``ကျုပ်ဖိုးအေပြောတဲ့ ဖားရိုက်တဲ့ည´´
....ဂျိန်းးးဒိန်းးဂျလိန်းးး
...ဖြော....ဝေါ.......
ကဆုန်လ္ဆုပ်ရက်တရက်တွင် တနေ့လုံးအဆက်မပျက်ရွာသောမိုးကြောင့် `မိုးကြိုးပစ်´ကွင်းကြီးအတွင်းရှိ လယ်ကွက်များအားလုံး မိုးရေများ ဘောင်းလံအောင်လျှံကုန်တော့သည်။ `မိုးကြိုးပစ်´ကွင်းကြီးရဲ့အရှေ့ဘက်မှာတော့ ပုသိမ်➳ ကြံခင်း မီးရထားလမ်းရှိပြီး ရွာရဲ့ ယာဘက်မှာ`မိုးမခ´ကျေးရွာရှိပြီး ဘယ်ဘက်မှာတော့ `မီးလောင်ကုန်း´ရွာရှိပါတယ်။ တနေ့လုံး သဲသဲမဲမဲရွာသောမိုးဟာ ညနေ၃နာရီအချိန်လောက်ကြ စဲသွားပြီး ခက်ဖွဲဖွဲသာကျနေတော့သည်။
......မီးလောင်ကုန်းရွာသား ငမောင်ဟာ မိုးအေးသောဒဏ်ကိုခုခံရင်း မီးဖိုပေါ်ကရေနွေးအိုး အမြန်ဆူစေရန်ထင်းစများထပ်တင်လိုက်သည်။ မီးအရှိန်ရလာတော့ အိမ်အဆင့်ပေါ်ပြန်ထိုင်ပြီး ဆေးတံထိတ်က ဆေးအိုးထဲမှ ဆေးချေးများကိုခါချလိုက်သည်....ထို့နောက် လှီးပြီးသားဆေးကို ဆေးအိုးထဲသို့ဖိသိတ်ထဲ့ပြီး ဒန်မီးခြစ်ဖြင့် မီးငြှိလိုက်သည်..မီးစွဲသွားတော့ ပါးများချိုင့်ဝင်သွားတဲ့အထိ မီးခိုးများကိုရှိုက်ပြီးအဆုတ်ထဲသို့သွင်းလိုက်သည်။
ဒီအချိန်မှာ....
....ဖြော...ဗြော......
..ရှဲ....ရှဲ...
..ငမောင်.
..ဟဲ့....သောက်ခွေး...
...ချစ်သိန်....
...ဖူးး..ဖူးး...ကုန်ပါပြီ...ငါ့လုံချည်တော့..
.....
.....ဟဲ့....ကာလာနာရဲ့...အသံမပေးဘာမပေးနဲ့....ခွီးမှပဲ...
...ဆေးတံကို ဇိမ်နဲ့ရှိုက်နေစဉ် အိမ်ပေါက်ဝမှ ပလီမကိုဆောင်းပြီး ရုပ်တရက်ဝင်လာသော မိုးမခရွာသား ချစ်သိန်းကြောင့် လက်ထဲမှဆေးတံလွတ်ကျပြီး ငမောင်၏ပုဆိုးပေါ် မီးပွားများကျကုန်သည်။
.....ရော်...ငမောင့်နယ်...လန့်တတ်ရန်ကောဟာ...ဒီလောက်ကြောက်တတ်ရင် မင်းမိန်းမ မော်ကြီးရဲ့ထဘီကိုဝတ်ထား....
.....ဘာကွ....ကြောက်တာမဟုပ်ဘူး...လန့်တာဟ....အိမ်ထဲဝင်ရင် အသံလေးဘာလေးပေးမှပေါ့ မသာရဲ့....
...အလိုက်ကန်းဆိုးလေးတော့ သိဦးမှပေါ့.....
..ကဲပါကြာ.....
..မင်းလန့်တတ်တာထားတော့....အခုငါလာတဲ့အကြောင်းပြောမလို့.....
...အလို....ဆိုစမ်းပါဦးဟ..ထူးထူးဆန်းဆန်း.. ...
