စမ်းသပ်မှုတစ်ခုမှာ .. ရောင်းတဲ့ လိမ္မော်သီးတွေ ကို အခွံဝါနေအောင် ဆိုးဆေးဖြင့်ပြုလုပ်ထားသည် လို့စာကပ်ထားတယ်။
ဝါနေတာဆိုးဆေးကြောင့်ဆိုတာသိပေမယ့် ဝါဝင်းမှ မှည့်ချိုတယ်ဆိုတဲ့အသိကြောင့် လူအများစု (၇၅% သောလူများ) က ဝါဝင်းတဲ့လိမ္မော်သီး ကိုပဲ ရွေးယူလေ့ရှိကြတယ်ဆိုတာ တွေ့ရှိခဲ့ကြတယ်။
🍊အခွံ နဲ့ အရသာ၊
အကြောင်းအရာနှစ်မျိုးမှာ ....
အခွံအရောင် ကိုကြည့်ပြီး အရသာ ကို ဆုံးဖြတ်လိုက်ကြတယ်။
📕စာအုပ်ကာဗာ နဲ့ စာသား၊
အကြောင်းအရာ နှစ်မျိုးမှာ...
စာအုပ်ကာဗာကို ကြည့်ပြီး စာသားအကြောင်းအရာ ကို ဆုံးဖြတ်လိုက်ကြတယ်။
💅အလှအပ နဲ့စိတ်ထား၊
အကြောင်းအရာ နှစ်မျိုးမှာ ...
အလှအပ ကို ကြည့်ပြီး သူ့ရဲ့စိတ်ထားကို ဆုံးဖြတ်လိုက်ကြတယ်။
🤦♀️ပြင်ပသဏ္ဍန် နဲ့စာရိတ္တ၊
အကြောင်းအရာနှစ်မျိုးမှာ....
ပြင်ပသဏ္ဍန် ကို ကြည့်ပြီး စာရိတ္တ ကို ဆုံးဖြတ်လိုက်ကြတယ်။
📦ထုတ်ပိုးမှု နဲ့အရည်အသွေး၊
အကြောင်းအရာ နှစ်မျိုးမှာ ....
ထုတ်ပိုးမှု ကို ကြည့်ပြီး အရည်အသွေး ကို ဆုံးဖြတ်လိုက်ကြတယ်။
အရောင် နဲ့အသွေး၊
အကြောင်းအရာနှစ်မျိုးမှာ..
အရောင်လဲလှစေ၊ အသွေးလဲကောင်းစေ ဆိုပေမယ့်
ရှေ့ဆုံးက လာတဲ့အရာ ရှေ့ဆုံးပို့ပြီး ရောင်းတတ်ပါစေ။
"ကိုယ့်ထုတ်ကုန်ရဲ့ ထုတ်ပိုးမှု (Packaging) ကို ဂရုစိုက်ပါ။"
#မာသင်
In Search of Impactful Existence

Post a Comment