ကျွန်မက အမှီခိုကင်းတဲ့ အမျိုးသမီးပဲ ဖြစ်ချင်တယ်"

ကျွန်မက အမှီခိုကင်းတဲ့ အမျိုးသမီးပဲ ဖြစ်ချင်တယ်"


ဇိမ်ဘယ်လောက်ရှိရှိ သူတစ်ပါးကို မှီပြီး မရှင်သန်ချင်ဘူး။

မပြည်စုံတဲ့ ဘဝဆိုရင်တောင် ကျွန်မ မပျော့ညံ့ ချင်ဘူး"
သူများကို အားကိုးပြီးတော့ ဘယ်မျော်လင့်ချက် ကိုမှလည်း
ကျွန်မ အသက်မသွင်းချင် ဘူး"

ဘဝမှာ ထမ်းပိုးထားရတဲ့ တာဝန်တွေ အများကြီးရှိတယ်"
ဒါကြောင့် ~ ကိုယ့်ကိုယ်ကုိယ် သန်မာနေဖို့ ကြိုးစားတယ်

ပြိုလဲလို့မဖြစ်တဲ့ ဘဝမို့ ဘယ်လောက်ပဲ
ကျွန်မ ပင်ပန်းနေပါစေ ကြိုးစားပြီး ရပ်တည်တယ်"

ကျွန်မကို သိမ်ငယ်စေတဲ့ ပတ်သက်မှု တွေဆိုရင်
ရဲရဲဝဲ့ဝဲ့ စွန့်လွတ်လိုက်မယ်ဆိုတဲ့ သတ္တိ မွေးထားတယ်"

တစ်ခါ တရံမှာ ပတ်ဝန်းကျင်ဆိုတဲ့ လူတွေဆီက

ကျွန်မကို အပြစ်တင်ဝေဖန်နေတဲ့ အသံတွေကြားရတိုင်း
ကိုယ့်ကိုယ်ကိုယ် အမြဲအားပေးပြီး ရှေ့ဆက်လျှောက်တယ်"

မပျော်မရွှင်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ လူတွေ အများစုဟာ"
ဘဝနေနည်း မျိုးစုံတတ်တယ်လေ " ဒါကြောင့်

ကျွန်မကိုယ် ကျွန်မ ဂရုစိုက်ပြီး ရှေ့ဆက်ရဦးမယ်
ဘဝခရီး ကြမ်းတမ်းနေလည်း ကျွန်မ လျှောက်ရဲတယ်"

နာကျင်ရင်း ကျရှုံးနေရင်းနဲ့ပဲ မာကြော လာဖို့ ကြိုးစားရမယ်
အရောင်စုံတဲ့ ဒီလောကကြီးထဲမှာ ကျွန်မ ရှင်သန်နေမယ်"

ဒီလိုပါပဲ ဘဝမှာ နည်းနည်းလောက် ပျော်ဖို့အတွက်
အများကြီး ကြိုးစား ရုန်းကန်ခဲ့ရတယ်" ဒီအတွက်လည်း

ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး စိတ်အားလည်း မငယ်ဘူး"
လိုအပ်ရင် ကျွန်မကိုယ် ကျွန်မ အားပေး နှစ်သိမ့်တယ်"

ကျွန်မ အဆင်ပြေဖို့အတွက်နဲ့ တစ်ယောက်ယောက် 
သဘောကျအောင် ဟန်ဆောင်ပြီး နေရင်းနဲ့ ~~

ချစ်ခြင်းမုန်းခြင်းတွေရဲ့ အချုပ်အနှောင်လည်း မခံနိုင်ဘူး"
ဘယ်လောက် ခက်ခဲပါစေ ရအောင်ကျော်ဖြတ်သွားမယ်"

ဘဝမှာ အပြုံးတစ်ပွင့် တောက်ပတဲ့ အရောင်ထွက်ဖို့
ကျွန်မကိုယ်ကျွန်မပဲ အရောင်တင် သွားမယ်"

အမှီအခို ကင်းတဲ့ ရှင်သန်ခြင်းနဲ့ ကျွန်မ ရှင်သန် နေမယ်"
အခုနောက်ပိုင်းမှာ ဒဏ်ရာတစ်ခုရတိုင်း ပြိုလဲဖို့ထက်
    သန်မာပြဖို့ပဲ ကျွန်မ တွေး ဖြစ် ပါ တယ် ”

Zin Mar Khaing ခိုင် ( အညာမြေ )  ✍👸🌻🌻
    ”ဒဏ်ရာတွေ များတယ် ဒါပေမယ့် ပြိုလဲလို့မဖြစ်ဘူး”

Post a Comment

Previous Post Next Post

Comments