အောင်မြင်လိုသော်

အောင်မြင်လိုသော်
**********************


တခါတုန်းကသားအဖနှစ်ယောက်ရှိသတဲ့..
အဖေဖြစ်သူကတော့ ..ထမင်းဆိုင်ကြီးတစ်ခုမှာ..စားဖိုမှူးကြီးတဲ့..
သားဖြစ်သူကတော့ ကုမ္မဏီ ဝန်ထမ်းပေါ့ သူတို့ကနှစ်ယောက်ထည်းနေတယ် ..

ခေတ်ကာလလဲကျပ်တော့ သားအဖ နှစ်ယောက် စလုံး အလုပ်လုပ်မှ ..ရပ်တည်နိုင်မှာမလား စားဖိုမှူး ကြီးမိန်းမ ကတော့မရှိရှာတော့ပါဘူး .

စားဖိုမှူး ကြီးကတော့ ပုံမှန်ပါပဲ သူ့အလုပ်လေးသူ လေတချွန်ချွန်နဲ့..လုပ်လိုက် ကြော်စရာလှော်စရာတွေ တရှဲရှဲလုပ်လိုက် အားရင် နောက်ဖေးသွား စီးကရက်ကလေး ဖွာ လိုက်အေးဆေးပဲ ..သူ့အလုပ်က ပုံမှန်ပဲ ဆိုင်ကလဲ သူ့ကိုပဲအားကိုးနေရတာဆိုတော့ အလုပ်လဲများသလို အဆင်လဲပြေပါသတဲ့..

အဲသားဖြစ်သူ မောင်ခမြာတော့ မဟုတ်ရှာဘူး...ကုမ္မဏီ အလုပ်မှာ အလယ်တန်း ဝန်ထမ်းကလေး ..သဘောလေးကောင်းပေးမဲ့ မလုပ်တတ်မကိုင်တတ် မပေါင်းတတ်မသင်းတတ် မလည်မဝယ် ဆိုတော့ သု့အောက်ကလူကလဲ အချွန်နဲ့မ ပညာပြ..ပါတယ် ..လုပ်ဖော်ကိုင်ဖက် level တန်းတွေကလဲ လစ်၇င်လစ်သလို ညှော်တယ်..စမာကျ ကြတယ်..အပေါ်ကအထက်လူကြီးကလဲ ဝိတ်နဲ့ ဖိပါသတဲ့ ထောင်းပါသတဲ့..ဝိုင်းဆေးကြတယ်ပေါ့ တိုတိုရေးကြရင်..

ဒီလိုနဲ့ သားဖြစ်တဲ့လူက အလုပ်မှာ အဆင်မပြေ စိတ်ဓာတ်ကျ ရာထူးတက်ဖို့လမ်းမမြင်..လစာကလဲနည်း..ဖိအားတွေ Stress တွေများလာပြ်ီး အလုပ်ထွက်ဖို့ ...တခြားအလုပ်တစ်ခုကို ပြောင်းဖို့ကြိုးစားရင်း အဆင်မပြေတာတွေ အတော်များလာတဲ့ တညမှာတော့ စိတ်အညစ်ကြီးညစ်..လူလဲချုံးချုံးကျ ပြီး.အားအင်ချိနဲ့စွာနဲ့ သု့အဖေ စားဖိုမှူး ကြီး အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်ကြီးကိုသွား..
မီးဖိုချောင်ထဲကိုဝင်ပြီး .ဖခင်ကို တွေ့ပါတယ် ..သူ့အဝတ်အစားတွေကလဲ ဘိုသီဘတ်သီ နဲ့ပေါ့လေ..

အဲ့မှာ အဖေ လုပ်တဲ့လူကို တွေ့ပြီး သားတော့ ဒီလို ဒီလိုပါပဲ အဆင်မပြောဘူးပေါ့ .ကျနော်အတော်စိတ်ဓာတ်ကျနေပါပြီ အဖေရယ် အကြံလေးဘာလေးပေးပါ..ဘာလုပ်ရမှာလဲဘာညာ နဲ့..ညီးရှာပါတယ်..
အဖေဖြစ်သူက သူပြောသမျှနားထောင်ပါသတဲ့ စားသောက်ဆိုင်က အလုပ်လဲသိမ်းချိန်ရောက်တော့အားပြီလေ..ကျန်တဲ့ ထမင်းချက် အလုပ်သမားဘာညာ အကုန်ပြန်ကုန်ပြီ..
စားဖိုဆောင်ကြီးထဲမှာ သူတို့သားအဖနှစ်ယောက်ပဲကျန်တော့သတဲ့..