.....ခုည မင်းနဲ့ငါ အလုပ်လုပ်စရာရှိတယ်...
...ဟေ...ဘုရား..ဘုရား.....ကြားသားမိုးကြိုး....
...နားကြားများလွဲလေရော့သလား ချစ်သိန်းရယ်...မင်းလိုကောင်က အလုပ်လုပ်မယ်ဆိုတော့...မိုးကြိုးတွေတော့ ပစ်ကုန်တော့မှာပဲ....မကောင်းရာမကောင်းကြောင်းလေး လုပ်ဖို့အတွက်မှ ဟုပ်ရဲ့လားကွာ....
...အေး...ဟုပ်တယ်.....ခုည မိုးကြိုးပစ်ကွင်းထဲမှာ ဖားသွားရိုက်မလို့ မင်းကိုအဖော်လာစပ်တာ..
...ဘာ.....
...မိုးကြိုးပစ်ကွင်းမှာ...ဖားရိုက်...
...ဟေ့အေ....မလိုက်ဘူး....
...မိုးကြိုးပစ်ကွင်းတော့ တာ့တာပဲ..
...ဟာ...ဘာဖြစ်လို့လဲ ငမောင်...
....ကို့ကွင်းပဲဟာ...ဒီနေ့တနေ့လုံးရွာထားတဲ့မိုးနဲ့ဆို ခုညဖားတွေအတော်ပေါ်မှာနော်...
....အဲ့ဒါကို ငါသိတယ်ချစ်သိန်း...ငါလဲ ဖားရိုက်ဝါသနာကြီးတဲ့ကောင်ပါ...ဒါပေမဲ့...?
...ငမောင်က စကားကိုဆက်မပြောပဲတစ်ထားသဖြင့် ချစ်သိန်း စိတ်မရှည်တော့...
...ဟာကွာ...ဘာ ဒါပေမဲ့လဲ...ဆက်ပြောကွာ.....
...ဟို....ဟို...ချစ်...ချစ်တင်ကြီးကို....ကြောက်..လို့...
....ဘာ......ဟားဟားဟား
...ချစ်တင်ကြီးက သေတာဖြင့် လတောင်လဲပြီ ဘာကြောက်စရာရှိလဲ.....
...ရော်....သေလို့ကြောက်တာပေါ့ဟ...
...ဒီလူကြီးမကျွတ်ဘူးကွ....တမြန်နေ့ညနေက ဖိုးထူးတို့ညီအကို ကြွက်လိုက်ရင်း ချစ်တင်ကြီးကိုတွေ့ခဲ့တယ်...
...ဘယ်လို....
...မဟုပ်တာကွာ...ဒီကောင်တွေ ဘယ်နေရာမှာ ဘယ်လိုတွေ့ခဲ့တာလဲ...?
...အေး...ဖိုးထူး နဲ့ သာထူး တို့ညီအကိုနှစ်ယောက် တမြန်နေ့ညနေက ချစ်တင်ကြီး ရဲ့လယ်ထဲမှာ ကြွက်သွားထောင်ရင်း..လယ်တင်းကုတ်ရှေ့က ဆီးပင်မှာ ဆွဲ ကြိုးတန်းလန်းနဲ့သေနေတဲ့ ချစ်တင်ကြီးရဲ့အလောင်းကို အရင်သူသေခဲ့တုန်းကအတိုင်းပဲမြင်ခဲ့ရတယ်တဲ့...
....ဟေ....ဟုပ်ပါ့မလားကွာ..
...ဟုပ်မဟုပ်တော့မသိဘူး...အဲ့ဒီကြိုးတန်းလန်းနဲ့အလောင်းက သူတို့ကိုလက်ယက်ခေါ်လို့တဲ့... ကြွက်ကိုင်းတွေထားခဲ့ပြီးနှစ်ကောင်လုံးအော်ပြေးကြတာပဲ။
...နိုး....မဖြစ်နိုင်ဘူး....ဒီညီအကိုတွေ အသောက်ကြူးတာ မင်းလဲအသိပဲဟာ..မူးမူးရူးရူးနဲ့ မြင်ချင်ရာမြင်တာဖြစ်မှာပါ.....ပြီးတော့ ဒီမိုးကြိုးပစ်ကွင်းကြီးထဲမှာ ချစ်တင်ကြီးရဲ့လယ်တခုပဲ ဖားရှိတာမှမဟုပ်တာ တခြားလယ်မှာသွားရိုက်မယ်လေ...ရိုက်စရာလယ်တွေပေါပါတယ်ကွာ....
