ရှမ်းနံနံ (ခေါ်)သင်္ဘောနံနံ ကုလားနံနံ ဆေးဖက်ဝင် စုစည်းမှု Latt Well Thone

ရှမ်းနံနံ (ခေါ်)သင်္ဘောနံနံ ကုလားနံနံ
ဆေးဖက်ဝင် စုစည်းမှု
Latt Well Thone 
========


သွေးတိုးကျစေတယ်
ဆီးချိုကိုလဲကျစေတယ်
အစာမကျေ ရင်ပြည့်ရင်ကယ် ဝမ်းပျက်ဝမ်းလျော ဗိုက်အောင့်ဗိုက်နာ သန်ထခြင်း ခါးကိုက်နားကိုက်ခေါင်းကိုက်ခြင်း အဖျား ငှက်ဖျား ကိုယ်လက်ကိုက်ခဲခြင်းတို့ကိုသက်သာပျောက်ကင်းစေပါသည်
အင်းဆက်ကိုက်လျှင်ပွတ်ချေလိမ်းပေးပါကအဆိပ်မတက်ပါ။

ဣန္ဒိယဆေးကျမ်းမှ
👍👍👍👍👍
@@@@@@@@@@@@@@@@
ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

ရှမ်းနံနံသာပြောရတယ်၊ရှမ်းတွေပဲစားကြတဲ့ဟင်းခတ် မဟုတ်ပါဘူး။မွန်ဟင်းတွေမှာလည်းပါတယ်၊ရခိုင်ဟင်း တွေမှာလည်းပါတယ်၊
မြန်မာဟင်းတွေမှာလည်းပါတယ်၊မြန်မာနိုင်ငံအနှံ့အ ပြားကနေရာဒေသအမျိုးမျိုးရဲ့ ဒေသအစားအစာတွေမှာပါဝင်လေ့ရှိပါတယ်။
ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးများတယ်ဆိုပေမယ့်ကျိုက်ထီးရိုးတောင်ပေါ်မှာစားခဲ့ရတဲ့မုန့်ဟင်းခါးမှာရှမ်းနံနံတွေနိုင်းချင်းထည့်စားကြတာတွေ့ဖူးတယ်။
ရှမ်းနံနံကအစိမ်းပဲစားစား၊ဟင်းထဲပဲခတ်ခတ်အညှီပျော က်တယ်၊ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။
အစကတော့မြန်မာမှာပဲသုံးကြတယ်ထင်နေတာ။သူ့နာ မည်ကရှမ်းနံနံဆိုတာကိုး။ဒါပေမယ့်သူ့အကြောင်းရှာကြည့်လိုက်တော့မှမက္ကဆီကိုနဲ့ တောင်အမေရိရော ကာရေးဘီးယား၊လက်တင်အမေရိကတို့မှာပါအသုံးမျ ားတာသိလိုက်ရတယ်။
ဆေးဖက်ဝင်လို့ဆေးတွေတောင်ထုတ်တာနော်သွေးတို းကျတယ်၊အစာကြေတယ်၊စတဲ့ကျန်းမာရေးအကျိုး ကျေးဇူးတွေကြောင့်အရှေ့တောင်အာရှမှာဆိုမြန်မာအ ပြင်အိန္ဒိယ၊ကိုရီးယားဗီယက်နမ်နဲ့ထိုင်းမှာလည်းစားသုံးကြပါတယ်။

ထိုင်းဟင်းလျာတွေမှာဆိုနံနံပင်အမြစ်ရှမ်းနံနံအမြတွေ ထောင်းထည့်တော့ မွှေးနေရော။ သူတို့တွေဆီမှာဘယ် ရောဂါတွေအတွက် သုံးကြလဲဆိုတော့ –
ပန်းနာရင်ကျပ်
ဗိုက်အောင့်ခြင်း
နားကိုက်ဝေဒနာ
အစာခြေစနစ်ပြဿနာတွေ( သန်ထတာ၊ ဝမ်းပျက်တာ)
အင်းဆက် အကိုက်ခံရတာ
အဖျားတက်တာ
ငှက်ဖျားရောဂါတို့အတွက် ကုသနည်းအဖြစ်တောင် ထည့်သွင်းအသုံးပြုကြပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ-

မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တယ်။ တုပ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်၊ သွေးတိုးကျစေတယ်၊ပန်းနာရင်ကျပ်ကို သက်သာစေတယ်၊ အရောင်ကျစေတယ် – နာကျင်တာ၊ ရောင်ရမ်းတာ၊ အဆစ်နာရောဂါတွေကိုသက်သာစေတယ်၊ အကိုက်အခဲပျောက်စေတယ်

