ဆရာ phoneticsတွေ intonation တွေဘယ်မှာ လေ့လာလို့ရမလဲဗျ။အသံထွက် ကောင်းအောင်လုပ်ချင်လို့ပါ။

အမေး။

ဆရာ phoneticsတွေ intonation တွေဘယ်မှာ လေ့လာလို့ရမလဲဗျ။အသံထွက် ကောင်းအောင်လုပ်ချင်လို့ပါ။


အဖြေ။

YouTube မှာ English Speaking Success သို့မဟုတ် pronunciation with Keith လို့ ရှာပြီး အဲဒီဆရာရဲ့ video တွေကို လေ့လာပါ။ သူဟာ English Speaking Success ဆိုတဲ့ channel ရဲ့ founder ပါ။ သူ့ရဲ့ IELTS speaking component အတွက် တင်ပေးထားတဲ့ video lesson တွေ တော်တော်ကောင်းပါတယ်။ ပြီးတော့ အဲဒီဆရာ တင်ပေးထားတဲ့ native speaker တွေ စကားမြန်မြန်ပြောတာကို ဘယ်လိုနားလည်အောင် နားထောင်ရမယ်ဆိုတာကို သင်ပြပေးထားတဲ့ video ကို ကြည့်ဖြစ်အောင်ကြည့်ပါ။ headphones လေးနဲ့ နားထောင်ပါ။

ပြီးတော့ phone ထဲမှာ British Council ရဲ့ Sounds Right ဆိုတဲ့ app ကို ထည့်ထားပါ။ အဲဒီ app မှာ Phonemic Chart ကိုကြည့်ပြီး vowel, dipthong, consonant အလုံး ၄၄ ခုစလုံးကို တစ်ခုစီ နှိပ်ကြည့်ရင် ဥပမာ သုံးမျိုးနဲ့ အသံထွက်ပြတယ်။ နောက်ကနေ လိုက်ဆိုပြီး အသံထွက်မှန်အောင် လေ့ကျင့်နိုင်ပါတယ်။

With love,
Dr.Soe Than

Post a Comment

Previous Post Next Post

Comments