"လွှတ်"
ကားပေါ်ကဆင်းဆင်းချင်း
လက်ကိုစောင့်တွန်းကာ
အနောက်နည်းနည်းတိုးရပ်လိုက်သည်။
"ဘာဖြစ်ရပြန်တာလည်းကွာ"
"ဘယ်ကိုသွားမလို့လည်း
ဒါပေမဲ့ ရှင်သွားချင်တဲ့နေရာ
လွတ်လွတ်လပ်လပ်သွားနိုင်တာဘဲ
ဘာလို့သွေးကိုခေါ်သွားမှာလည်း"
အဝေးပြေးလမ်းမတစ်မေရာတွင်ဖြစ်သည်။
ကမ္ဘာအပေါ့သွားချင်တယ်ဆိုလို့ကားရပ်ပေးလိုက်တာ
သူမအလစ်ခိုးဆင်းပြေးတာကြောင့်
အတင်းလိုက်ဖမ်းရပြန်သည်။
လစ်ရင်လစ်သလို ထွက်ပြေးဖို့စဉ်းစားနေသလောက်
အလစ်မခံဘဲ သတိထားနေရင်းကို
ရအောင်ထွက်ပြေးချင်သေးသည့် အာဂသတ္တိခဲမလေး
သူ့စိတ်ရှည်ခြင်းတွေကိုစမ်းနေသည်။
"ဒါဆို မင်းက ဘယ်မှာနေချင်လည်း"
"ဘယ်မှာနေနေပေါ့"
"အေး ကိုယ်နဲ့ဘဲနေရမယ်
မင်းကို ကိုယ်သဘောကျမိလာတဲ့အတွက်
ဘယ်ကိုမှ ပြေးဖို့မစဉ်းစားနဲ့"
"သဘောကျလာတယ် ဟုတ်လား
တော်စမ်းပါ နှိပ်စက်လို့ဝမှ
သဘောကျလာတယ်တဲ့ ရွံစရာကောင်းတယ်"
"ဘာကြောင့်ဆိုတာ မသိခင်က
မင်းလုပ်ရက်ကမှန်လဲ့လို့လား"
"မမှန်ခဲ့ရင်တောင် ထင်းခွဲဖို့အထိ
ကြမ်းခနခနတိုက်ခိုင်းဖို့အထိ
အခန်းထဲ ပုပ်စော်နံတာတွေ
ထည့်ခိုင်းဖို့အထိ နေမကောင်းတာကို
ရေနဲ့ထိတွေ့ခိုင်းတဲ့အထိ ထမင်းကိုငပိရည်တစ်မျိုးထဲနဲ့
ကျွေးတဲ့အထိ အမြဲ ညှင်းပန်းခိုင်းတဲ့အထိ
ရှင့်လူတွေစားဖို့သောက်ဖို့ ချက်ခိုင်းတဲ့အထိ
ရှင့်ပေါ်ကျွန်မအကြွေးတင်ခဲ့သလား"
နာကျင်မှုတွေ လိပ်တက်လာသမျှ
သီးသည်းခံထားလို့မရတော့ဘဲ
လွတ်လပ်စွာငိုယိုကာပေါက်ကွဲပြစ်လိုက်သည်။
ဒါပေမဲ့ ဒီလောက်ထိ သူမနာကျင်နေရသလားဟု
သူအခုမှသိသည်။သူခိုင်းဖူးတာ အဝတ်လျှော်ဖို့တစ်ခုသာ
ရှိပြီး ထမင်းကျွေးတာ ဟင်းမဲ့တဲ့အထိ
သူသွေးမအေးနိုင်ပါလေ။
ဇိုး မျက်မှောင်ကြီးကျုံ့ကာ ဘာမှဆက်မပြောတော့ဘဲ
ကမ္ဘာလည်း လမ်းကူးလာနေပြီမို့
သွေးလက်ကိုဆွဲ၍
"မင်းကိုယ်ငါလိုချင်တယ်"

Post a Comment