သူ့အဖေကနားထောင်တယ် .လက်ကာပြတယ် ပြီးတော့သူ့သားကို တခြားဘာမှ အကြံမပေးသေးပဲ..ရေနွေးအိုးကြီးသုံးအိုး တည်ခိုင်းတယ် 
သားဖြစ်သူက တစ်ချက်တော့ကြောင်သွားပြီး အော်အဖေက သူ့အလုပ်ကို ကူပေးစေချင်တာထင်ပါရဲ့ဆိုပြီး..ပြောတဲ့အတိုင်း ရေနွေးအိုး ၃အိုးတည်ပေးတယ် 
သူ့အဖေ ဘာများပြောမလဲ ပေါ့ ..

ရေနွေးအိုး တွေပွက်ပွက်ဆူတဲ့အထိ..ဘာမှမပြောသေးဘူးတဲ့. ပြီးတော့ အဖေက သားစီကို ပစ္စည်းသုံးခုယူလာပြတယ် ..လက်ဖက်ခြောက် တစ်ဘူးရယ် ကြက်ဥ စိမ်းတလုံးရယ် မုန်လာဥနီ တစ်ချောင်းရယ်..ယူလာပြီး သူ့သားကို ပစ္စည်းသုံးခုစလုံးကို ကိုင်ကြည့်ခိုင်းတယ် ဘယ်လိုနေလဲ မေးတယ်..ဘယ်တစ်ခုအမာဆုံးလဲမေးတယ်..

သူ့သားကလဲ အဖေဆိုတာဘာမှပြန်မပြောဘူးခိုင်းတဲ့အတိုင်းလုပ်တယ်.. ကြက်ဥ တို့ မှန်လာဥနီ လက်ဖက်ခြောက်ဘူး ၃ဦး ကော်မတီ ကို ကိုင်ကြည့်ပြီး ပြောတယ်..

ကြက်ဥကအပြင်ကမာပေမဲ့ .ကျရင်ကွဲမယ်အထိမခံပါဘူး.ပေါ့ 
မုန်လာဥနီ ကတော့မာပါတယ် 
လက်ဖက်ဘူးထဲ ကလက်ဖက်ခြောက်တွေက ကျွတ်ဆတ်ဆတ်နဲ့ ထိရင် ကြွေကျကုန်တယ်ပေါ့...
၃ခုထဲ မုန်လာဥနီ ကအမာဆုံးပါ လို့သူဖြေတယ်..

သူ့အဖေက ခေါင်းငြိမ့်ရင်းပြုံးတယ် ပြီးတော့ ပစ္စည်းသုံးခုစလုံးက တစ်ခုစီကို ရေနွေးတစ်အိုးစီမှာထည့်တယ် အဖုံးပိတ်တယ်.. သူ့သားကို ပြုံးပြပြီး ခဏ စောင့်ခိုင်းတယ်..
ဘာမှတော့မပြောသေးဘူးတဲ့...

နောက်ခဏ အကြာ သူ့သားကို မုန်လာဥထည့်ထားတဲ့ရေနွေးအိုးကိုကြည့်ခိုင်းတယ် .
သူ့သားကကြည့်တော့ ..မုန်လာဥနီ ကပျော့ပြဲ.နေပြီ ရေနွေးတွေကလဲ သုံးမရသေးဘူး..မုန်လာဥနီ ဟင်းရည်မဟုတ် လက်ဆေးရေမဟုတ် အဆင့်မှာပဲရှိတယ်..

ကြက်ဥကတော့ အနှစ်တွေကျက်လို့ .ကြက်ဥပြုတ်တလုံးကောင်းကောင်းဖြစ်နေပြီ ရေနွေးကတော့ဒီအတိုင်းပဲ..

လက်ဖက်ခြောက်ခတ်ထားတဲ့အိုးကတော့..အရမ်းကိုမွှေးတဲ့.လက်ဖက်၇ည်တွေ ဖြစ်နေပြီတဲ့..