...ဟေ့အေကွာ...တခြားလူသွားခေါ်...ငါတော့လိုက်ချင်စိတ်မရှိဘူး ချစ်သိန်း...
...ငမောင်၏ပြတ်သားတဲ့အဖြေကြောင့် ချစ်သိန်းဟာ သူ့ရဲ့ ကွမ်းချေးတက်နေသောရှေ့သွားများကိုပေါ်တယ်ဆိုယုံလောက် မဲ့ပြုံးတချက်ပြုံးလိုက်ပြီ....
...ဟင်း..ဟင်း....
...မလိုက်လို့တော့ မရဘူး ငမောင်...
..ဟမ်...ဘာဖြစ်လို့လဲ...မင်းက ငါ့အဖေလား...ငါ့ဟာငါ လိုက်ချင်လိုက်မယ် မလိုက်ချင်မလိုက်ဘူးပေါ့ကွ...
...ဒီလိုမရဘူးလေ....
...မင်းမလိုက်ရင် ဒီကိစ္စ ကိုမင်းဖာသာရှင်းပေတော့....အားလုံး ၂ထောင်ဖိုးကျတယ်.....ဂလုတ်...ဂွက်...
...ဘာကြီးလဲ.....
...နှာဖူးစီးမီး ၂လက်လေ...
...မင်းခယ်မ ငါးစိန်းသယ်အာကျယ်မ ဆီက မင်းနာမည်နဲ့ဖားပေးဆွဲပြီးဝယ်လာတာ.......
....``ဘာကြ´´......
..ငမောင့်ပါးစပ်ထဲမှဆေးတံဟာ ဒုတိယအကြိမ်ပြုတ်ကျသွားလေသည်။
ကျစ်....ကျစ်.....တွီ....တွီ..တွီ...
...အုံး...ဂွမ်....အုံးဂွမ်.....
...ရွှီ.....ရွှီ.......ကျီ....ပတတ်....တတ်....
...ထူထပ်သောမိုးတိမ်တွေရဲ့ အုံဆိုင်းပိတ်ဆီးထားမှုကြောင့် ကောင်းကင်တခွင် ကြယ်ရောင် လရောင်ကင်းမဲ့ချေပြီ....ပရစ်အော်သံ ဖားဂုံညှင်းအော်သံနှင့် အခြားသော ပိုးမွှားတရိစ္ဆာများ၏အော်သံဟာ တိတ်ဆိတ်နေသောည၏ပကတိအနေအထားကို ဆမ့်ကျင်လျှက်ရှိပါသည်...ဧကရာချီ၍ကျယ်ဝန်းသော မိုးကြိုးပစ်ကွင်းကြီးထဲ့သို့ အလင်းအားကောင်းသော နှာဖူးစီးမီးတလုံးစီကိုခေါင်းပေါ်တင်ပြီး ဖားရိုက်ထွက်လာသောလူ၂ဦးကတော့ ကွင်းကြီးထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ.....သူတို့နှစ်ဦးကတော့ မီးလောင်ကုန်းက ငမောင်နှင့် မိုးမခရွာသားချစ်သိန်း ဖြစ်သည်။
`ဖုတ်´
..ဟိတ်...တကောင်ရပြီကွ...ဟားဟား
..ဟမ်....မင်းရိုက်တဲ့ဖားလဲမင်းပြန်ကြည့်ဦး ငမောင်....ငါ့သားရွှေပန်းကမှ ကြီးဦးမယ်....
