အလောင်းကောင်* စ\ဆုံး

*အလောင်းကောင်* စ\ဆုံး


စာရေးသူ✍️✍️✍️ နှောင်းနွေ
 
ဦးအောင်အောင်နဲ့ ဒေါ်တင်ဇာတို့ဟာရပ်ရေးရွာရေးအကုန်ပေါ့ အမြဲပါဝင်ဆောင်ရွက်တယ် ကူညီပေးတတ်တဲ့ဇနီးမောင်နှံတွေဖြစ်ကြတယ် သူတို့မှာ သားသမီးငါးယောက်လဲရှိတယ် 
သူတို့မိသားစုလေးဟာအရမ်းကိုချစ်ခင်ကြတယ်စည်းလုံးကြတယ် ၅၂၈မေတ္တာအပြည့်နဲ့ကိုချစ်ကြတယ် လူတိုင်းက သူတို့အိမ်လေးကို ၅၂၈ ဂေဟာလို့တောင်အမည်ပေးထားကြတယ် 

မိသားစုတိုင်းအတွက်စံပြမိသားစုလေးဆိုပါတော့ 

သားသမီးတွေဟာအရွယ်ရောက်လာတော့ သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ဆိုသလိုမျိုး အိမ်ထောင်တွေပြုကုန်ကြတယ် 
ဒါမဲ့သူတို့မိသားစုလေးမှာမျှော်လင့်ချက်တစ်ခုရှိတယ် တစ်ချိန်အိမ်ထောင်တွေကျခဲ့လဲ ဒီခြံလေးမှာပဲအိမ်ဆောက်နေကြမယ် ဒါမှမဟုတ်တစ်အိမ်ထဲမှာအတူတူနေကြမယ်ဆိုတဲ့မျှော်လင့်ချက်အိပ်မက်လေးပါပဲ အခုတော့မျော်လင့်ချက်လေးတွေဖြစ်လာခဲ့ပြီ ၅၂၈ ကနေ၂၀၂၈မေတ္တာလေးဖြစ်ခဲ့ပြန်ပြီ 
သူတို့မိသားစုလေးကိုလူတိုင်းထပ်ပြီးအားကျရပြန်တယ် ဦးအောင်အောင်တို့လယ်ပိုင်ယာပိုင် အမွေပစ္စည်းတွေကလဲမနဲလှဘူး ဒါကိုတစ်ရွာလုံးသိကြတယ် စေတနာအရမ်းကောင်းလှတဲ့မိသားစုလေးပါပဲ ဒါမဲ့တစ်နေ့မှာတော့ သူတို့မိသားစုလေးမှာကံကြမ္မာဆိုးလို့ခေါ်ရမလားမထင်မှတ်တဲ့အဖြစ်ပျက်လေးဖြစ်သွားခဲ့ရတယ် " ဟျောင့် အောင်ဒင် ငါတို့အခုရက်ပိုင်း ရေပျက်နေတယ်ကွာ" 'မင်းကလဲအထူးဆန်းလုပ်လို့ ရေပျက်ရင် ရေထမ်းထည့်လေခက်နေသေးတယ် ဟားဟားးး' "မနောက်စမ်းနဲ့ သာလှရာ ငါ့မှာအကြံတစ်ခုရှိတယ် " 'ဘာလဲကွပြောစမ်းပါအုံး' "ဟိုဘက်ရွာက ဦးအောင်အောင်တို့မိသားစုကပိုက်ဆံအရမ်းရှိတယ်ကွ ပီးတော့အမွေဆိုင်ပစ္စည်းတွေလဲများလှတယ် ငါတို့ဓားမြတိုက်ကြမယ်" 'ဟာ ဟျောင့် မင်းဟာမလွယ်လှဘူး