အဲ့အချိန်ကြမှ စားဖိုမှူး ကြီးက သူ့သားကို ပြောပါတယ်..

သားလောကမှာ တစ်ချို့လူတွေက မုန်လာဥလို အရောင်လေးလှတယ် ..မာတယ်ထင်ရပေမယ့် ရေနွေးအိုးဆိုတဲ့ လောကဓံ အထုအထောင်း ဒါဏ် ကြောငိ့ ပျော့ပြဲပြီး သုံးမရဖြစ်သွားတယ် ..သူကိုယ်တိုင်လဲ မတည်ဆောက်နိုင်သလို သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကိုလဲ ဘာမှ ဟုတ်တိပတ်တိ အကျိုးမပြုနိုင်ဘူး...ကြည့်လေ အနဲဆုံးမုန်လာဥ ဟင်းရည်ဖြစ်ဖို့တောင် သူ့လိုမုန်လာဥ လူစားတွေအများကြီးထပ်ထည့် ဟင်းခတ်အမွှေးအကြိုင် ဆိုတဲ့ဘေးလူတွေအများကြီးဝိုင်းကူရဦးမှာ...လောကမှာ မုန်လာဥလိုလူ မဖြစ်စေနဲ့ငါ့သား ....တဲ့.

ကြက်ဥ ကိုကြည့်ပါ .သား..အစက အထိမခံ အပြင်ကအခွံမာပါးပါးလေး ကွဲတာနဲ့ ဘဝပျက်တော့မယ်လို သားထင်ထားတဲ့. ကြက်ဥ ဟာ ရေနွေးထဲေ၇ာက်တော့ ဘာဖြစ်သလဲ .အတွင်းသားတွေ ရင့်ကျက်သွားတယ်သား..သူကတန်ဖိုးတက်လာတယ်..။ ပတ်ဝန်းကျင်ကို မကူညီနိုင်တောင် သူ့ကိုယ်သူ ရင့်ကျက်အောင် တန်ဖိုးတက်လာအောင် အပေါ်ယံတွေမရှိတော့လဲ ပုံပျက်မသွားအောင် ထိမ်းသိမ်းနိုင်တဲ့ ကြက်ဥ ပြုတ်ကလေး ဖြစ်လာတယ် သား ။ တချို့လူတွေ က ကြက်ဥ လိုပဲ အစက အထိမခံဘူး အခွံမာလေးကွရင် သေရတော့မယ်ထင်ပေမဲ့ လောကကြီးဆိုတဲ့င ရေနွေးပူအိုးကြီးထဲပစ်ချလိုက်လို့ အချိန်တန်တဲ့အခါ ရင့်ကျက်လာကြတယ်... ကြက်ဥလိုလူ ဖြစ်ပါစေ သား..
ဖြစ်နိုင်အောင်ကြိုးစားပါ ။ ..ပြီးတော့..

ပြောပြောဆိုဆို စားဖိုမှူး ကြီးက .လက်ဖက်ခြောက် ခတ်ထားတဲ့အိုးထဲက လက်ဖက်ရည် တခွက်ကို ခပ် မှုတ်လိုက်သောက်လိုက်အရသာခံလိုက် လုပ် တယ်

သား တဲ့ သူဆက်ပြောတယ် .

လက်ဖက်ခြောက် ကို ထိတာနဲ့ကြွေကုန်တယ်လို့ ..သားပြောခဲ့တယ်နော်..သားအခုကြည့်လိုက်အရမ်းမွှေးတဲ့ လက်ဖက်ရည် တွေရနေပြီ.. အဲ့လိုပဲ ဒီလောကကြီးဆိုတဲ့ လုပ်ငန်း ခွင်ဆိုတဲ့ ရေနွေးအိုး ကြီးထဲမှာ တချို့လူတွေက ..လက်ဖက်ခြောက် လိုပဲ..ငါ့သား.. လူကြည့်တော့ ပျော့ဖတ်ဖတ် ..ဘာမှမဟုတ်သလို ထင်ရပေမယ့်..သူ့ဘေးနားကအသိုင်းအဝိုင်း ပတ်ဝန်းကျင် တစ်ခုလုံးကို အသုံးကျအောင် အကျိူးပေးနိုင်တယ် .လူဘောင်လောကကြီး သာ လက်ဖက်ရည်လို မွှေးပြီး ကျန်းမာရေး နဲ့ညီညွှတ်တဲ့ သောက်စရာ တစ်ခု ဖြစ့်လာမည်ဆို ကိုယ်တိုင်ပိန်လိန် နေတဲ့အထိ ကြိုးစားပြီး ပေးစပ်သွားရှာတယ်..။ .

