သွင်းကုန်လုပ်ငန်း ( Import Process )
အပိုင်း (၂)
အပြင်မထွက်ပဲအလုပ်နားမယ့်သူတွေအတွက် လေ့လာဗဟုသုတရဖို့မျှော်လင့်ပြီး စာတွေအဆက်မပျက်တင်ပေးမှာဖြစ်သလို ၊ ဒီ post ရဲ့ comment မှာ (Political Economy)နိုင်ငံရေးဘောဂဗေဒ ၊ (International Trade) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်ငနိးစဉ်ကိုမဆို သိလိုသမျှမေးလို့ရပါတယ်ဗျ…
သွင်းကုန်လုပ်ငန်း အပိုင်း၂ ကိုဆက်လိုက်ကြရအောင်…
သွင်းကုန်ဆိုတာ မိမိနိုင်ငံအတွက်ဖြစ်ပေမယ့် တစ်ဖက်မှပို့တဲ့နိုင်ငံအနေနဲ့ကြည့်ရင် ပို့ကုန်ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံဘက်က ပို့ရင်တော့ တစ်ဖက်နိုင်ငံအတွက်သွင်းကုန်ဖြစ်ပါတယ်။
ကုန်သွယ်မှုမလုပ်ပဲ နိုင်ငံတွေဟာရပ်တည်လို့ရသလားဆိုတော့ ရပါတယ်။ ကုန်သွယ်မှုပြုလုပ်ခြင်းမရှိ ကုန်ထုတ်လုပ်နိုင်ခြင်းမရှိတဲ့နိုင်ငံတွေဟာ ကုန်သွယ်မှုအားကောင်းတဲ့နိုင်ငံတွေနဲ့ယှဉ်ရင်အဖက်ဖက်မှအမြဲနိမ့်ကျနေပါတယ်။
ကုန်ပစ္စည်းစီးဆင်းမှုသဘောတရားများအရ တစ်နိုင်ငံနှင့်တစ်နိုင်ငံကုန်သွယ်မှုသဘာတူညီထားတဲ့အချက်အလက်များစွာ ရှိပါတယ်။
CEPT ( Common Effective Preferential Tariff )လို့ခေါ်တဲ့ ASEAN ဒေသအတွင်းရှိနိုင်ငံများရဲ့ AFTA ( Asian Free Trade Area )ကုန်သွယ်မှုဆိုင်ရာအခွန်သက်သာခွင့်သဘာတူညီချက်တွေဖြစ်ပါတယ်။ CEPT ရဲ့ Certificate of origin Form - D ဟာ ASEAN ဒေသအတွင်း Customs Duty ကင်းလွတ်ရန်ဖြစ်သလို ကင်းမလတ်သောအခွန်များလည်းပြဌာန်းထားပါတယ်။ နောက်မှ CEPT နဲ့ပတ်သတ်တာအသေးစိတ်ရှင်းလင်းသွားပါမယ်။
အရင်တစ်ပတ်က အကြောင်းလေးပြန်ဆက်လိုက်ရအောင်ဗျာ…
၂။ Honorable ( or ) Cachet ( ဂုဏ်သရေရှိမှု )
ပွင့်ပွင့်လင်းလင်းပြောရရင် ကြီးကျယ်ခြင်းလို့ယျေဘုယျပြောလို့ရမယ်။ တစ်ချို့ကတော့အမှန်တကယ်လိုအပ်လို့အသုံးပြုရခြင်းဖြစ်ပါတယ်။ ဆရာမောင်ရေအေး (ဟားဗက်တက္ကသိုလ်) ပြောခဲ့သလို နိုင်ငံရပ်ခြားမှတင်သွင်းတဲ့ပစ္စည်းကိုသုံးမှ အဆင့်အတန်းရှိသလို ၊ ဂုဏ်ရှိသလို လူအများကသတ်မှတ်ထားတဲ့ပစ္စည်းတွေရှိပါတယ်။
