💥Linux ဆိုတာ ဘာလဲ? သိသူလည်း ရှိမယ်။
မသိသူလည်း ရှိမယ်။ သိချင်နေသူတွေလည်း ရှိမယ်။
ဟုတ်ကဲ့။ ကျနော် သိသလောက် မျှဝေပါရစေ။
ခု office လုပ်ငန်းတွေ တော်တော်များများက computer တွေမှာ သုံးနေတဲ့၊ computer တွေမှာ install လုပ် ထည့်သွင်းထားတဲ့၊ operating system ကို Windows လို့ ခေါ်ပါတယ်။ windows xp, windows 7, windows 8, windows 10 စသည်ဖြင့်ပေါ့။ windows OS ရဲ့ ထုတ်လုပ်သူက microsoft ပါ။
အလားတူစွာပဲ၊ linux ဆိုတာသည်လည်း ဘက်စုံ သုံးလို့ရတဲ့ operating system platform တစ်ခုပါ။ ဒီ linux platform ပေါ်မှာမှ linux အသွင်ကွဲတွေ အများကြီး ရှိပါတယ်။ ဒါတွေကို linux distro တွေလို့ ခေါ်ပါတယ်။
🗯️linux ကို ဘယ်နေရာမှာ မြင်နိုင်မလဲဆိုတော့၊ အကောင်းဆုံး ဥပမာပေးရရင်၊ ကျနော်တို့ mobile phone တွေမှာ အသုံးပြုထားတဲ့ Android ဆိုတာသည်လည်း linux OS တစ်ခုပါပဲ။
linux ရဲ့ ဦးဆုံး ဖန်တီးရှင်ကတော့ Linus Torvalds ပါ။ 1991 ခုနှစ်မှာ စတင် ဖန်တီးခဲ့ပါတယ်။ linux ကို ပင်ဂွင်းငှက်လေးနဲ့ ကိုယ်စားပြုလေ့ရှိပါတယ်။
ဒါပေမယ့် Linux Torvalds ၁ ယောက်တည်းကြောင့်တော့ ပြောမယ်ဆို မပြည့်စုံသေးပါဘူး။ GNU is Not Unix ဆိုပြီး 1984 ခုနှစ် ကတည်းက GNU Project ကို စတင်ခဲ့တဲ့ Richard Stallman ရဲ့ ကြိုးပမ်းအားထုတ်မှုတွေလည်း အများကြီး ပါပါတယ်။
💥ဒါ့ကြောင့် GNU/Linux လို့ ခေါ်မှ ပိုပြီး ပြည့်စုံမှာပါ။
***[ ဒီနေရာမှာ တစ်ခု ပြောချင်တာက linux သည် os မဟုတ်ဘူး kernel သာ ဖြစ်တယ် ဆိုတဲ့ ကိစ္စပါ။ ငြင်းခုံနေကြတဲ့ ပြသနာပါ။
ဟုတ်ပါတယ် linux သည် os မဟုတ်ပါဘူး kernel ပါ။ GNU Project အတွက် ဖန်တီးလိုက်တဲ့ kernel ပါ။ kernel ဆိုတာ software နဲ့ hardware တွေကြား ထိန်းညှိပေးတဲ့ ကောင်ပါ။ operating system ရဲ့ core ဆိုပါတော့။
ဒါကြောင့် GNU/Linux လို့ ပြောမှသာ operating system ကို ကိုယ်စားပြုပါလိမ့်မယ်။
သို့သော် field ထဲမှာ linux os လို့သာ သုံးနှုံးကြပါတယ်။ ခေါ်ရလွယ်လို့ပါ။ ဘယ်လိုပင် ဖြစ်စေ၊ GNU/Linux လို့ပဲ သုံးသုံး၊ Linux OS လို့ပဲ သုံးသုံး၊ Linux သည် kernel ဆိုတာ သိထားရင် ရပါပြီ။ ငြင်းခုံနေဖို့ မလိုပါဘူးနော်။ ]***
👉ဆက်ရရင်၊
ဒီလိုနဲ့ နောက်ပိုင်းမှာ linux ဟာ hacker တွေ ကြားမှာ ရေပန်းစားသွားတာကြောင့်၊ အရှိန်အဟုန်နဲ့ develope ဖြစ်လာပြီး၊ နယ်ပယ်အသီးသီးရဲ့ လိုအပ်ချက်အရ ဖြည့်စွက် ပြင်ဆင် ရေးသားထားတဲ့ linux distro တွေ အမြောက်အများ ပေါ်ထွက်လာပါတယ်။
linux ဟာ နည်းပညာလောကမှာ အရမ်း ပေါက်သွားတယ်လို့ ဆိုရမှာပါ။ linux distro ထောင်နဲ့ ချီပြီး ရှိပါတယ်။ အဲဒီထဲကမှ လူသိများ ထင်ရှားတာတွေကတော့ Debian, redhat, centOS, fedora, ubuntu, suse, kali, Arch,.. စသည်ဖြင့်ပေါ့။
