လောကဓံကို ရင်ဆိုင်ကြည့်ခြင်း
-------------------------
# * သိပ်ရှိလို့လည်း မာနမတက်နဲ့။
ရှိခြင်းရဲ့နောက်မှာ မရှိခြင်းတွေ တကောက်ကောက်ပါနေတယ်။
* မရှိလို့လည်း အားမငယ်နဲ့။
မရှိဘူးဆိုတာ မွေးကတည်းက
ပါလာတာဆိုတော့ မရှိခဏ အတိအကျပဲ။
# * အပေါင်းအသင်းများလို့လည်း
ကောင်းသတင်းတွေပဲ ကြားနေမယ်လို့
အတွေးမဝင်စေနဲ့။
အပေါင်းအသင်းများတယ်ဆိုတာ ပေါင်းသင်းစားနေရလို့လည်း ဖြစ်တတ်တာပါပဲ။
* အပေါင်းအသင်းမရှိ ငုံးတိတိဖြစ်နေလို့လည်း အထီးကျန် မဖြစ်နဲ့။
တစ်ယောက်တည်းရှိနေခြင်းဟာ မဖောက်မလွဲ အသိတွေမြဲဖို့ အထောက်အကူတွဲတဲ့ သဘောပါပဲ။
# * ချီးမွန်းသံတွေ ကြားနေရလို့လည်း
သိပ်ဟုတ်လှပြီလို့ အထင်မကြီးနဲ့။
ချီးမွန်းတယ်ဆိုတာ အဆင်ပြေနေတုန်း၊ တည့်နေတုန်းမို့လို့လည်း ဖြစ်နိုင်တာပါပဲ။
* ကဲ့ရဲ့ခံနေရလို့လည်း ကြောက်ရွံ့ တုန်လှုပ်မှုတွေ မဖြစ်မိစေနဲ့
ကဲ့ရဲ့တယ်ဆိုတာ မတည့်တဲ့သူတွေက ကိုယ်ကိုတည့်မှန်အောင် လုပ်ပေးနေတဲ့ သဘောပါပဲ။
# * ချမ်းသာတယ်ဆိုပြီးတော့လည်း
မှန်းတာတွေ တကယ်လို့ အထင်မရောက်နဲ့။
ချမ်းသာမှုဆိုတာ ရုပ်နာမ်အစု ရှိနေသမျှ ထာဝရမဟုတ်၊ တခဏတဖြုတ်လောက်ပါပဲ။
* ဆင်းရဲနေလို့လည်း ဆိုးလိုက်တဲ့ဘဝလို့ သောကတွေ မပွားမိစေနဲ့။
ဆင်းရဲတယ်ဆိုတာ ကိုယ်မှမဟုတ်ပါဘူး၊ အိုနာသေတွင်းထဲမှာ နေသမျှ အားလုံးဟာ အတူတကွပါပဲ။
ကိုယ့်ဘဝ ကိုယ်ထုဆစ်ပါ မိတ်ဆွေ
~~~~~~~~~~~~~~~~~~~~~~
# အသိဉာဏ် မတူတဲ့သူနဲ့ပြိုင်ပြီး
ကိုယ့်အသိကို တန်းလိုက်မညှိနဲ့။
သူမသိတာ သူ့အတိုင်းအတာပဲ၊
ကိုယ်အရိုင်းမပါဖို့ပဲ ကိုယ်ကြိုးစားရမယ်။
# စေတနာ မရှိသူနဲ့ပြိုင်ပြီး
ကိုယ့်စေတနာကို အရောင်မဆိုးမိစေနဲ့။
စေတနာဆိုတာ လူတိုင်းမှာ မရှိနိုင်ဘူး၊
ကိုယ့်စေတနာ ကွက်မသွားဖို့ပဲ ကိုယ်ထိန်းရမယ်။
# နားလည်မှု မရှိသူနဲ့ပြိုင်ပြီး
အားငယ်မှုတွေ မဝင်မိစေနဲ့။
သူနားမလည်တာ သူ့အကြောင်း၊
ကိုယ်အမှားမဝယ်မိဖို့ပဲ ကိုယ်ပြောင်းရမယ်။
# ကျေးဇူးမသိတတ်သူနဲ့ပြိုင်ပြီး
ကျေးဇူးတရားတွေ လိုက်ဖော်မနေနဲ့။
သူကျေးဇူးကန်းတာ သူ့အပိုင်း၊
ကိုယ်သမိုင်း မရိုင်းဖို့ပဲ ကိုယ်သတိပြုရမယ်။
