What is 404 Error?
Error 404 ဆိုတာကို Internet သုံးနေရင်း Link တွေကိုနိုပ်လိုက်ရင်တစ်ခါတရံတွေ့မြင်ရမဲ့စာသားဖြစ်ပါတယ်။ဒါပေမဲ့ 404 ဆိုတာဘာကိုဆိုလိုတာလဲ?
တစ်ကယ်တော့ error 404 ဆိုတာ HTTP status code ဖြစ်ပါတယ်။
HTTP status code တွေက 100 ကနေ 599 အထိရှိပါတယ်။ HTTP ဆိုတာ Hypertext transfer protocol ဖြစ်ပြီး server နဲ့ client ကြားမှာအလုပ်လုပ်တဲ့ Internet Protocol တစ်ခုဖြစ်ပါတယ်။ HTTP က unsecure ဖြစ်ပြီး HTTPS က secure ပိုဖြစ်ပါတယ်။
HTTP က data ကို Port 80 ကပို့လွှတ်ပြီး HTTPS က Port 443 ကိုသုံးပါတယ်။ secure ပိုဖြစ်တယ်ဆိုတာ HTTPS က SSL certificate ကိုသုံးထားလို့ပါ။
Information ကို encrypted လုပ်ထားပြီး connection ကိုပိုပြီးလုံခြုံစေပါတယ်။အဲ့တာကြောင့် ကိုယ်မသိတဲ့ website တွေဆို HTTPS မဟုတ်ရင်မဝင်တာကောင်းပါတယ်။
Status ကုဒ်တွေရဲ့နောက်ကွယ်မှာအဓိပ္ပါယ်အမျိုးမျိုးရှိပါတယ်။ ပေးချင်တဲ့ Message တွေလည်းအမျိုးမျိုးရှိပါတယ်။
ယေဘုယျအားဖြင့်တော့ 1 နဲ့ စတဲ့ကုဒ်တွေက information နဲပတ်သက်တဲ့ Message code ဖြစ်ပါတယ်။ 2 နဲ့စတဲ့ ကုဒ်တွေကတော့ Success message တွေဖြစ်ပါတယ်။
Login ဝင်လို့အောင်မြင်သွားတာပဲဖြစ်ဖြစ် resource ကို Request လုပ်တာလက်ခံလိုက်တာပဲဖြစ်ဖြစ်အဲ့လိုနေရာတွေမှာသုံးပါတယ်။ 3 နဲ့စတဲ့ (3xx) ကုဒ်တွေကတော့ Redirect message ဖြစ်ပါတယ်။
URL ကို Redirect လုပ်တာပဲဖြစ်ဖြစ် URL အသစ်ပေးတာဖြစ်ဖြစ်စတဲ့နေရာတွေမှာသုံးပါတယ်။
4 နဲ့စတဲ့ (4xx) ကုဒ်တွေကတော့ Client ဘက်မှာ Error တစ်ခုခုကိုတုန့်ပြန်တဲ့ message ပဲဖြစ်ပါတယ်။
server က client တောင်းတဲ့ Request ကိုနားမလည်တာတို့ error 401 ဆိုရင် Client က လိုချင်တဲ့ response ကိုရဖို့ authentication မရှိတာတို့အစရှိသဖြင့် Client နဲ့ဆိုင်တဲ့ error တွေကိုပြတဲ့နေရာမှာသုံးပါတယ်။
5 နဲ့စတဲ့ (5xx) ကုဒ်တွေကတော့ server ဘက်မှာဖြစ်တဲ့ ပြဿနာတွေကိုပြတဲ့နေရာမှာသုံးပါတယ်။
error 500 ဆိုရင် server အတွင်းထဲမှာဖြစ်တဲ့ပြဿနာ message, 502 ဆို gateway နဲ့ server နဲ့ လိုအပ်တဲ့ request ကို Handle မလုပ်နိုင်တာ 503 ဆို ကိုယ်ဝင်ကြည့်မဲ့ website က server မရှိတအစရှိသဖြင့်သုံးပါတယ်။
Error 404 not found ကတော့ တောင်းဆိုတဲ့ resource ကိုမတွေ့တဲ့နေရာမှာပြတဲ့ Message ပါ။ URL ကိုမသိတာနဲ့ API မှာဆိုရင် endpoint က valid ဖြစ်ပြီး resource ကရှိမနေတာကိုဆိုလိုတာဖြစ်ပါတယ်။
အဲ့လို error တက်ရင် URL ကိုပြန်စစ်တာပဲဖြစ်ဖြစ် Webpage ကို Reload လုပ်လိုက်တာဖြစ်ဖြစ်လုပ်လိုက်ရင်ပြန်ကောင်းသွားတက်ပါတယ်။
Credit

Post a Comment