မိသားစုကအများကြီးငါတို့နှစ်ယောက်ထဲနဲ့ မဖြစ်နိုင်ဘူး' "ဟာကွာ ဘာကြောက်နေတာလဲငါစဉ်းစားပြီးသားပါ သူတို့အိပ်မောကျနေချိန်ဝင်မယ် အခက်မတင့်လဲရှင်းပစ်ရမှာပဲ" 'မင်းဟာကလဲကွာ' "မင်းရောမယူချင်ဘူးလားပစ္စည်းတွေပိုက်ဆံတွေ" 'ယူတော့ယူချင်ပါတယ် ဒါမဲ့ကွာ'  "ဒါမနေနဲ့ ငါတို့မနက်ဖြန်ညသွားမယ် ဘသူမှမပြောနဲ့နော်ဟျောင့်" 'အေးပါကွာ' အချိန်ကာလကားတိတ်ဆိတ်လွန်းလှတယ် ဦးအောင်အောင်တို့တစ်မိသားစုလုံးအိပ်မောကျနေကြတယ် 
" ဟျောင့် မြန်မြန်လာကွ " အဲ့ချိန်မီးဖွင့်လိုက်တော့အောင်ဒင်တို့လန့်သွားကြတယ် ဒေါ်တင်ဇာကအပေါ့ထသွားတာ အောင်ဒင်တို့ကိုမြင်သွားတယ် "' သူခိုး သူခိုး ကျမတို့အိမ်သူခိုးဝင်နေလို့ပါ ယောကျာ်းရေယောကျာ်း"' "အာဒီအဖွားကြီးသေစမ်းကွာ ဇွိ••••••" ပါလာနဲ့ဓာနဲ့ထိုးလိုက်တယ် ထိုးပြီးတစ်နေရာပုန်းနေပြီး အသံကြားရာထလာတဲ့ဦးအောင်အောင်ကိုလဲဓာနဲ့ထိုးလိုက်တယ် အဲ့ချိန်သားသမီးတွေလဲအသံကြားလို့ထကြည့်ကြတာ အောင်ဒင်တို့ဟာ ပုန်းနေပြီးအနောက်ကနေထွက်လာတဲ့သူမှန်သမျှကိုအသေသတ်ပစ်လိုက်ကြပါတယ် အောင်ဒင်နဲ့သာလှလဲ ထွက်ပြေးသွားခဲ့တယ် မနက်ရောက်တော့ ဦးအောင်အောင်ရေ ဆရာတော်ဘုရားကခနလာဖို့မိန့်ကြားလိုက်လို့ လာပြောတာ " အော် အေးငါလာမယ်ပြောလိုက် " အသံကြီးကတစ်မျိုးကြီးအေးစက်စက်နဲ့ပြန်ဖြေလိုက်တယ်" အချိန်ကားညနေ နေဝင်သရောအချိန်သို့ရောက်ရှိလေပြီ ' ဒကာ အောင်အောင်လဲမလာပါလား ဘာဖစ်လို့ပါပဲ တိုင်ပင်စရာလေးရှိလို့ ပါဆို ညကျအေးဆေးတိုင်ပင်တော့မယ်' " ဒကာ မျိုးအောင်ရေ ဒကာအောင်အောင့်ကို ဒီညလာဖို့ခေါ်လိုက် တစ်ပါထဲခေါ်လာခဲ့ကွာ' "တင်ပါ့ " ညအချိန်သို့ရောက်လေပြီ 

"🎼 ချစ်သူလာသောညက ငွေလသာပါတယ် ချစ်သူမလာသောအခုညငွေလဘယ်ဆီရောက်နေသလဲ လမင်းဘယ်ကိုရောက်နေသလဲ🎼••••

