တချို့နာကျင်မှုတွေက ကိုယ့်ရွေးချယ်မှုနဲ့ ဆိုင်ပါတယ် ။

တချို့နာကျင်မှုတွေက ကိုယ့်ရွေးချယ်မှုနဲ့ ဆိုင်ပါတယ် ။


တစ်ခါတစ်လေ ကံစီမံရာဆိုတဲ့စကားဟာ အမြဲတမ်းတော့ မမှန်တတ်ဘူး ။ လောကကြီး ပြင်ဆင်ဖို့အခွင့်အရေးပေးတာတောင် ကိုယ်ကိုယ်တိုင်ကြောင့် နာကျင်ရတဲ့အရာတွေ ရှိတယ် ။ ဥပမာပေါ့ ... နာကျင်နေပြီလား လွှတ်ချလိုက်တော့လေဆိုတဲ့ အမှန်တရားကို ကိုယ်ကော တစ်လောကလုံးကော သိနေတဲ့ကြားထဲက ကိုယ်က အဲ့ဒီအရာကို မလွှတ်ရက်တဲ့အခါ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ကိုယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲ ထိုက်တန်တယ် မဟုတ်လား ။

တချို့ဆို ပိုဆိုးသေးတယ် .. မှားနေမှန်းသိသိရဲ့မှ ငါရွေးချယ်ခဲ့တာမမှားဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သက်သေတွေ ပြချင်နေခဲ့တာလေ ။ သူကလေ ငါ့ကို အရမ်းချစ်တာ ဆိုပြီး စကားတွေ ကျွံထားပြီးမှ သူ ငါ့ကို မချစ်ဘူးဆိုပြီး ပြန်ပြောင်းမပြောချင်တော့တာ ။ ဒီလိုနဲ့ပဲ ရူးရူးမိုက်မိုက်ဆက်ရွေးချယ်နေမိတာတွေ ရှိတယ် ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ် သူ မရှိပဲ နေနိုင်လားဆိုတဲ့ မေးခွန်းမျိုးကို ... နေမယ်ဆိုရင် နေလိုက်လို့ရပေမယ့် ကိုယ်ကိုယ်တိုင်က အဲ့လိုမျိုး သူမရှိပဲ နေလိုက်ရတာမျိုးကို မလိုချင်နေတာပေါ့ ။

ပစ်ထားတယ်ဆိုတာမှန်းသိသိနဲ့ အတင်းကြီး လိုအပ်ချင်နေတာလေ ။ ကိုယ်မရှိမဖြစ် ဖြစ်နေသလိုမျိုး သူ့အတွက်လည်း ကိုယ်က မရှိမဖြစ်ဖြစ်နေချင်တာ ကိုယ် ဂရုစိုက်သလို ကိုယ် သိပ်ချစ်သလိုမျိုး သူ့ဆီကနေပဲ ပြန်လိုချင်တာ ။ တခြားတစ်ယောက်ဆီက ရလာတာတွေရှိရင်တောင် ငြင်းပြီး သူ့ဆီကပဲ လိုချင်နေမိတာ ။ အဲ့ဒီနှစ်ခုက မတူဘူးလေ ။ အင်း ... ပြီးတော့ ကိုယ်ပဲ ပျော်ရမယ့်အရပ်ကို ကျောခိုင်းပြီး မပျော်ရတဲ့အရပ်မှာပဲ အတင်းတွယ်ကပ်ချင်နေမိတာ ။

အဲ့တာကြောင့်ပြောတာပေါ့ ... တချို့နာကျင်မှုတွေက ကိုယ့်ရွေးချယ်မှုနဲ့ အများကြီးဆိုင်ပါတယ်လို့ ... ကိုယ်က နတ်ပြည်မှတ်လို့ သာယာပြီး ငရဲဖြစ်နေမှန်းသိတာတောင် ကိုယ်ကိုယ်တိုင် ပျော်ပျော်ကြီး ကူးခတ်နေမိတာ ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

Post a Comment

Previous Post Next Post

Comments