သားသ်ိပြီလား .ဘဝကြီးမှာ လူမုန်လာဥနီ မဖြစ်စေနဲ့သား ..
လူလက်ဖက်ခြောက် ..မဖြစ်တောင် လူကြက်ဥ လိုဖြစ်အောင်တော့ကြိုးစားပေါ့သားရယ်...တဲ့..

သူ့စကားအဆုံးမှာ သားဖြစ်သူ ဘတ်သီးလင်းသွားပြီး သူ့အဖေကို ထဖက်တယ် နမ်းတယ်..

နောက်တော့ သားအဖနှစ်ရောက် လက်ဖက်ရည်တွေသောက် ကြက်ဥ ပြုတ်တွေစား..မုန်လာဥနဲ့ အမှိုက်တွေ ပစ်ပြီး....
တယောက်ပခုံးတယောက်ဖက်ရင်း ပေါ့ပါးသွက်လက်ပြီး ရဲရင့် တဲ့ခြေလှမ်းတွေနဲ့ အိမ်ကိုအတူပြန်သွားကြသတဲ့ကွယ်..

ပုံပြင်ကတော့ဒါပါပဲ..

ကဲ----fri တို့ရေ--ကျမ တို့အားလုံးကတော့ . လောကကြီးဆိုတဲ့..ရေနွေးအိုး ကြီးထဲ ရောက်နေကြပြီးပါပြီ...

ကိုယ်ဘယ်လိုလူလဲ.. လူကြက်ဥလိုလူလား လူမုန်လာဥနီ လိုလူလား 
လက်ဖက်ခြောက် လိုလူလားလား..
ဘာလိုလူမျိုးလဲ။
သေချာဝေဖန်ဆန်းစစ်ဖို့တော့လိုပြီလို့
ထင်ပါတယ်။မိမိကိုယ်က ကြက်ဥလိုကျင့်မလား။မုန်လာဥနီလိုကြည့်မလား။လက်ဖက်ခြောက်လိုကျင့်မလား။
သေချာဆုံးဖြတ်ဖို့တော့လိုပြီထင်ပါတယ်ရှင့်။

မိမိကိုယ်ကိုငါဟာဘယ်လိုလူမျိုးလဲဆိုတာ
သေချာသိဖို့လိုပါလိမ့်မည်။
ဒီလိုသိမှလည်းမိမိကိုယ်ကိုပြုပြင်ပြောင်း
လဲလို့ရမှာပါ။တချို့မိမိကိုယ်ကိုငါဟာ
ဘယ်လိုလူမျိုးလဲဆိုတာသေချာမသိကြပါဘူး။
ရည်မှန်းချက်မရှိကြဘူး။
ဒီလိုလူတွေဟာအောင်မြင်မှု့ပန်းတိုင်နဲ့တော့
အကြိမ်ကြိမ်လွဲနေမှာပါပဲ။
လူဆိုတာရည်မှန်းချက်ထားရမယ်။
ဘယ်လောက်ပဲအောင်မြင်မှု့နဲ့လွဲချော်နေပါစေ
မိမိရဲ့ရည်မှန်းချက်တွေကိုပြိုလဲမသွားစေပါနဲ့။

အောင်မြင်ချင်ရင် ကျမ တို့ဟာ ဘယ်လိုကျင့်ကြမလဲ။
ကြက်ဥ။မုန်လာနီ။လက်ဖက်ခြောက်။
တစ်ခုခုတော့ရွေးရလိမ့်မယ်။
မိမိရဲ့ရွေးချည်မှု့အပိုင်းအလိုက်
အောင်မြင်သွားပါလိမ့်မယ်။

အရင်ကငါဟာဘယ်လိုလူလဲ။အခုကော့ အခုဘယ်လို လူဖြစ်နေပြီလဲ 
ိုနောက်ကော့ဘယ်လို လူစားဖြစ်ဖို့ ကြိုးစားနေသလဲ ဆိုတာကတော့.......................

နှင်းနှင်း

Post a Comment

Previous Post Next Post

Comments