ချစ်စိတ်တွေ မသုဉ်းသရွေ့တော့... အခန်း ၂

ချစ်စိတ်တွေ မသုဉ်းသရွေ့တော့...

          အခန်း ၂


''ခေါင်းကြီးငုံ့စိုက်ကြီးနဲ့ ဘာဖြစ်နေတာလဲသွေးသစ် ''

သူ့ရဲ့စိတ်ပျက်လက်ပျက်ဖြစ်နေပုံကိုကြည့်ပြီး သူငယ်ချင်းဖိုးပြည့်က မေး၏။
ညီသွေးသစ် သက်ပြင်းတစ်ခုကို ချရင်…

''ငါကို အိမ်က မိန်းမယူခိုင်းနေလို့ ''

''ဟာ ကောင်းလိုက်တာ ! မင်းကလည်း ဒါများ ခေါင်းကြီးငိုက်စိုက်နေစရာလားကွ!
ခေါင်းမော့ပြီး ပျော်နေရမှာလေ ''

ဘာမှမသိစွာ ဝမ်းသာအားရကြီးပြောနေတဲ့ ဖိုးပြည့်ကို သွေးသစ် မျက်ခုံးထူထူကြီးနူစ်ဖက်ကို တွန့်ကြုတ်ကြည့်ရင်……

''မင်း ဘာသိလို့လဲဖိုးပြည့် ! ငါမှာ ချစ်သူမှ မရှိတာ ဘယ်လိုလို့ ပျော်နိုင်မလဲ ''

''ဒါများ ချစ်သူတစ်ယောက်လာက်ရှာလိုက်လေကွာ ''

''မင်းပြောသလောက်မလွယ်ဘူး!ကျွတ် စိတ်ညစ်တယ်ကွာ! ဘွားဘွားက ငါကို ချစ်သူရှာဖို့ အချိန်တစ်လပဲ ပေးထားတာ ! မင်းစဉ်းစားကြည့်စမ်း ! ချစ်သူတစ်ယောက်ရဖို့ တစ်လလောက်ကလေးနဲ့ ဘယ်ဖြစ်နိုင်မလဲ ! အဲ့ဒါကို ငါစိတ်ညစ်နေတာ ''

ညီသွေးသစ် စားပွဲပေါ်တစ်ထောင် ထောက်ရင် စိတ်ပျက်စွာပြောလိုက်၏။

''တစ်လပြည့်လို့ မင်းမှာ ချစ်သူမရှိသေးရင် အဘွားနုက ဘာလုပ်မှာလဲ ''

''သူ့ပေးစားတဲ့မိန်းမကို ယူရမှာတဲ့ ''

သွေးသစ် စိတ်မပါစွာ ပြောလိုက်၏။

''ကောင်းတာပေါ့ ! မင်းရှာစရာမလိုတော့ဘူး! အဘွားနုပေးစားမယ့် မိန်းကလေးကို လက်ထပ်လိုက် ''

''ဟေ့ကောင်ဖိုးပြည့် ! လက်ထပ်တယ်ဆိုတာ ကစားတာမဟုတ်ဘူးကွ ! မင်း ဘာမှနားမလည်ရင် အသာနေစမ်းပါကွာ ''

ညီသွေးသစ် ဘာမှသိစွာ ဝမ်းသာနေတဲ့ ဖိုးပြည့်ကို ငေါက်လိုက်သည်။

''သွေးသစ်ရာ စိတ်ညစ်ခံမနေစမ်းပါနဲ့! မင်းစိတ်ကို ငါသိပါတယ်! မင်းက အဘွားနုပေးစားမယ့် မိန်းကလေးကိုလည်း လက်မထပ်ချင်ဘူး ! တစ်လနဲ့လည်း ချစ်သူမရှာနိုင်ဘူး!အင်း..ခက်တော့ ခက်တယ်ကွ ချစ်သူရှာဖို့ဆိုတာ သိပ်မလွယ်ဘူး!နှလုံးသားထဲက နူစ်နူစ်ကာကာ ချစ်တဲ့မိန်းကလေးကို တွေ့ဖို့ ဘယ်လိုရှာမှာလဲ! ရှာရအောင်က ပျောက်နေတာလဲမဟုတ် ! ဥပမာ မြင်မြင်ချင်းတွေ့ပြီးချစ်တယ်ဆိုပါစို့ ! ဒါပေမယ့် တစ်လအတွင်း ချစ်ကြိုက်ပြီး လက်ထပ်ဖို့ဆိုတာ သိပ်ပြီး မလွယ်ဘူး! တစ်လထဲနဲ့ သူ့အကြောင်း ကိုယ်အကြောင်းကို သိနိုင်ပါ့မလား "