...ဟုပ်တော့ဟုပ်သည်...ငမောင်ရိုက်လိုက်သည့်ဖားက လက်နှစ်လုံးသာသာ ဖားလက်တတ်လေးတကောင်..
...ဟာကွာ...ကြီးကြီးသေးသေး...ဈေးဦးပေါက်ဖို့ကအရေးကြီးတယ်...
...ဟုပ်ကဲ့ ကိုငမောင်....ပြောမိတာတောင်းပန်ပါတယ်နော်.....
...အေး...သိရင်ပြီးရော...
...ချစ်သိန်းက ငေါ့လိုက်သဖြင့် ငမောင်ကပြန်ရွဲ့လိုက်သည်။ ချစ်သိန်းကိုတော့ သိပ်မကြည်ချင်ပေ...သူ့ခယ်မ အာကျယ်အကြောင်းသိလို့သာ ကြိတ်မှိတ်ပြီးလိုက်လာခဲ့ရခြင်းဖြစ်သည်။
...ချစ်သိန်းဟာ နှာဖူးစီးမီးကို ရှေ့သို့ဖြန့်ပြီးထိုးလိုက်သည်...မီးရောင်အောက်တွင်မြင်ရသော မျက်လုံးနီ မျက်လုံးစိမ်းများကိုကြည့်ပြီး စားဖားဟုပ်မဟုပ်ခွဲခြားရပေသည်...စားဖားမဟုပ်ပဲ့ မြွေဖြစ်နေရင်ပြသနာကကြီးထွားလာနိုင်ပေသည်...သို့ကြောင့် မြင်တွေ့ရသောမျက်လုံးနီများကို အဖွင့်အပိတ်ရှိမရှိသေသေချာချာကြည့်ရသည်....အဖွင့်အပိတ်ရှိလျှင် ဖားဟုယူဆနိုင်ပြီး အဖွင့်အပိတ်မရှိပါက မြွေဟုသတ်မှတ်ရပါသည်။ တခါတလေ စားဖားကြီးများဟာ လူအနားရောက်သောလဲထွက်မပြေးကြပဲဝတ်နေကြရာ နွီချေးပုံနဲ့ပင်ခက်ဆင်ဆင်တူကြသည်။
...သို့ကြောင့် အမြင်အား အတွေ့အကြုံအားကိုသုံးပြီး ရှာဖွေရိုက်နိုင်မှသာ မှန်းချက်နှင့်နှမ်းထွက်ကိုက်မည်ဖြစ်သည်။
၂နာရီခန့် ဖားရိုက်ပြီးကြသော်လဲ ဝါရင့်ဖားသမားဖြစ်တဲ့ ငမောင်နဲ့ချစ်သိန်းဟာ ပြောပလောက်အောင်မရသေးချေ..ဖားလက်တတ်လေးတွေကိုသာတွေ့ရပြီး တွင်းအောင်းဖားမကြီးများကိုမူ ၃....၄ကောင်လောက်သာရိုက်နိုင်ခဲ့သည်။
...ဂျိန်းးးဒိန်းး ဂျလိန်းး
...ဝေါ....ဖျော.....ဝှီးးး
...ဟော....မိုးရွာတော့မယ် ချစ်သိန်း...
...ပြန်ကြရင်ကောင်းမယ်....
...ဟ...ရူးနေလား ငမောင်...
..မိုးရွာမှ ဖားကြီးတွေထွက်မှာလေ....ကံကောင်းရင် ငါးရစ်အုပ်နဲ့တောင်တွေ့ချင်တွေ့မှာ...စိတ်ရှည်ရှည်ထားစမ်းပါကွာ....
....ဟူးးး
...သဘောပဲ ချစ်သိန်းရာ...
...ဝေါ...ဝေါ.....ဝှီးးးဖျော
...ဝေါ....ဝေါ....
...လေနဲ့အတူ မိုးပါရွာလာပြီး မိုးကြိုးပစ်ကွင်းကြီးတခုလုံးပွပ်လောညံသွားလေသည်။
...ဟော...တွေ့လား...ငမောင်...
...အေး...တွေ့တယ်...
..လာ....ခက်သွက်သွက်လှုတ်ရှားကြစို့...
