မြန်မာနိုင်ငံမှာ သနားစရာ
အကောင်းဆုံး လူသားတစ်ရပ်ရှိတယ်
ဘယ်လိုလူတွေလဲ သိလား ..
ဖားပြီး နေရာ ရလာတဲ့သူတွေပေါ့ ..
အရည်အချင်းမရှိပေမယ့်
ကပ်တတ် ဖားတတ်လို့
နေရာရ သွားတဲ့သူတွေ နေရာတိုင်းလိုလိုမှာ
တွေ့ရ မြင်ရတယ် ။
ပိုဆိုးတာက
ကိုယ့်ဟာကိုယ် ဖားရုံတင်မကဘဲ
သူများကို တက်နင်းပြီး ထိုးချတယ် ..
အဲဒီလူ မရှိရင် အနေချောင်
အစားချောင် နေရမှာပဲဆိုပြီး
သူတပါးကို အခက်တွေ့အောင်လုပ်ရင်းနဲ့
ကိုယ့်နေရာမြဲဖို့ ဖားနည်းမျိုးစုံသုံးပြီး
အောက်တန်းကျတော့တာပဲ ..
ဒါပေမဲ့
ကိုယ့်လုပ်ရပ်က ဘယ်လောက်အထိ
အောက်တန်းကျမှန်းလည်း မသိဘူး ..
အရည်အချင်းရှိတဲ့သူတွေကျ
အဲ့ဒီလိုနေရာမှာ မနေဘူး
နေရာ မ မြဲလည်း သူ့အတွက် နေရာမရှားလို့
အဲဒီလို ရပ်ဝန်းတွေဆို ရှောင်တယ် ..
တနည်းအားဖြင့်ပြောရရင်တော့
အရည်အချင်းရှိတဲ့သူက မဖားတတ်ဘူး
ဖားနေရင် အရည်အချင်း မရှိလို့ပဲ ..
ရှက်တတ်စေချင်တယ်
ဆင်ခြင်စေချင်တယ်
#သက်ထားခင်(THK)
#ဖားတတ်သူများဖတ်ဖို့

Post a Comment