သူငယ်ချင်း ၈ မျိုး

သူငယ်ချင်း ၈ မျိုး


၁။ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ 
သင်ကိုယ်တိုင် သိမြင်နိုင်ဖို့
သင့်ကိုအမြဲကူညီအားပေးတယ်၊

ဒီလို သူငယ်ချင်းမျိုးကို 
ဆရာအမျိုးအစားလို့
ခေါ်တယ်။

သူတို့ကသင့်ရဲ့
ဆရာဖြစ်ချင်မှဖြစ်မယ်၊ 
ဒါပေမဲ့ 
သူတို့မှာအခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ 
ပြည့်စုံတယ်။

သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ 
လူလူချင်းပေါင်းသင်းဆက်ဆံရေးတွေမှာ 
သူတို့က သင့္ကို 
အကြံဉာဏ်ကောင်းတွေ
ပေးနိုင်တယ်။ 

လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက 
သင့်စိတ်ကိုထောက်ကူပေးတဲ့သူဖြစ်တယ်။

သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး 
သင်အတုယူထိုက်သူလည်းဖြစ်တယ်။

၂။ ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး 
လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့သူငယ်ချင်း၊
ဒီလိုသူငယ်ချင်းမျိုးက
နင့် ငါ့ကိုကူ၊ 
ငါ နင့်ကိုကူ ဆိုတဲ့၊ အချင်းချင်း
ကူညီအားပေးတဲ့သူဖြစ်တယ်၊

ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ 
သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက 
အဖိုးတန်လွန်းတယ်။

ဆင်းရဲဒုက္ခ၊အခက်အခဲတွေနဲ့သင်ရင်ဆိုင်ရချိန် 
ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို 
ကူညီမျှဝေဖြေရှင်းပေးတယ်၊

သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်၊ 
သူတို့ရဲ့ယုံကြည်မှု က 
သင့်အတွက် စိတ်ဓာတ် အားဆေးဖြစ်တယ်။

၃။ စိတ်တူ ကိုယ်တူတဲ့ သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ 
အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ 

ဒီလိုသူငယ်ချင်းမျိုးနဲ့အတူနေချိန် သင့်စိတ်က 
သူတို့စိတ်နဲ့အာရုံခံစားမှုခြင်း တူတယ်။ 

ဒါကိုနားလည်မှုလို့ခေါ်တယ်။ 

သင်ပြောတဲ့စကား၊ သင့်တွေးတဲ့ အတွေးတွေက 
သူတို့ အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ 

စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ 

ဒီလို သူငယ်ချင်းမျိုးက၊သင့်ကိုယ်သင် 
အသိအမှတ်ပြုလာအောင် 
ကူညီပေးသလို 

သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို 
သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။

ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ 

မိမိကိုယ့်ကို ယုံကြည်မှု ရှိစေတယ်။

စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ 

သင့်ဘဝကို
ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

၄။တံတားခင်းပေးတဲ့ သူငယ်ချင်း

ဒီလို လူမျိုးက 
ကူညီတဲ့ သူငယ်ချင်းအမျိုးအစားဖြစ်တယ်၊

သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ 
သူတို့ ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ 

သင် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက်
ရောက်လာတတ်သူတွေဖြစ်တယ်၊

သင် ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကိုသူတို့ကပေးတယ်၊ 
မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ 
သူတို့စွမ်းဆောင်ပေးတယ်၊ 

စိတ်ဓာတ်တွေအရောင်တောက်အောင် 
သူတို့ မပြတ်ကူညီပေးတတ်တယ်။

၅။အားပေးဖော် သူငယ်ချင်း

ဒီလိုလူမျိုးက 
သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့
သူငယ်ချင်းဖြစ်တယ်။ 

တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့
သင့်ကိုတခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့
မိတ်ဆက်ပေးတယ်။ 

သင့်စိတ်တွေမွန်းကြပ်တဲ့ အခါ 
စိတ်ညစ်တဲ့အခါ သူတို့က သင့် ရင်ဖွင့်သံကို 
ပထမဦးဆုံးနားထောင်ပေးသူတွေဖြစ်တယ်၊