"ငါလည်း အဲ့ဒါကိုပြောတာပေါ့ဖိုးပြည့်ရ! တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်ဆိုပေမယ့် အချိန်ယူပြီး သူ့အကြောင်းသိအောင်လေ့လာရမယ်လေ! အခုတော့ကွာ အဘွားက ဇွတ်ပဲ ''

တကယ်ပင် စိတ်ပျက်လက်ပျက်ကြီးဖြစ်နေတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး ဖိုးပြည့်ပြုံးမိသည်။
အဘွားနုရဲ့ဆန္ဒကို ဒီကောင်မလွန်းနိုင်တာ သိ၏။
ဒါကြောင့်လည် သွေးသစ် စိတ်အညစ်ကြီး ညစ်နေတာ။

''သိပ်ပြီး စိတ်ညစ်မခံသွေးသစ် ! မင်း တစ်လအတွင်း မင်းချစ်တဲ့မိန်းကလေးကိုရှာမတွေ့ဘူးဆိုရင် အဘွားနုပေးစားတဲ့မိန်းကလေးကို ယူလိုက် ''

သူ့စကားကြောင့် ယောကျာ်းကြီးတန်မဲ့ မျက်စောင်းထိုးကြည့်လာတဲ့ သွေးသစ်ကို လက်ကာပြရင်…

''နေဦး ငါပြောတာမဆုံးသေးဘူး! မင်း အဘွားပေးစားမယ့် မိန်းကလေးကို လက်ထပ် ! လက်ထပ်ပြီးလို့ အဲ့ဒီမိန်းကလေးနဲ့ပြဿနာတစ်ခုခုဖြစ်ရင် ကိစ္စမရှိဘူး! အဘွားတို့ပေးစားလို့ယူရတာ ဘာညာနဲ့ နောက်တော့ ကွာရှင်းလို့ရတယ်လေကွာ ''

''မင်းပြောသလောက် လွယ်လို့လားကွာ ! ငါက ငါချစ်တဲ့မိန်းကလေးကိုပဲလက်ထပ်ချင်တာ ''

''ဒါဆိုရင် မင်းချစ်တဲ့မိန်းကလေးကို ရှာလေ ''

''ကျွတ်…မတွေ့သေးလို့ပေါ့ကွ! ငါစိတ်ညစ်နေတာနော်ဖိုးပြည့် ! မင်းငါကို ပိုစိတ်ညစ်အောင်မလုပ်စမ်းနဲ့ ''

''သြော် မင်းက ငါပေးတဲ့အကြံကိုလည်း လက်မခံဘူး ''

''မင်းပြောသလောက် လွယ်မှ မလွယ်တာကွ ! အဘွားငါကို ရှာပေးစားမယ့် မိန်းကလေးက ဘယ်လိုပုံစံလဲ ငါမသိဘူး''

''မင်း သူငယ်ချင်းထဲက မိန်းကလေးတစ်ယောက်ကို မင်းရဲ့ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းလိုက်ပါလားသွေးသစ် ! လက်ထပ်ဖို့က အဘွားတို့ကို ဘာကြောင့် ညာကြောင့်ဆိုပြီး အချိန်ဆွဲထားလိုက် ! ဒီကြားထဲ မင်းချစ်တဲ့မိန်းကလေးကို တွေ့ချင်းလည် တွေ့လာနိုင်တယ်လေ ''