...ဖုတ်....ကွစ်....ဖောင်း...အွမ်.....
...ဖုန်း....ကွီ.......
...မိုးရည်များကြောင့် ရေစစ်သွားသောပက်ကြားအက်ထဲမှ ဖားမကြီးများထွက်လာကြသည်....အကင်းပါးသောဖားဝိဇ္ဇာတွေမို့..ထွက်လာသမျှဖားမကြီးများကိုလက်ဆမှန်မှန်ဖြင့်မလွတ်တမ်းရိုက်ကြရာ ၁နာရီးအတွင်း ဖားအချိန်၂၀ခန့်ရလိုက်သည်..
...ဟေ...ဟေး...ငါပြောတာဟုပ်လား ငမောင်....ချစ်သိန်းဘာကောင်ဆိုတာသိပြီလား.....ဟားဟား
...အေးး..အေးးပါကွာ....
...ယုံပါပြီ ဆရာချစ်သိန်းရယ်....
..ပလိုင်းထဲလဲ ဖားတွေပြည့်နေပါပြီ ပြန်ကြစို့နော်.....
...ဘာ..ကြ..
..မင်းပါးစပ်ပိတ်စမ်းငမောင်
.....ခင်ဗျာ...
....ဖားဆိုတာ ရတုန်းရိုက်ရတာကွ....ရသလောက်ရိုက်မယ်...မသယ်နိုင်ရင် ပုဆိုးချွတ်ပြီးထုတ်မယ်....၂ခေါက်သယ်ရရင်သယ်ရပစေ...ရသလောက်ရိုက်....ကျား...ယား...
...ဖုတ်....ကွီ......ဖုန်း...ဖုန်း...
...ဂွီ....ကွစ်.....အွမ်....
....ဖုန်း...ဖောက်.....ဖုတ်.......
...မချိမဆန့်ထွက်လာသောဖားများကို လက်မလည်အောင်ရိုက်ရင်း ချစ်တင်ကြီးရဲ့လယ်ကွင်းထဲကိုရောက်မှန်းမသိရောက်လာကြသည်။
...ဖျက်....ဖျက်....ဖျက်..
...ဟ.....ဘာကြီးလဲ....
.ဟေ.....ငမောင်....ဘာတွေ့လို့လဲ....
...ဟို.....ဟိုမှာ.......
...ငမောင်လက်ညိုးထိုးပြရာသို့ ချစ်သိန်း မီးထိုးကြည့်လိုက်သည်....
...အလို....ဖား....ဖားကြီးကွ.....
...လင်ပန်းအသေးစားခန့်ရှိသော စားဖားကြီးတကောင်...လယ်ကသင်းရိုးပေါ်မှာထိုင်ပြီး သူတို့၂ယောက်ကိုစိုက်ကြည့်နေသည်။
...ကြီးလိုက်တဲ့ဖားကြီး...ဒီကောင်ကြီးကိုရရင်ပြန်ကြမယ်.....
...ချစ်သိန်း...
...ဘာလဲ ငမောင်...
..မဟုပ်သေးဘူးနော်....ငါတောမထင်ဘူး...
...ဟေ....မင်းကဘာပြောချင်တာလဲ..
..အဲ့ဖားကို မသင်္ကာဘူး...ဖားသရဲဖြစ်လောက်တယ်နော်...
...ဘာ...ခြီးခြီ....ဟိဟိ...
...ဖားသရဲ...ဟုပ်လားငမောင်...
...ဟုပ်တယ်ချစ်သိန်း....
...ဖြစ်မှဖြစ်ရလေကွာ...ဖားမှာသရဲ ရယ်ရှိလို့လား...
..ကြည့်နေ...မင်းပြောတဲ့ဖားသရဲကိုရအောင်ရိုက်ပြမယ်....မီးသာထိုးပေးထား..
...ဟာ...ချစ်သိန်း...
...ငမောင်လှန်းအော်သော်လဲ ချစ်သိန်းကဂရုမစိုက်....ဖားကြီးရှိရာ လယ်ကသင်းဆီသို့ဒုံးစိုင်းပြီးပြေးသွားသည်...
