IT နှင့်ပတ်သက်ပြီး တစ်နှစ်ဝင်ငွေ အကောင်းဆုံး careers ၅ ခု

IT နှင့်ပတ်သက်ပြီး တစ်နှစ်ဝင်ငွေ အကောင်းဆုံး careers ၅ ခု


ယနေ့ခေတ်တွင် နည်းပညာဖြင့် အသက်မွေးဝမ်းကြော်းပြုလုပ်ခြင်းသည် အကောင်ဆုံးပင်ဖြစ်ပါတယ်။ COVID ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်မှစ၍ စီးပွားရေးလုပ်ငန်းများတွင် IT နည်းပညာသည် အလွန်ပင် အသုံးဝင်လာခဲ့ပါတယ်။ IT Company များတွင်လည်း Data Engineer, AI/ML Engineer တို့၏ လုပ်ဆောင်ချက်များသည်လည်း အလွန်ပင် အရေးပါလာခဲ့သည်။ ၂၀၂၁ အတွက် ထိပ်တန်း IT Career Jobs များနှင့် လစာများ၊ အလုပ်တာဝန်များ ကိုလည်း အောက်ဖော်ပြပါတွင် လေ့လာနိုင်ပါတယ်။ 

1. Big Data Engineer 
Big data engineer များသည် Company တစ်ခု၏ Software & Architecture များအတွက် အလုပ်လုပ်ရသည်။ အလုပ်၏ တစ်နှစ်စာ ပျှမ်းမျှဝင်ငွေသည်လည်း USD166,500 အထိရပါတယ်။ Big Data Engineer တစ်ယောက်ဖြစ်ဖို့ဆိုတာလည်း Programming Knowledge, Statistics Knowledge တွေကောင်းမွန်စွာ ရှိဖို့ လိုအပ်ပါတယ်။ 

2. Information Systems Security Manger
Information Systems Security Manger သည်လည်း ဝင်ငွေအများဆုံး အလုပ်များထဲတွင်လည်း တစ်ခု ပါဝင်ပါတယ်။ ခေါင်းဆောင်နိုင်မှု၊ နည်းလမ်းများပြသမှုနှင့် ကောင်းမွန်စွာ အုပ်ချုပ်နိုင်မှုတို့ကတော့ သူတို့ရဲ့ အဓိကတာဝန်ပဲ့ ဖြစ်ပါတယ်။ သူတိုဟာ IT Security များနှင့်အညီ အလုပ်လုပ်ရသူများသာ ဖြစ်ပါတယ်။ တစ်နှစ်ပျှမ်းမျှဝင်ငွေကတော့ USD150,000 အထိရပါတယ်။

3. AI/Architect 
AI/Architect ကလည်း ဝင်ငွေအများဆုံးရရှိသော Career တစ်ခုပဲ့ ဖြစ်ပါတယ်။ သူတို့အတွက် လိုအပ်ချက်ကတော့ Computer Science နဲ့ပတ်သက်တဲ့ ဘွဲ့တစ်ခုနှင့် AI Tools တွေကောင်းစွာ အသုံးပြုနိုင်တဲ့ အတွေ့အကြုံများရှိဖို့ လိုအပ်ပါတယ်။ တစ်နှစ်ပျှမ်းမျှဝင်ငွေကတော့ USD148,000 အထိရပါတယ်။

4. Cloud Computing Engineers 
Cloud Software Engineers, Cloud Architect, Cloud Infrastructure Engineer တွေဟာလည်း 2021 မှာအလုပ်ကိုင် အခွင့်အလမ်းကောင်းလာတဲ့ Career တွေဖြစ်ပါတယ်။ သူတို့ဟာ Programming Skill, Data Page Management Skill, Linux Skill, AI/ML Knowledge တွေလိုအပ်ပါတယ်။ တစ်နှစ်ဝင်ငွေကတော့ USD148,000 အထိရပါတယ်။

5. Full Stack Developer 
Full Stack Developer တွေရဲ့အဓိက လုပ်ငန်းတာဝန်တွေကတော့ Website Development နှင့် Maintenance တို့ဖြစ်ပါတယ်။ သူတို့ဟာ Application တစ်ခုပြုလုပ်ရာမှာ လိုအပ်တဲ့ Front-End နဲ့ Back-End တို့လည်း တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ Java, CSS, Python, Ruby နှင့် အခြား Programming Languages Knowledge တွေရှိဖို့လည်း လိုအပ်ပါတယ်၊ တစ်နှစ်ဝင်ငွေကတော့ USD100,000 ကျော်အထိရပါတယ်။

ပထမဆူံး အနေနဲ့ IT Carrier မှာ လျောက်လှမ်းနိုင်ဖို့ ကွန်ပြူတာ အခြေခံကနေ Ethical Hacking And Cyber Securuty  ပိုင်းအထိ လေ့လာနိုင်ရန် 

Post a Comment

Previous Post Next Post

Comments