ဆက်ရန်မရှိတော့ပါ.....
နာမည်လေးနှင့်ပင် စိတ်ထဲတစ်မျိုးလေးဖြစ်သွားချိန်.ကိုယ့်ဘဝရဲ့ ဆက်ရန်မရှိတော့သည့် အစိတ်အပိုင်းတွေကိုလည်း ဖြတ်ခနဲသတိရမိ...
ဆက်ရန်ရှိသေးသည်ဆိုသည့် စာအုပ်လေး ၏ နောက်ဆက်တွဲအကြောင်းများ.....
စာအုပ်ရဲ့ အပိုင်း(၁)မရောက်ခင် ရှေ့ဆုံးစာမျက်နှာများနှင့်ပင် ဟင်ခနဲ ဖြစ်ကာ ရင်တလှပ်လှပ်ဖြစ်ရသည့် ခံစားမှုကို ပေးစွမ်းနိုင်သည်သာမက Tempo အတက်အကျကြမ်းကြမ်းနှင့် လှိုက်ခနဲဖြစ်စေသည့်
Surpriseတွေ တနင့်တပိုးနှင့် ဇာတ်အဆုံးမှာ အရာအားလုံးကို ခဏမေ့ပီး မှင်သက်သွားစေနိုင်သည့် စာအုပ်လေးပင်။ ကျမအတွက်တော့ ဒီစာအုပ်လေးဖတ်နေသည့်အချိန်မှာ အထက်ပါ ခံစားမှုတွေကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရတယ်။
ဆက်ရန်ရှိသေးသည်ဆိုသည့်စာအုပ်ထဲတွင် လောကဓံ၏ ခပ်ကြမ်းကြမ်းရိုက်ခတ်မှုတွေကို ကြုံတွေ့ခဲ့ရသော...ချမ်းသာ... ယခုဒီစာအုပ်ထဲတွင်...ဘဝ၏အလှည့်အပြောင်းတွေနှင့် ထပ်ကြုံရသောအခါ.....
သမီးတစ်ယောက်၏ ဖခင်အဖြစ်.. ကိုင်တွယ်ရခက်သောအရာများကို ထိန်းကျောင်းရသောအခါ..
အချစ်နှင့်ပျော်ရွှင်မှုကို ခဏတာခံစားရသောအခါ..
ဒီဝတ္ထုလေးကိုဖတ်ရင်း..ဘဝမှာ မမြဲတဲ့အရာတွေကို
နှလုံးသွင်းမိပီး...အချစ်ဆိုသည့်အရာကို ပိုနားလည်လာမိတယ်။ ဘယ်အရာမှ ကိုယ်မျှော်လင့်သလို မဖြစ်နိုင်သလို...ဖြစ်လာတဲ့အရာတွေကိုလည်း အလိုက်သင့်လေးမျောပါပီး လက်ရှိ ပစုပန်လေးကို
တန်ဖိုးထားကာ ကိုယ့်စိတ်ကိုယ်ပျော်အောင်နေတတ်ဖို့..ကြုံလာတဲ့အရာတွေကိုလည်း စိတ်အေးအေးနှင့် ဖြေရှင်းတတ်ဖို့ သင်ခန်းစာရမိတယ်။
ဝတ္ထုလေးက ရုတ်တရက်ကြည့်ရင် စိတ်ကူးယဥ်ဆန်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့်.....
လက်ရှိ လူ့အလွှာတစ်ခုမှာ ဖြစ်တတ်သည့်အရာများသာမက...foreign life မှာ လူငယ်တွေကြုံတွေ့နေတတ်သည့် အရာများကိုလည်း ဆရာမက ဗဟုသုတအနေနှင့် ထည့်သွင်းရေးထားသားတယ်လို့ ထင်မြင်မိတယ်။ နောက်လည်း ဒီလိုခေတ်ပြိုင်အရေးအသားတွေနဲ့ ဝတ္ထုမျိုးကို မျှော်လင့်နေရင်းနှင့်ပဲ..........
ချမ်းသာဆိုသည့် ဇာတ်ကောင်ကို တိုက်ဆိုင်တိုင်း သတိရနေမိတော့တာပါပဲ..
#Review
#PSWai
#ဆက်ရန်မရှိတော့ပါ
#NotToBeContinue
#MonHalsey

Post a Comment