...ဟာ....ချစ်သိန်း....
...မသွားနဲ့....ပြန်လာခဲ့......
...ငမောင်ဟာ ဖားကြီးရှိရာကိုမီးထိုးပြနေစဉ်မှာပဲ ပါးစပ်ဖြဲပြလိုက်သောဖားကြီးရဲ့ပါးစပ်အတွင်းမှ အစွယ်ဝါကြီး၂ချောင်းကိုမြင်လိုက်ရသဖြင့် မျက်လုံးပြူးသွားသည်။ မြင်မြင်ခြင်း ချစ်သိန်းကိုလှန်းပြီးသတိပေးသော်လဲ ဖားဇောကပ်ပြီးလောဘဇောတိုက်နေသောချစ်သိန်းက ဖားကြီးကိုနွားကြိမ်ဖြင့်တအားရိုက်ချလိုက်ပါပြီ...
...ကဲကြာ...
..ဘုန်း....ဂွမ်.....
..ဖုန်း....ဂွီ....
...ဟာ...ဘာဖြစ်တာလဲ.....
...ချစ်သိန်း တချက်ရိုက်လိုက်တိုင်း ဖားကြီးဟာ ချစ်သိန်းထင်သလို ပက်လက်လန်မသွားပဲ ကြီး ကြီးလာလေသည်။
....ချစ်သိန်းကလဲ အရမ်းခေါင်းမာသူဖြစ်သဖြင့်....နောင်ပြန်မလှည့်ပဲ ကြိမ်လုံးကိုလက်နှစ်ဘက်ဖြင့်စုံကိုင်ပြီး ဖားကြီးရဲ့ခေါင်းကိုတအားရိုက်ချလိုက်လေသည်.....
...တောက်....
..ဒီလောက်တောင် အသက်ပြင်းတဲ့ဖား..
...သေပေတော့....
...ကျားး
...ဖုန်းးးဗြောင်းးး
...ဟာ.....
...စုံကိုပြီးရိုက်လိုက်သော ချစ်သိန်းလက်ထဲမှ နွားကြိမ်ကြီး ထက်ပိုင်းကျိုးသွားလေသည်....သို့သော ဖားကြီးကတော့ ဘာမှထူးထူးခြားခြားထိခိုက်မသွားပဲ ချစ်သိန်း၏ ခါးစောင်းခန့်အထိကြီး၍လာလေသည်။
အွမ်....ဂွမ်.....ဂါးးး
...ဟာ....အမလေး.......
...ချစ်သိန်း.....
...ပြေးးပြေးးး
...ငမောင်လှန်းပြီးသတိပေးသောလဲ လေးလက်ကုန်းပြီးထလာသောဖားကြီးကိုကြည့်ပြီး ချစ်သိန်းတယောက် အံအားသင့်ပြီးရပ်ကြည့်နေသည်။
...ဟေ့ကောက်....ချစ်သိန်း...ဘာလုပ်နေတာလဲ..အဲ့ဒါ...မင်းအမေ့လင်မှတ်လို့လား....
...ဟာ...အမလေး....
...ထိုအခါမှ သတိဝင်လာပြီး ချစ်သိန်းပြေးဘို့ကြိုးစားလေသည်...သို့သော်...ချစ်သိန်းလှည့်ပြေးဘို့ပြင်လိုက်စဉ်မှာပဲ ..
...ဂွီးးအွန်....ဂွမ်
...အားးး
...လေးဘက်ကုန်းထလာသောဖားကြီးဟာ ချစ်သိန်းကိုခုန်အုပ်လိုက်ပြီး နပန်းသက်လေတော့သည်...
.....ဖုတ်....ဖုန်း....ဗြိ.....
...အူးးကျားး...ကဲကွာ....
...ဂွီးးအွန် ဂါးးး
..ချစ်သိန်းကလဲမခေလှ....လက်ထဲမှာကျန်ခဲ့သော နွားကြိမ်အကျိုးဖြင့် ဖားကြီးရဲ့မျက်လုံးတဘက်ကိုထိုးဖောက်လိုက်သည်......
