ကိုယ့်ကို ဟန်ဆောင်တာကို မကြိုက်လို့
ကိုယ်ကလည်း ဘယ်သူ့အပေါ်မှ
ဟန်ပြသဘော ဆက်ဆံရေးမျိုးမပေးခဲ့ဖူးဘူး ။
ကိုယ်ကိုလိမ်ညာတာကို မကြိုက်လို့
ကိုယ်ကလည်း ဘယ်သူ့အပေါ်မှ
လိမ်ညာတဲ့စကားမျိုး မဆိုခဲ့ဖူးဘူး ။
ကိုယ်ကိုအရွဲ့တိုက်တာကို မကြိုက်လို့
ကိုယ်ကလည်း ဘယ်သူ့အပေါ်မှ
ရွဲ့စောင်းတဲ့သဘော မပြုမူခဲ့ဖူးဘူး ။
ကိုယ်ကိုကြမ်းတမ်းစွာပြောတာကို မကြိုက်လို့
ကိုယ်ကလည်း ဘယ်သူ့အပေါ်မှ
မချေမငံသဘော မပြောဆိုခဲ့ဖူးဘူး ။
ကိုယ်ကိုမရိုးသားတာကို မကြိုက်လို့
ကိုယ်ကလည်း ဘယ်သူ့အပေါ်မှ
မရိုးမသား မဆက်ဆံခဲ့ဖူးဘူး ။
ကိုယ်ကအစစ်တွေပေးခဲ့တာတောင်
တစ်ခါတစ်ခါ ကိုယ်ပြန်ရတာက
အတုအယောင် တွေကြီးပဲ ။
ကိုယ်ကအနှစ်တွေပေးခဲ့တာတောင်
တစ်ခါတစ်ခါ ကိုယ်ပြန်ရတာ
ပေါ့ပျက်ပျက်နဲ့ အကာတွေကြီးပဲ ။
အပေးအယူ မမျှတတတ်တဲ့
လူတွေကြားမှာ ဖြူစင်တဲ့ကိုယ့်စိတ်ထားလေး
အတွေးအယူမမှားရအောင် ကြိုးစားနေထိုင်ရဦးမယ် ။
______________________________
#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"

Post a Comment