ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲနော်....

သူ့ကို ကိုယ် ဒီကနေပဲ နောက်ဆုံးတစ်ခု ပြောခဲ့ချင်တယ် ။ ငါ နင့်ကို နောက်ဆုံးချိန်ထိ မမုန်းသွားခဲ့ပါဘူး ။ နင့်ရဲ့ဖုန်းလေးကိုသာ နောက်ဆုံးအချိန်ထိ မျှော်နေပီး ထွက်ခွာသွားခဲ့တာပါ ။ တစ်နေ့နေ့တော့ နင် ပြောခဲ့တဲ့စကားတွေ နင် လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် နင် ဝမ်းနည်းလာမိမှာပါ ။ အဲဒီအချိန်ကျရင် ငါ့ကို ပြန်လာမရှာပါနဲ့တော့ ။ ငါ့ကို သတိရလာတဲ့အချိန် ကောင်းကင်ကို မော့ကြည့်ပြီး လမင်းကြီးကိုသာ တောင်းပန်လိုက်ပါ ။ ငါ နင့်ကို ခွင့်လွှတ်ခဲ့ပါတယ် ။ နင် အောင်မြင်တာပဲ ငါ မြင်ချင်ခဲ့တာလို့ အမြဲပြောနေခဲ့တဲ့ စကားလေးအတိုင်း အောင်မြင်အောင်ကြိုးစားပါ ။ ပျော်ရွှင်ရပါစေ ကောင်လေးရေ....

#မပြောဖြစ်ခဲ့တဲ့စကားတွေ

Post a Comment

أحدث أقدم

Comments