ညီသွေးသစ် ဖိုးပြည့်ကို စိုက်ကြည့်ရင်……

''မင်းပြောတဲ့အကြံဥာဏ်တွေက ခေတ်အောက်နေပြီး ! အဘွားနဲ့မေမေကို တုံးတဲ့အတဲ့ လူတွေမှန်းမင်းထင်နေလား! အဘွားနဲ့အမေကို လွယ်လွယ်နဲ့လိမ်ညာလို့မရဘူးကွ !
အဘွားတို့သာ အနေအေးတဲ့ သူတွေဆိုရင် ငါအခုလိုစိတ်ညစ်ခံမနေဘူး! မင်းပြောသလို ဇာတ်လမ်းလုပ်ပြီးပြီ "

"ဟူး…ဒါဆိုလည် ငါလည် အကြံမပေးတတ်တော့ဘူးငါကောင်ရေ…! အကောင်းဆုံးကတော့ အဘွားနုရှာပေးတဲ့မိန်းကလေးကို လက်ထပ်လိုက်တာ အကောင်းဆုံးပဲ ''

သူ့အတွက် စိတ်ညစ်သွားတဲ့ ဖိုးပြည့်ကိုကြည့်ရင် ညီသွေးသစ် ခေါင်းကို လက်ဆယ်ချောင်းဖြင့် ကုတ်ဖွပစ်ပြီး စားသောက်ဆိုင်ထဲက စားပွဲပေါ်လက်တင်ပြီး ထို့လက်ပေါ်ခေါင်းတင်ကာ စဉ်းစားခန်းဝင်နေ၏။

®®®®÷÷÷÷®®®®÷÷÷÷®®®®

''သြော်…သမီးအလုပ်က ပြန်လာပြီးလား "

"ဟုတ်ဖေဖေ ''

မြကြာယံ အိမ်ထဲဝင်ဝင် ဖခင်ဖြစ်သူကို ဧည့်ခန်းထဲမှာတွေ့လိုက်ရသည်။

''ခဏနားပြီးရင် ရေချိုးလိုက်သမီး!
ဖေဖေ ထမင်းချက်ပြီးပြီ ! သမီးရေချိုးပြီးရင် ထမင်းစားကြရအောင် ''

''ဖေဖေကလည် ဘာလို့ထမင်းချက်ထားတာလဲ ! သမီးပြန်လာမှချက်မယ်လို့ပြောထားရက်နဲ့ ! အေးဆေး အနားယူပါ ''

ဖခင်ကို ပင်ပန်းမှာစိုးကာ မြကြာယံပြောလိုက်သည်။
ဦးတိမ်ယံက သမီးဖြစ်သူကို ပြုံးကြည့်ရင်…

''ဖေဖေ မပင်ပန်းပါဘူးသမီးရဲ့! ဖေဖေလည် အိမ်မှာ ဘာအလုပ်မှမရှိအားနေတာလေ! ဒါကြောင့် ချက်ထားတာ ! နူစ်ယောက်စာထဲပဲ ! မပင်ပန်းဘူး ''

''ဟုတ်ကဲ့ပါ သမီးက ဖေဖေပင်ပန်းမှာစိုးလို့ပါ ! ဒါဆို သမီး ခဏပြီး ရေချိုးလိုက်ဦးမယ်နော်ဖေဖေ "

"ကောင်းပြီး သမီး ! ရေကို အကြာကြီးမချိုးနဲ့နော်သမီး ''

''ဟုတ်ကဲ့ဖေဖေ ''