# အာဃာတကြီးသူနဲ့ပြိုင်ပြီး
ကိုယ့်စိတ်မှာ အနာတရ မဖြစ်မိစေနဲ့။
သူအမုန်းမပြေတာ သူ့ကိစ္စ၊
ကိုသင်ပုန်းချေနိုင်ဖို့ပဲ ကိုယ်ကြိုးစားရမယ်။
# အရင်းစစ်တော့
ကိုယ့်ဘဝ ကိုယ်ထုဆစ်ဖို့ပဲလေ။
လူ့ဘဝဆိုတာ သတိမကပ်ရင်
အပြစ်တွေချည်းပဲ မဟုတ်လား။
သတိရှိရင် အနှစ်ရှိတယ်။
သတိမရှိရင် အပြစ်ငြိမယ်။
မထိတထိ ကလိတာတွေနောက် လိုက်မခံစားနဲ့။
# အကြံအမှားမဖက်ဖို့ နဲ့ မာန်တရားမစွက်ဖို့
အမှန်တရားမပျက်ဖို့ပဲ ကြိုးစားရမှာပေါ့။
ဒါကြောင့်-ကိုယ်အတွေး နဲ့ ကိုနေပါ
—————————
ကိုယ့်ကိုမဝင်စေချင်လို့
ပိတ်ထားတဲ့တံခါးတွေကို
အတင်းဖွင့်မကြည့်ပါနဲ့
အသာလေးပဲလှည့်ပြန်ခဲ့ပါ။
ကိုယ့်ကိုမပြုံးပြချင်လို့
မြင်တာနဲ့မျက်နှာလွှဲလွှဲသွားတဲ့လူတွေကို
နောက်တစ်ခေါက်တွေ့ရင်
တည်တည်ငြိမ်ငြိမ်နဲ့ကြည့်နိုင်ဖို့
လေ့ကျင့်ထားပါ။
ကိုယ်နဲ့မပြောချင်လို့မကိုင်တဲ့ဖုန်းတွေကို
နောက်တစ်ခါထပ်မဆက်ဖြစ်အောင်
ကြိုးစားနေထိုင်ပါ။
ကိုယ့်ကိုမပြောချင်လို့
seen ဖြစ်ရဲ့သားနဲ့
မပြန်တဲ့ message တွေရှိခဲ့ရင်
နောက်ထပ်မပို့ဖြစ်အောင်ကြိုးစားပါ။
ကိုယ့်ကို unfriend လုပ်သွားတဲ့သူတွေကို
နောက်တစ်ခါထပ် မ add မိအောင်သတိထားပါ .
ကိုယ်နဲ့ဆက်ဆံရေးကျဲသွားတဲ့သူတွေကို
သူတို့စိတ်မပါပဲ အတင်းလိုက်မရောမိအောင်
သတိထားနေထိုင်ပါ။
ဟုတ်ကဲ့
ဒီအဖြစ်အပျက်တွေကြောင့်
သင်ဝမ်းမနည်းပါနဲ့ ။
ဘယ်ဘုရားကိုမှ
လူအကုန်လက်မခံပါဘူး
ဘယ်နိုင်ငံခေါင်းဆောင်ကိုမှ
လူအကုန်မထောက်ခံပါဘူး
ဘယ်အနုပညာရှင်ကိုမှ
၁၀၀%လူအကုန်မထောက်ခံပါဘူး .။
ဒါဆို
သင့်ကိုရော ?
လူတချို့လက်မခံကြတာ
ဆန်းသလား မိတ်ဆွေ....
လူအားလုံးစိတ်တိုင်းကျအောင်
နေပေးဖို့စိတ်မကူးပါနဲ့။
လူအားလုံးသဘောကျအောင်
ပြောနေဖို့လည်း မကြိုးစားပါနဲ့။
ကိုယ့်အတွေးနဲ့ကိုနေပါ
ကိုယ့်အလုပ်ကိုသာ ကိုလုပ်ပါ
ပြောစရာရှိတဲ့စကားကို
ရဲရဲဝံ့ဝံ့သာပြောပါ
ကိုယ့်ယုံကြည်ချက်ကို
ကိုယ်သစ္စာရှိပါ။
ဘယ်သူမှသဘောမကျလည်း
မိမိကိုယ်မိမိ သဘောကျခြင်း
မိမိကိုယ်မိမိ ယုံကြည်ခြင်း ကသာ
ဘဝအတွက်အရေးကြီးတာပါ။
#လေးစားစွာဖြင့်
#ပန်းပျိုးလက်
နှလုံးသားအဟာရဖြစ်စေမည့်စာစုလေးများ

Post a Comment