👉linux ကို အသုံးပြုရာမှာ မိမိ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် distro ကို ရွေးချယ် အသုံးပြုရုံပါပဲ။ linux ဟာ windows တို့ mac OS တို့လို အခကြေးငွေ နဲ့ ဝယ်ယူရတာ မဟုတ်ပဲ၊ free အနေနဲ့ လွတ်လပ်စွာ ဖြန့်ချီတဲ့ OS တစ်ခုပါ။ linux OS တွေကို internet ကနေ အလွယ်တကူ download လုပ် ရယူနိုင်ပါတယ်။
linux OS နဲ့ အတူ သူ့ကို ဖန်တီးထားတဲ့ source code တွေကိုပါ တစ်ပါတည်း ထည့်ပေးထားတာကြောင့်၊ နည်းပညာရှင်တွေ developer တွေ အတွက် အများကြီး အကျိုး ရှိစေပါတယ်။
👉linux ကို personal သုံး desktop version အနေနဲ့ရော လုပ်ငန်းသုံး server version အနေနဲ့ပါ ရရှိနိုင်ပါတယ်။
security အားကောင်းတာ၊ ပေါ့ပါးမြန်ဆန်တာတွေကြောင့်၊ linux ကို bank တွေ telecom တွေ ISP (Internet Service Provider) တွေမှာ server အဖြစ် သုံးစွဲကြပါတယ်။
👉server အတွက် ထင်ရှားတဲ့ distro တွေကတော့၊
1.Red Hat Enterprise Linux
2.Ubuntu Server
3.CentOS
4.SUSE Enterprise Linux
5.Fedora server
စသည်ဖြင့် ရှိပါတယ်။
linux ကို personal အနေနဲ့လည်း အသုံးပြုနိုင်ပြီး၊ ရုံးလုပ်ငန်း အတွက် Open office, photo editing အတွက် GIMP, design ဆွဲဖို့အတွက် Open CAD စတဲ့ application တွေ ရှိပါတယ်။ နောက်ပြီး linux ပေါ်မှာ windows application တွေကို wine ကနေ တစ်ဆင့် ထည့်သွင်း အသုံးပြုတာ၊ DOTA II game ကစားတာတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။
👀personal အတွက် လူသုံး များတဲ့ distro တွေကတော့၊
1.Ubuntu
2.Fedora
3.Linux Mint
4.openSUSE
6.Deepin
စသည်ဖြင့် ရှိပါတယ်။
ဒါ့အပြင်၊ Hacking အတွက် အထူးပြုထားတဲ့ linux distro တွေလည်း ရှိပါသေးတယ်။
Hacking အတွက် လူသုံး များတဲ့ distro တွေကတော့၊
1.Debian
2.Kali
3.Arch
4.Parrot
စသည်ဖြင့် ရှိပါတယ်။
နောက်ပြီး linux ကို သုံးစွဲရင် virus အန္တရာယ် အတွက် ကြောက်စရာ မလိုပါဘူး။ error များ နည်းပါးပြီး system crash ဖြစ်ခြင်းမှလည်း ကင်းဝေးပါတယ်။
ဒါ့ကြောင့် linux ဟာ ရွေးချယ် အသုံးပြုသင့်တဲ့ operating system platform တစ်ခုပါ။ နိုင်ငံတကာမှာတော့ linux ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။
ကျနော်တို့ Myanmar နိုင်ငံမှာလည်း linux ကို စတင် အသုံးပြုနေကြပါပြီ။ linux ကို စိတ်ဝင်စားနေကြပါပြီ။
ဒါ့ကြောင့် မိမိ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် linux distro တစ်ခုကို ရွေးချယ် အသုံးပြုကြပါလို့ ဒီကနေ အဆိုပြုလိုက်ပါရစေ။
linux အကြောင်း အကျဉ်းချုပ်ကတော့ ဒီလောက်ပါပဲ။
အားလုံး အဆင်ပြေကြပါစေ❣️
#Crd
#Technolearn
Techno Learn က နည်းပညာ သင်တန်း

Post a Comment