ပို့ကုန်လုပ်ငန်းစဉ် (Export Process)
မိမိရဲ့ထုတ်ကုန်ကို နိုင်ငံတကာကိုတင်ပို့ဖို့အတွက်ဘယ်လိုလုပ်ငန်းစဉ်အဆင့်ဆင့်တွေ လိုအပ်မလဲဆိုတာကို ယေဘုယျသဘောတရားဖြင့် မျှဝေပေးချင်ပါတယ်ခင်ဗျ…
၁။ မိမိရဲ့ထုတ်ကုန်ကို တစ်ဖက်ဝယ်ယူမည့် buyer or market အဓိကရှာဖွေရခြင်း ၊
၂။ ငွေပေးချေမှုစနစ် ဘဏ်လုပ်ငန်းစဉ်များနှင့်ကုန်စည်ရောင်းဝယ်ခြင်းစာချုပ်ချုပ်ဆိုခြင်း ၊
၃။ ကုန်ပစ္စည်းတင်ပို့မှုအတွက် ကုန်တင်ယာဉ်စီစဉ်ခြင်း ၊
၄။ ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများရှင်းလင်းပြုစုခြင်း ၊
စသဖြင့်လုပ်ငန်းစဉ်များလိုအပ်ပါသည်။
၁။ မိမိရဲ့ထုတ်ကုန်ကို တစ်ဖက်ဝယ်ယူမည့် buyer or market အဓိကရှာဖွေရခြင်း ၊
မိမိကိုယ်ပိုင် websiteများ ၊ C2C , C2B ရောင်းချခြင်း ၊ Alibaba , Ebay , Amazon တို့ကဲ့သို့ online market ၊ Social Media တို့မှတစ်ဆင့် နည်းလမ်းများစွာ ရှာဖွေခြင်းဖြင့် market ကိုရယူရပါသည်။
ကုန်ပစ္စည်းအရည်အသွေး စံနှုန်း နှင့် သတ်မှတ်ထားသော ထောက်ခံချက်စာရွက်စာတမ်း Certificate များလိုအပ်သလို နမူနာပေးပို့သည့် specification နှင့် ရောင်းချသော specification ကိုက်ညီမှုရှိအောင်တာဝန်ယူဆောင်ရွက်ခြင်း ၊ Promotion များဖြင့် စျေးကွက်ကိုအပြိုင်အဆိုင်ကမ်းနည်းများစွာနဲ့ရယူရှာဖွေရသည်။
၂။ ငွေပေးချေမှုစနစ် ဘဏ်လုပ်ငန်းစဉ်များနှင့်ကုန်စည်ရောင်းဝယ်ခြင်းစာချုပ်ချုပ်ဆိုခြင်း ၊
ငွေပေးချေမှုစနစ် Payment terms & Sale contracting methods များတွင် တစ်နိူင်ငံနှင့်တစ်နိူင်ငံ ၊ Company တစ်ခုချင်းစီအတွက်မတူကွဲပြားသော ပုံစံများစွာဖြင့် ရောင်းဝယ်မှုငွေပေးချေခြင်းများပြုလုပ်ကြပါသည်။
၃။ ကုန်ပစ္စည်းတင်ပို့မှုအတွက် ကုန်တင်ယာဉ်စီစဉ်ရခြင်း၊
သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် နယ်မြေထိစပ်သောနိူင်ငံများအတွက် truck & train အများဆုံးအသုံးပြုပြီး ဝေလံသောနိုင်ငံများအတွက် အချိန်နှင့်လိုအပ်ချက်ကိုတွက်ချက်ပြီး airline & shipment ဖြင့်သယ်ယူကြသည်။
ရေနံ ၊ သဘာဝဓါတ်ငွေ့ ၊ ရေ နှင့် အစရှိသော ကုန်စည်များအတွက် Pipe line ဖြင့် သယ်ဆောင်ကြသည်။
ICC ( International Chamber of Commerce )အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းမှ သယ်ယူပေးပို့မှုနှင့်ကုန်ရောင်းသူဝယ်သူတာဝန်ယူဆောင်ရွက်ရမည့် ပုံစံများအတွက် 1953 , 1967 , 1976 , 1980 , 2000 , 2010 & 2020 ခုနှစ်များအတွက် Incoterms ကိုအဆင့်ဆင့် ပြင်ဆင်ဖြည့်စွက်ခဲ့ကြပါသည်။
ထို Incoterms များမှာ ယနေ့ကုန်သွယ်မှုရေးရာများတွင် အသုံးပြုလျက်ရှိကြပြီး ကုန်သွယ်မှုပြုလုပ်သူများအနေဖြင့် ထို Incotermsကို သိရှိနားလည်သင့်ပေသည်။
၄။ ကုန်သွယ်မှုဆိုင်ရာအတွက် လိုအပ်သောအချက်အလက်များ ရှင်းလင်းပြုစုခြင်း ၊
(က) ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင် ၊
(ခ) ကုန်သွယ်ရေးဦးစီးဌာနမှ သွင်းကုန်ထုတ်ကုန်ခွင့်ပြုလိုင်စင် ၊
(ဂ) အကောက်ခွန်ဦးစီးဌာနမှ ခွင့်ပြုချက် ၊
(ဃ) Banking လုပ်ငန်းဆောင်ရွက်ချက် ၊
(င) အကောက်ခွန်ရှင်းလင်းခြင်း ၊ သင်္ဘောတင်စာရွက်စာတမ်း ၊ Banking Documents အစရှိသောလုပ်ထုံးလုပ်နည်းများကို တိကျသေချာစွာဆောင်ရွက်ရပါသည်။
အထက်ပါအကြောင်းအရာများသည် ပို့ကုန်လုပ်ငန်းဆောင်တာများအတွက်အဓိကလုပ်ဆောင်ချက်များသာဖြစ်ပြီးအသေးစိတ်ချိတ်ဆက်မှုများစွာရှိပါသည်။
Thura Kyaw
Fast Carriers Solutions
Basic Export & Import Procedure in Trading
( Batch - 1 )

إرسال تعليق