...ဖားကြီးကလဲ မျက်လုံးတဘက်ပေါက်သွားသော်လဲ အလျှော့မပေးပဲ ချစ်သိန်းကို နပန်းဖိလုံးသည်...ကြာလာတော့ ချစ်သိန်းလက်ပန်းကျလာပြီး ဇောချွေးပြန်လာလေသည်။ ခက်လှန်းလှန်းကကြည့်နေသောငမောင်လဲ မနေသာတော့ပဲ ပြေးလာပြီး ဖားကြီးအောက်မှချစ်သိန်းကိုဆွဲထုတ်လိုက်သည်။
...အီးးဟီးးး
...ချစ်သိန်း....ရုန်း...ရုန်းထွက်စမ်း....
...ကျားးယားးး
..ဗျော...ဖရော.......လွတ်ပြီ....
..ဝုန်း...ဗွမ်းးး
...လှည့်မကြည့်နဲ့ချစ်သိန်း....ပြေးကြစို့..
..ဝေါ...ဗြော....ဗွမ်း.....
..ဟားဟားဟား
...ပြေးပြီလားကွ......ငကြောက်တွေ.....
....အူးးစ် ဝူးးး ဟားးး
ဟိုက်....
အလို.....
...ဘယ်သူလဲဟ......
...နောက်မှ လှန်းအော်ပြီးရယ်လိုက်သောအသံကြောင့် ချစ်သိန်းရော ငမောင်ပါအံအားသင့်ပြီး နောက်မှာကျန်ခဲ့တဲ့ ဖားကြီးကိုပြန်လှည့်ကြည့်လိုက်ကြသည်......ဟာ
......ဟင်......အမလေး......
...လေးဘက်ကုန်းနေသောဖားကြီးဟာ မီးရောင်အောက်တွင် တဖြေးဖြေးကုန်းထပြီးမတ်တတ်ရပ်လိုက်သည်...ထို့နောက် ဖားအသွင်မှတဖြေးဖြေးလူအသွင်သို့ပြောင်းသွားသည်....စစ်အင်္ကျီကျောပြဲကြီးကိုဝတ်ပြီး သူတို့နှစ်ဦးကိုခါးထောက်ကြည့်နေသောလူကြီးတယောက်.....သူ့ပါးစပ်ကြီးဟာ တထွာခန့်ပြဲနေပြီး ထိုပါးစပ်ပြဲကြီးထဲမှာတထောင်ခန့်ထွက်ကျနေသော လျှာနီနီကြီးကတော့ သွေးစိန်းရှင်ရှင်ပန်းထွက်လျှက်ရှိသည်။
...ဟာ
....အမလေး....
...ဒါ.....ဒါ.........
...``ချစ်....ချစ်တင်ကြီး´´
....
....အား......ကြောက်ပါပြီဗျ......
....ဗြော...ဖရော.....ဖြော....ဝုန်း...ဗွမ်းး
...ငမောင်နှင့်ချစ်သိန်းဟာ တယောက်မျက်နှာတယောက်ကြည့်၍ အသံနက်ကြီးဖြင့်ပြိုင်တူအော်လိုက်ကြပြီး.....ရွာဘက်သို့ သုတ်ခြေတင်ကာ အော်ပြေးကုန်ကြလေတော့သတည်း။
×××
×××××××××××××××××××××
(မှတ်ချက်...ထိုအကြောင်းကိုပြောပြတဲ့ ကျွန်တော့အဖိုးချစ်သိန်းဟာ လွန်ခဲ့သောတလလောက်က ဦးနှောက်သွေးကြောပြတ်ပြီးကွယ်လွန်သွားခဲ့ပါပြီ အဖိုးရဲ့သူငယ်ချင်း ဘကြီးငမောင်ကတော့ ယခုအချိန်အထိ သက်ရှိထင်ရှားရှိနေဆဲ့ပါ....)
(ပြိီပါပြီ)
မောင်ဂေါ်လီ(ဟင်္သာတ)
#လေးစားစွာcreditပေးပါသည်

Post a Comment