မြကြာယံ ဖခင်စကားကို ခေါင်းညိတ်ပြီး သူမရဲ့အခန်းလေးထဲဝင်လာခဲ့သည်။
သူမရေချိုးပြီး ညစာကို ဖခင်နဲ့အတူစားလိုက်သည်။
မနက်ရောက်တော့ သူမ အစောထ၍ မနက်စာကို စီစဉ်ရ၏။
အလုပ်သွားရတာမို့ တစ်ခါထဲ ချက်ပြုတ်ထားခဲ့သည်။
ဖခင်ဖြစ်သူ စားချင်တဲ့အချိန်ကျတော့ ပြန်နွှေးစား၏။
သူမတို့မှာ အလုပ်သမား မငှါးပါ။
အိမ်မှာသူမက အချိန်ပြည့်မရှိတာမို့ မငှါးချင်းပင်။
ဖခင်ဖြစ်သူကလည် တစ်ခါတလေ အပြင်မှာ ကြာတတ်၏။
နောက်ပြီး သူမတစ်ယောက်ထဲ အိမ်မူကိစ္စကို နိုင်နင်းနေတာမို့ လူပိုမခေါ်ချင်။
မြကြာယံ အိမ်ဝင်ပေါက်ဘေးနားရဲ့ ဖိနပ်စင်နားမှာ ချွတ်ထားတဲ့ဖခင်ဖြစ်သူ၏ ဖိနပ်ကို ဖုန်သုတ်ပြီး နေရာတကျ သပ်ရပ်စွာစီးထား၏။
သူမ ဖိနပ်များကိုလည် ဖိနပ်စင်ပေါ်သပ်ရပ်စွာ ထားလိုက်သည်။
အလုပ်မသွားခင် အိမ်မူကိစ္စများကို သွက်သွက်လက်လက်လုပ်နေ၏။
ခွန်းနှစ်နာရီလောက်တော့ သူမရေချိုးပြီး အလုပ်သွားဖို့ပြင်ဆင်လိုက်သည်။
လိုင်းကားစီးသွားရမှာမို့ စောစောသွားမှ အလုပ်ကို အချိန်မှန်ရောက်မည်။
အားလုံးပြင်ဆင်ပြီးတော့ သူမရဲ့ပိုက်ဆံအိတ်ကလေးကို ယူ၍ အခန်းထဲကနေ ထွက်လာခဲ့သည်။

''သြော်  ဖေဖေနိုးလာပြီးလား ''

အိပ်ခန်းထဲကနေထွက်လာတဲ့ ဦးတိမ်ယံကိုမြင်တော့ မြကြာယံ မေးလိုက်သည်။

''အင်း သမီး ဒီနေ့ဖေဖေ အိပ်ရာထနောက်ကျသွားတယ်! သမီးအလုပ်သွားတော့မလို့လား ''

''ဟုတ်ဖေဖေ သမီးအလုပ်သွားတော့မယ် ! ဖေဖေစားဖို့ မနက်စာကို စီစဉ်ထားခဲ့တယ်ဖေဖေ "

''အင်းပါ ငါသမီးလည် ဖေဖေအတွက်ရော အိမ်မူကိစ္စတွေရော တစ်ယောက်ထဲ လုပ်ရတာနဲ့ ပင်းပန်နေပြီး ''

ဦးတိမ်ယံ သမီးဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။

''ဒီလောက်နဲ့တော့ မပင်ပန်းပါဘူးဖေဖေရယ် ''

''အင်း သမီးကို ဖေဖေဒီအတိုင်းမမြင်ချင်တော့ဘူး ''

''ရှင် ''

မြကြာယံ ဖခင်စကားကြောင့် အံ့သြနားမလည်စွာ ဦးတိမ်ယံအား ကြည့်လိုက်၏။
ဦးတိမ်ယံက ပြုံးလိုက်ရင်……

''ဖေဖေပြောတာက သမီးအိမ်ထောင်ကျတာ မြင်ချင်ပြီးလို့ပြောတာ ! ဒါမှ သမီးရဲ့နောင်ရေး စိတ်အေးရမှာလေ ''

''ဟင် သမီး အိမ်ထောင်မပြုချင်သေးပါဘူးဖေဖေ!ဒီလိုပဲ အေးအေးဆေးဆေး နေချင်တယ် ''

မြကြာယံ ဖခင်ဖြစ်သူစကားကို လန့်ဖျတ်အံ့သြသွားရာမှ ပျာပျာသလဲနှင့် ပြောလိုက်သည်။
ဦးတိမ်ယံက သမီးကို ပြုံး၍ ကြည့်ကာ……

''ဒီလိုနေလို့တော့ မဖြစ်ဘူးသမီး ! ဖေဖေက အသက်ကြီးပြီး ! သမီးကိုအိမ်ထောင်ရက်သားကျပြီး မိသားစုလေးနဲ့နေတာကို မြင်သွားချင်တယ် ''