– trimethylbenzaldehydes ပါဝင်လို့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်၊ နားကိုက်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာတွေအတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးကြလေ့ရှိပါတယ်။

ဆီးချိုကျစေတယ်၊ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်၊ အဖျားကျစေတယ်၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ နမိုးနီးယား၊ ဗိုက်အောင့်ဗိုက်နာခြင်းတွေအတွက် ရှမ်းနံနံကို အသုံးပြုလေ့ရှိပါတယ်။

ပင့်ကူကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ခြေပြီးလိမ်းပေး၊ သက်သာတယ်လို့ ဆိုကြပါတယ်။ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီလောက်နဲ့တင် ရှမ်းနံနံကို စားသင့်နေပါပြီနော့။

ဈေးမှာ ပေါတော့ ဝယ်ရလည်းလွယ်တယ်၊ အိမ်မှာစိုက်ချင်လည်း အရွက်ကိုသုံးပြီး ကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲ ထည့်စိုက်ထားလိုက်ရုံပဲ။ လိုမှခူးစားလို့ ရတာပေါ

Credit to original writer

@@@@@@@@@@@

#ရှမ်းနံနံ (ကုလားနံနံ)

ပန်းနာ ရင်ကျပ် ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာ ပျောက်ကင်းစေသညိ။

ရှမ်းနံနံကို မြန်မာနိုင်ငံ အနှံအပြား ဒေသ အမျိုးမျိုးရဲ့ အစားအစာ
ဟင်းခတ်အမွေးအကြိုင် အဖြစ်အသုံးပြုကြသည်။

အရှေ့တောင်အာရှမှာ မြန်မာ , ကိုရီးယား , အိန္ဒိယ , ထိုင်း ဗီယက်နမ် တို့မှာလည်း
ဆေးအသုံးပြုကြတယ်။
သူတိုဆီမှာ-
ပန်းနာရင်ကျပ်
ဗိုက်အောင့်ခြင်း
နားကိုက်ဝေဒနာ
အစာချေစနစ် ပြဿနာ ( သန်ထခြင်း , ဝမ်းပျက်ခြင်း )
မြွေ ( သို့ )အင်းဆက် အကိုက်ခံရတာ အဖျားတက်တာ
ငှက်ဖျား ရောဂါတို့အတွက် ကုသနည်းအဖြစ် ထည့်သွင်း
အသုံး ပြုကြတယ်။

အရွက်ရော အမြစ်မှာပါ အဟာရဓာတ်ပါဝင်ပါတယ်။
နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိများပါဝင်ပါတယ်။

ရှမ်းနံနံမှာ သံဓာတ် , ဗီတာမင် အေ , စီ, ဗီတာမင် ဘီဝမ်း ,ဘီတူး , ကာဗိုဟိုက်ဒရိတ် ,
ခန္ဓာကိုယ်အကျိုးပြုဓာတ်များစွာပါဝင်ပါတယ်။

 ခံတွင်းပျက်နေသူတွေအတွက် အစားချင်စိတ်ကိုဖြစ်စေပါတယ်။

သွေးတိုးကျစေတယ်။

တုတ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်။

ပန်းနာရင်ကျပ်ကို သက်သာစေတယ်။

အရောင်ကျစေတယ်။

အကိုက်အခဲပျောက်စေတယ်။

နာကျင်ခြင်း ရောင်ရမ်းခြင်း အဆစ်နာခြင်းတွေကို သက်
သာစေတယ်။

နားကိုက်တာ , ဗိုက်အောင့်တာ,ခေါင်းကိုက်ခြင်း တွေအတွက် ရှမ်းနံနံ ရေနွေးကြမ်းကို
သောက်သုံးလေ့ရှိပါတယ်။

ဆီးချိုကို ကျစေတယ်။

ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။

အဖျားကျစေတယ်။

ပျို့အန်ခြင်း , ဝမ်းပျက်ခြင်း , အအေးမိခြင်း , နမိုးနီးယား ဗိုက်အောင့် ဗိုက်နာခြင်းတွေ
အတွက် ရှမ်းနံနံကို အသုံးပြုလေ့ ရှိပါတယ်။

ပင့်ကူ ကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ချေပြီးလိမ်းပေးရင်သက်သာတယ်လို့ ဆိုကြပါတယ်

Post a Comment

Previous Post Next Post

Comments