ဒီလို သူငယ်ချင်း မျိုး က သင့်အတွက် 
အကောင်းဆုံး နားထောင်သူ ဖြစ်တယ်၊
သင့်စိတ် ကို ဖြေလျော့စေတယ်၊

သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို 
ဘာ စိတ်ဖိအားမှ မရှိစေတဲ့ အပြင် 
သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို 
ထွက်ပေါက်ပေးစေတယ်။ 

သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို 
အသစ်တစ်ဖန်ပြန်လည်
မွေးဖွားစေပါတယ်။

၆။ အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့ 
အခွင့်အရေးတွေကို တွေ့မြင်စေတဲ့
သူငယ်ချင်းဖြစ်တယ်။ 

ဒီလို သူငယ်ချင်းမျိုးကလည်း 
ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ 

သူတို့ဟာ သင့်ရဲ့ ကမ္ဘာ့စာကြည့်တိုက်ဖြစ်တယ်၊

ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ 
ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ 

သင့်ကို မတူတဲ့ 
စိတ် ခံစားမှုမျိုးကို ခံစားစေတယ်။ 

သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့
သင်ပေးသူတွေဖြစ်တယ်။

၇။လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ 
လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ 

ဒီလို သူငယ်ချင်းမျိုးက 
လမ်းပြမီး အမျိုးအစား ဖြစ်တယ်။ 

လူတိုင်းမှာ လိုအပ်ချက်နဲ့ 
အကူအညီ ဆိုတာ လိုအပ်တယ်။ 

တချို့အခက်အခဲတွေကို
သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ 
ဒီလို သူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး ၊
အသင့်တော်ဆုံး 
အကြံဥာဏ်တွေကို ပေးတယ်။ 

သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ 
စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို 
သင် ရင်ဖွင့်နိုင်တယ်။ 

သူတို့က ရှုပ်ထွေးနေတဲ့ 
သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး 
ကြည်လင်တဲ့ဖက်ကို 
လမ်းညွှန်ပေးတယ်။

၈။သင့်ကို အဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ 
ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် 
သူတို့ကိုအရင် သင်ပြောပြတယ်။ 

သူတို့ဟာ သင်နဲ့
အမြဲအတူရှိနေတယ်။ 

ဒီလိုသူငယ်ချင်းမျိုးက 
ပင်လယ်ထက် ကျယ်တဲ့ ရင်ခွင်ရှိတယ်။ 

တောင်တန်းတွေလိုမြင့်မားတဲ့ စိတ် 
သဘောထား ရှိတယ်။ 

သူတို့ကို သင်ဘယ်အချိန်ပဲသွား ရှာခဲ့ရှာခဲ့၊ 
သူတို့က သင့်ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ 

သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊တည်ငြိမ်စေတဲ့ 
သူငယ်ချင်းဖြစ်တယ်။

တစ်ခါတလေ ပြောစရာ 
စကားများများစားစား မရှိချင်နေ၊ 
သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို 
တည်ငြိမ်အေးချမ်း
စေပါတယ်။

သူငယ်ချင်းတွေနဲ့ 
အမြဲမဆက်သွယ်တိုင်း၊ 
အမြဲမတွေ့ဆုံ မိတိုင်း ၊
မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။

သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့်
ခင်မင်ရင်းနှီးမှုက 
ယုတ်လျော့သွားလို့ မရဘူး။ 

သင့်ဘဝတစ်သက်မှာ
စိတ်တူကိုယ်တူ 
သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ၊
 တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့
သင်ကြုံဆုံလာတဲ့အခါ 
သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

#PNနည်းပညာများ

မူရင်းတင်သူအားလေးစားစွာဖြင့် 🅲🆁🅴🅳🅸🆃ပေးပါသည်

အားလုံးအဆင်ပြေပါစေ

အသစ်အသစ်သော 
နည်းပညာဗဟုသုတများ
ဘာသာရေးဗဟုသုတများ
စာပေဗဟုသုတများနှင့်
သုတရသအစုံအလင်များကို
နေ့စဥ်တင်ဆက်ပေးလို့
page လေးကို Follow လုပ်ထားပါ

🅟.🅝---နည်းပညာများ
Page လေးကို
Like & Share လေးလုပ်ပေးပါဦး

Post a Comment

Previous Post Next Post

Comments