ဥပမာ - ဝိုင်နဲ့ရေမွှေးဆိုရင် ပြင်သစ်ထုတ်မှ ၊ Whiskey ဆို စကော့တလန် ၊ Beer ဆိုတာနဲ့ ဂျာမဏီ ၊ Spaghetti နဲ့ Pizza ဆို အီတလီ ၊ ဒိန်ခဲဆိုနယူးဇီလန်စသဖြင့်ပေါ့။
ကိုယ့်နိုင်ငံအတွင်းမှာရှိလျှက်နဲ့ကို အသုံးပြုကြ မှာယူတင်သွင်းရောင်းချကြပါတယ်။ ကျနော်တို့နိုင်ငံမှာ အုန်းပင်လက်ညိုးထိုးမလွဲပါဘူး။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေက အုန်းသီးသွင်းတယ် ၊ အုန်းရေကိုpackingကောင်းကောင်းနဲ့တာရှည်ခံပစ္စည်းထည့်ပြီးရောင်းတယ် ၊ ဝယ်သောက်ကြတာပဲ။ စိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံ ပန်းသီး ၊ စပျစ်သီး ၊ ဒူရင်းသီး အကုန်ရှိတယ် ဒါပေမယ့် import မှစားတယ်။ အမဲသား ၊ဝက်သား ၊ ဆိတ်သား import အကုန်ဝယ်လို့ရတယ်။
ဘာကြောင့်ဒါတွေဟာ စျေးကွက်မှာရှိနေသလဲဆိုရင် Cachet ကြောင့်ပါ။ တစ်ချို့အတွက်အမှန်တကယ်လိုအပ်တယ် ၊ local marketမှာရှိတဲ့ကုန်တွေဟာ ကျန်းမာရေးနဲ့မညီဘူး ၊ အရသာမရှိဘူး ၊ စိတ်မချရတဲ့တခြားအကြောင်းတွေအများကြီးပေါ့။
၃။ Competitive Price ( စျေးနှုန်းနှိုင်းယှဉ်မှု )
ကျနော်တို့နိုင်ငံအနေနဲ့ နည်းပညာနဲ့ကုန်ထုတ်လုပ်နိုင်မှုစွမ်းအားနိမ့်ကျတဲ့အတွက် အပ်ကနေစလို့ဒုံးပျံအထိတင်သွင်းနေတာသိသာထင်းရှားလှပါတယ်။
ကျနော်တို့နိုင်ငံ ဌက်သိုက်ကုန်ကြမ်းတွေပေါတယ် ကုန်ချော ready to eat မလုပ်နိုင်ဘူး fine goods တွေမလုပ်နိုင်ဘူး။ ထိုင်းကဌက်သိုက်ကုန်ကြမ်းကိုစျေးပေါပေါနဲ့ဝယ်တယ် ကျနော်တို့ဆီ တစ်ခါသောက်ဌက်သိုက်ဗူးတွေစျေးကြီးကြီးနဲ့ပို့တယ်။ ရာဘာပင်စိုက်ခင်းတွေပေါမှပေါ ညှပ်ဖိနပ်ကလွဲပြီး ကျန်တာပီပီပြင်ပြင်မထုတ်နိုင်ဘူး ၊ အိမ်နီးချင်းနိုင်ငံတွေကဝယ်တယ် ကား ၊ စက်ဘီး ၊ ဆိုင်ကယ် Tyre လုပ်တယ် ကျနော်တို့ဆီ စျေး အဆ၂၀လောက်ကွာပြီးရောင်းတယ် သုံးရတာပဲ ကိုယ်မှမထုတ်နိုင်တာ။
ကားတွေ ၊ ယာဉ်တွေမထုတ်နိုင်ဘူး ၊ တစ်ခြားနိုင်ငံက နှစ်ပါင်းများစွာစီးပြီးမှာ အရည်မကျိုခင်ဒီကိုပို့တယ် စီးရတာပဲ။ ပျော်စရာလည်းကောင်းပါတယ်။
