"English Speaking" စကားပြောအတွက် အားဖြည့်ဝါကျများ (၁၆)

"English Speaking" 
စကားပြောအတွက် အားဖြည့်ဝါကျများ (၁၆)


 341. Be there by six at the very latest.
နောက်အကျဆုံး ၆ နာရီလောက်တော့ ရောက်အောင်လာပါ။

 342. She criticizes everyone and the trouble is, she doesn't know when to stop.
သူက လူတိုင်းကို ဝေဖန်တယ်၊ ပြဿနာက ဘယ်တော့ရပ်ရမယ်ဆိုတာ မသိတာပဲ။

 343. There is no room for error in this job.
ဒီအလုပ်က အမှားမခံဘူး။ (မှားလို့ မရဘူး)

 344. Please speak up—we can't hear you at the back.
ကျယ်ကျယ်ပြောပါ၊ နောက်တန်းမှာ ထိုင်နေသူတွေ မကြားရဘူး။

 345. The money is much better in my new job.
ငါ့အလုပ်အသစ်က ပိုက်ဆံပိုရ/ဝင်ငွေပိုကောင်းတယ်။

 346. A fool and his money are soon parted.
လူမိုက်နှင့် ငွေ အတူမနေ။

 347. I’m not made of money, you know!
ငါက သူဌေးကြီး မဟုတ်ဘူးကွ။

 348. People say she has married money.
သူ ပိုက်ဆံမက်ပြီး လက်ထပ်ခဲ့တာလို့ ပြောကြတယ်။

 349. He's too free with his opinions.
ဘယ်သူမှ မမေးဘဲနဲ့လည်း သူက သူ့ထင်မြင်ချက်တွေကို ပြောချင်နေတာ။

 350. Whenever we eat out, he always takes a free ride.
ငါတို့တွေ ဆိုင်မှာသွားစားကြတိုင်း သူက အမြဲ ဂုံးဆင်းတာ/ဖရီးကစ်ချင်တာ။

 351. Write down the address before you forget it.
မင်း မမေ့ခင် လိပ်စာကို ချရေးထားလိုက်။

 352. Yes. I'd better write this down, otherwise I'll forget it.
ဟုတ်တယ်၊ ငါ ချရေးထားမှပဲ၊ မရေးထားရင် မေ့သွားမှာ။

 353. He has no idea how to run a business.
စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုဦးစီးပြီးလုပ်ရမယ်ဆိုတာ သူ မသိပါဘူး။

 354. Stop trying to run my life for me.
ငါ့ဘဝ ဘယ်လိုနေထိုင်လုပ်ကိုင်ရမယ်ဆိုတာ မင်း စီစဉ်ပေးဖို့ မလိုပါဘူး။ (ကိုယ်တိုင် လုပ်တတ်ပါတယ်)

 355. He made money by running drugs.
သူက မူးယစ်ဆေး ခိုးရောင်းပြီး ပိုက်ဆံရလာတာ။

 356. She ran off with the next-door neighbour.
သူက ဘေးအိမ်ကလူနဲ့ လိုက်ပြေး/ခိုးပြေးသွားတယ်။

 357. Your temperature is normal.
မင်းရဲ့ အပူချိန် ပုံမှန်ပါပဲ။ (ကိုယ်ပူမနေဘူး၊ အဖျားမရှိဘူး)

 358. Everyone blamed me as per usual.
ထုံးစံအတိုင်း အားလုံးက ငါ့ပဲ အပြစ်တင်ကြတာပဲ။

 359. I wish we could bring dinosaurs back to life.
ဒိုင်နိုဆောတွေကို အသက်ပြန်သွင်းလို့ရရင် ကောင်းမှာ။

 360. He was sentenced to life imprisonment.
သူ့ကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တယ်။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
January 15, 2023

Post a Comment

Previous Post Next Post

Comments