#အညာမှာ အရမ်းပေါတဲ့ ထန်းနို့ခြောက်အစွမ်း
ကျနော်ငယ်ငယ်က ကျနော့တူမလေးတစ်ယောက် ထိပ်ကပ်နာ လို့ခေါ်တဲ့ နှာခေါင်းထိပ်ပိတ်နှာစေးနှာပိတ်ဝေဒနာကို
တော်တော်ပြင်းပြင်းထန်ထန်ခံစားရပါတယ်။
#ကြာလာတော့ အနံ့အသက်ပါထွက်လာတယ်။ သူ့ဝေဒနာနောက်ဆုံး အရှင်းပျောက်ခဲ့တာတော့ ပုံမှာပြထားတဲ့ ထန်းနို့ခြောက်(ထနို့ခြောက်)ရှုပေးတာ သုံးလေးရက်အတွင်းမှာ လုံးဝပျောက်သွားခဲ့ပါတယ်။
#ပြုလုပ်ပုံကတော့ ပုံမှာပြထားတဲ့ ထနို့ခြောက်ကို အမှုန့်ဖြစ်အောင်ထောင်းရပါတယ်။ အဲ့ဒီနောက် ဆေးပေါ့လိပ်တစ်လိပ်ကိုထိပ်ဖွင့်ပြီး အတွင်းက ဆေးသားများကုန်စင်အောင်ထုတ်ပါ။
#ထနို့ခြောက်မှုန့်ကိုပြန်ထည့်ပြီး ဆေးပေါ့လိပ်ဖွာသလို ဖွာပြီးနှာခေါင်းထဲမှအငွေ့ပြန်ထုတ်ရပါတယ်။
#ဆေးလိပ်သောက်သလို ရှိုက်ဖို့မလိုပါ အငွေ့နှာခေါင်းထဲမှပြန်ထုတ်ရင်ရပါပြီ။
#ကျနော့ဖရင့်ထဲက ကလေးမတစ်ယောက် ထိပ်ကပ်နာဖြစ်ပြီး အသက်ရှုလမ်းကြောင်းပိတ်ကာ ခွဲစိတ်ရမယ်ပြောလို့ ကျနော်ဒီနည်းလေးပေးလိုက်တာ
၁ရက်ထဲမှာပဲ ပိတ်ဆို့နေတဲ့အစိုင်အခဲတွေ အရည်ပျော်ကျပြီး အသက်ရှုရလွယ်ကူသွားပြီဖြစ်ပါတယ်
#လေးငါးရက်ဆက်တိုက်လုပ်ပါက လုံးဝပျောက်ကင်းတာလက်တွေ့မို့ လက်တို့လိုက်ခြင်းဖြစ်ပါတယ်။

Post a Comment