ဒီလိုပဲကုန်ကြမ်း(Raw Materials)ထုတ်လုပ်မှုအဆင့်ကမတက်နိုင်ဘူး။ ပို့ကုန်မရှိရင် နိုင်ငံခြားဝင်ငွေမရှိဘူး။ သွင်းကုန်တွေပဲလိုနေတော့ ဒေါ်လာတွေလိုတယ် ၊ မြန်မာ့ငွေကတန်ဖိုးကျလာတာပဲ။ အိမ်နီးချင်းနိုင်ငံတွေအတွက် ကုန်ကြမ်းဒိုင်ခံထုတ်တဲ့နိုင်ငံဖြစ်နေပြီ။ သူတို့နိုင်ငံမှာတောင် ကုန်ကြမ်းအတွက်လိုအပ်ရင် မြန်မာကိုစိုက်ခိုင်းတယ် ဒါကိုအားမရရင် မြေနေရာဌားပြီး ကိုယ်တိုင်လာစိုက်တယ်။ ဒီနိုင်ငံတိုးတက်သွားမှာ သိပ်ကြောက်ကြတယ်။
အထူးသဖြင့် တရုတ်နိူင်ငံ လိုသမျှအကုန်ရနေတော့ Trade War လုပ်ထားတယ်။ ၁၉၂၄ခုနှစ် ဒေါက်တာဆွန်ယက်ဆင်ရေးခဲ့တဲ့စာတမ်းတစ်စောင်မှာ မြန်မာပြည်ကို တရုတ်ရဲ့လက်အောက်ခံနယ်လို့ ရေးသားဖူးတယ်။ မော်စီတုန်းကလည်း တရုတ်ရဲ့ပြည်နယ်တစ်ခုလို့သတ်မှတ်ထားဖူးတယ်။
တရုတ်ဟာ ၁၃ရာစု မှာ မွန်ဂိုတရုတ်တွေ တိုက်ခိုက်လို့ ပုဂံခေါတ်ပျက်သုန်းတယ်။ ၁၇ရာစု တရုတ်မင်မင်းဆက် အင်းဝထိသိမ်းပိုက်တယ်။ လွန်လေသောနှစ်၂၀၀၀ကျော်လောက်က တိုက်ခိုက်သိမ်းပိုက်လို့ ပျူနိုင်ငံပျက်စီးခဲ့ရတယ်။
အခုထိလည်းလွန်ဆန်လို့ ငြင်းပယ်လို့မရဘူး။ ကျနော်တို့ရဲ့နိုင်ငံရေးကအစ စွက်ဖက်နိုင်တဲ့အထိ ဩဇာအာဏာသက်ရောက်တယ်။ ချိန်ခွင်လျှာဟာ သူနဲ့အများကြီးပတ်သတ်နေတယ်။ သူ့ကိုငြင်းပယ်ဖို့သိပ်ခက်နေတဲ့အတွက် တနည်းအားဖြင့် သူ့ကိုဘယ်လိုပြန်အသုံးချမလဲဆိုတာ စဉ်းစားသင့်တယ်လို့မြင်ပါတယ်။
ကမ္ဘာ့ကုန်စည်စီးဆင်းမှုမှာ တရုတ်နေရာကိုဘယ်သူမှမမီတော့ပါဘူး။ Global Trade ( or ) International Trade မှာ ဘုရင်ဖြစ်နေပါပြီ။ Africa မှာ တရုတ် ငွေကြေးစိုက်ထုတ်ဆောက်လုပ်ခြင်း (funder) ၊လုပ်ငန်းစဉ်များလည်ပတ်ခြင်း ( operator)၊ ( funder & operator ) နှစ်ခုစလုံးလည်ပတ်တဲ့ ဆိပ်ကမ်းပေါင်း ၂၃ခုအထိရှိပါတယ်။ ဒီထက်ပိုချင်လည်းပိုနိုင်ပါသေးတယ်။
လိုအပ်တဲ့ကုန်ချောတွေထုတ်လုပ်နိုင်ဖို့ လည်ပတ်နိုင်ဖို့ စားရိတ်စားခတွေများလွန်းတဲ့အတွက် ကုန်ပစ္စည်းတင်သွင်းခြင်းဟာ ကျနော်တို့နိုင်ငံအတွက်လက်တလောအရ ပိုအဆင်ပြေနေပါတယ်။
နောက်ထပ်ရက်များမှာ ဆက်လက်ဆွေးနွေးတင်ပြသွားပါမယ်ခင်ဗျ…
Thura Kyaw
Fast Carriers Solutions
Basic Export Import Processes & Procedures
(Batch -1)

إرسال تعليق