''ဖေဖေကလည် ! အဲ့လိုအပြောပါနဲ့ ! ဖေဖေက သမီးနဲ့အတူ အသက်ရှည်ကျန်းမာစွာနေရမှာပါ ''

မြကြာယံ ဖခင်စကားကို စိတ်မကောင်းဖြစ်ကာ အလုပ်သို့မသွားသေးဘဲ ဖခင်ဖြစ်တဲ့ ဦးတိမ်ယံအနားလျှောက်လာပြီး လက်မောင်းကြီးကို ကိုင်လိုက်၏။

''ဖေဖေက သဘောပြောတာပါသမီးရယ် ! ဒါပေမယ့် ဖေဖေပြောသလို သမီးကို အိမ်ထောင်ပြုစေချင်ပြီး! သမီးမှာ ချစ်သူရည်စားမရှိဘူးလား!ဖေဖေကို မရှက်နဲ့နော် ! ဖေဖေနားလည်တယ် ''

မြကြာယံ ဖခင်က မရှက်နဲ့ဆိုပေမယ့် အနည်းငယ်တော့ ရှက်မိသည်။
မျက်နှာရဲရဲလေးဖြင့် ခေါင်းကို အသာယမ်းရင်…

''သမီးမှာ ချစ်သူရည်စားမရှိပါဘူးဖေဖေ ''

''အင်း  ဒါဆို သမီးရဲ့အိမ်ထောင်ဖက်ကို ဖေဖေရှာပေးရတော့မယ်ထင်တယ် ''

''ဟာ အဲ့လိုကြီး အလျင်အမြန်မလုပ်ပါနဲ့ဖေဖေရယ်!ဟို…သမီးအိမ်ထောင်မပြုဘဲ ဖေဖေကို တစ်သက်လုံပြုစုပေးချင်တယ် ''

''အိမ်ထောင်ကျပြီးမှလည် ပြုစုပေးလို့ရတာပဲသမီးရဲ့ ''

''ဘယ်တူမှာလဲဖေဖေ ! အိမ်မူကိစ္စနဲ့ကိုယ်ခင်ပွန်းရဲ့ဝေရာကိစ္စ အဝဝနဲ့ တခြားလူရဲ့မျက်နှာကိုကြည့်နေရဦးမယ် ! သမီးက အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်ထားတယ်ဖေဖေ "

"အဲ့လိုတော့ မဆုံးဖြတ်ပါနဲ့သမီး !
အိမ်ထောင်ပြုပါ ! ကဲပါ…ဒီကိစ္စကို နောက်မှပြောကြတာပေါ့ ! အခု အလုပ်ကို သမီးနောက်ကျနေဦးမယ် ၊သွားတော့ သမီး ''

''ဟုတ်  ဒါဆို သမီး အလုပ်သွားတော့မယ်နော်ဖေဖေ ''

မြကြာယံခေါင်းကို လေးပင်စွာညိတ်ရင် ဖခင်ကို နူတ်ဆက်လိုက်သည်။
ဦးတိမ်ယံ သမီးဖြစ်သူခေါင်းကို အသာပွတ်ပြီး…

''ဂရုစိုက်သွားနော် သမီး ''

''ဟုတ်ကဲ့ဖေဖေ ''

မြကြာယံ ဖခင်ကို လက်ပြနူတ်ဆက်ပြီး အိမ်လေးထဲကနေ ထွက်လာခဲ့သည်။
သူမ အတွေးထဲ ဖခင်ရဲ့စကားများက
ကြားယောင်နေ၏။
သူမ အိမ်ထောင်ပြုဖို့ စိတ်မဝင်စားပါ။
ဒါပေမယ့်…ဖခင်ကတော့…။
မြကြာယံ သက်ပြင်းတစ်ခုကို လေးပင်စွာ ချမိ၏။……။

®®®®÷÷÷÷®®®®÷÷÷÷®®®®

 ဆက်ရန်

အားလုံးကို ထာဝရဆယ်ကမ္ဘာကျေးဇူးတင်လျက်ပါပဲလို့…

         စုမီကို(အာရှမေ)

Post a Comment

Previous Post Next Post

Comments