အယ်ငါ့အသံဘယ်ဆိုးလို့လဲ 😁 
ဦးအောင်အောင်ရေ ဗျို့ဦးအောင်အောင် 
ဆရာတော်ဘုရားကခေါ်ခိုင်းလိုက်လို့ပါ' 
"အိမ်ထဲလာလေကွာ " အသံကကြက်သီးထဖွယ် တစ်အိမ်လုံးကလဲမီးတွေထွန်းထားတာဆိုတော့ 
မျိုးအောင်တစ်ယောက်လဲဝင်သွားခဲ့တယ် ဝိုင်းဖွဲ့ပြီးထမင်းစားနေတာတွေ့လိုက်ရတယ် 
" ဟာ ထမင်းစားနေကြတာကိုး လူစုံတတ်စုံနဲ့ အားကြစရာကြီး" 
'မင်းပါတခါထဲလာစားလေကွာ ' အားလုံးရဲ့အကြည့်တွေအပြောတွေဟာအေးစက်လွန်းနေပါတယ် "ဟုတ်ကဲ့ ကျွန်တော်မစားရသေးတာနဲ့အတော်ပဲ ဟီးဟီး 
ဆရာတော်ဘုရားကတစ်ပါထဲခေါ်လာဖို့ပြောလိုက်တယ်ခဗျ ' 
"ငါလိုက်ခဲ့ပါ့မယ်" 
မျိုးအောင်တစ်ယောက် ထမင်းဝိုင်းသို့ အဝင်
 
" အမလေးးးးးးးအားးးးကယျကွပါအုံး ကယျကွပါအုံးးးးးးးး
" ဒကာမျိုးအောင် ဘာဖစ်လာတာလဲကွဲ့ " ဦးအောင် ဦးအောင် မိ မိသားစု ကြောက်စရာကြီးပါဘုရား" 

'ဟေ သေချာပြောစမ်းပါကွဲ့' 
"တင်ပါ့ တပည့်တော်ကိုထမင်းစားဖို့ခေါ်တာနဲ့စားဖို့ဝင်လိုက်တဲ့အချိန်မှာ 
စားပွဲပေါ်မှာဦးအောင်အောင်အလောင်းကြီး ပါဘုရား အဲ့တာကို တစ်မိသားစုလုံးထိုင်စားနေတာပါဘုရား ပြီးတော့ 
တပည့်တော်ဘက်ကိုခေါင်းကြီးလှည့်လာပြီအလောင်ကြီးကရီပြနေတာပါဘုရား🥶🥶" 'ဟေ ဘလိုတွေဖြစ်တာလဲကွဲ့ကဲကဲရွာလူကြီးကိုအကြောင်းကြား' "တင်ပါ့" ရွာလူကြီးရော ရွာသားတွေပါဦးအောင်အိမ်ကိုသွားခဲ့ကြတယ် 
အိမ်ကြီးကမှောင်မဲပြီးတိတ်ဆိတ်လွန်းနေတယ် 
အဲ့ဒီချိန်လေတွေကလဲတိုက်လာပြီး ခွေးတွေကလဲဆွဲငင်ပြီးအူပါတော့တယ် 
"ကဲအိမ်ထဲဝင်ကြမယ် 
အားလုံး ' အိမ်ထဲဝင်လာချိန်မှာတံခါးတွေဟာပိတ်လိုက်ဖွင့်လိုက်နဲ့ ကျောချမ်းစရာ
အိမ်ထဲအရောက်တွင်အလောင်းတွေကိုစတွေ့ပါတော့တယ် အလောင်းတွေကိုစုပြီး ညတွင်းချင်းမှာပဲ ဆရာတော်ပင့်ပြီးသရဏဂုံတင်ပါတော့တယ် အားလုံးသောတံခါးတွေလဲငြိမ်သွားပြီးခွေးအူတဲ့သံတွေလဲငြိမ်သွားပါတော့တယ် အဲ့ချိန်မှာဆရာတော်ဘုရားကတရားပြပြီး ရေစက်ချအမျှဝေပေးလိုက်ပါတယ် မိသားစုအားလုံးသာဓုခေါ်ပြီး ကျွတ်လွတ်သွားပါတော့တယ် 
တရားခံလဲဖမ်းမိပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ကိုယ့်ရဲ့ရယူလိုမှုတွေကြောင့်  သူတစ်ပါးဒုက္ခရောက်တဲ့အဖြစ်မျိုးမလုပ်မိပါစေနဲ့ လို့ဆုတောင်းလိုက်ပါသည်

ပြီးပါပြီ။

#နှောင်းနွေ နှောင်းနွေ~~~~(ကိုယ်တိုင်ရေး)
#လေးစားစွာcreditပေးပါသည်

Post a Comment

Previous Post Next Post

Comments