#သင့်အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးကိုဂရုစိုက်ရင် ဝမ်းသွားပြီးရင်ပြန်ကြည့်
လူတိုင်း ဝမ်းသွားကြပါတယ်။ ဒါပေမဲ့ လူတွေက ကိုယ်သွားရဲ့ဝမ်းရဲ့ ပုံသဏ္ဍာန်၊ အမျိုးအစားတွေကို ပြောပြလိုခြင်း (သို့မဟုတ်) အသိအမှတ်ပြုလိုခြင်း မရှိကြပါ။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ ဝမ်းသွားခြင်းက ကြှနျုပျတို့ရဲ့ နောက်ဆုံး အူသိမ်အူမကြီးအတွက် စိုးရိမ်စရာဖြစ်စေနိုင်သလားဟု တွေးတောစဥ်းစားစရာပါ။
မိမိသွားတဲ့ဝမ်းရဲ့ သွင်ပြင်၊ ပုံသဏ္ဍာန်ကို စစ်ဆေးကြည့်ရှုပြီးပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေ့ရှိပါက ဆရာဝန်နှင့် ပြသရန် လုံလောက်သော အချိန်အခါဖြစ်ပါတယ်။ ဆရာဝန်က လူနာပြောပြတဲ့ဝမ်းပုံသဏ္ဍာန်ကို အကဲဖြတ်ပြီး လက်တွေ့လမ်းညွှန်ချက်ပြောပြပါလိမ့်မယ်။
"သင့်ဝမ်းပုံသဏ္ဍာန်၊ သွင်ပြင်က သင့်အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးနဲ့ ပတ်သက်တဲ့ တစ်ခုတည်းသော စစ်မှန်သော အမှတ်အသားဖြစ်တယ်" လို့ အစာအိမ်ရောဂါ ပါရဂူ Anish Sheth ကဆိုပါတယ်။
🙋 မစင်ပုံသဏ္ဍာန်၊ အနေအထားတို့ကို အမြဲကည့်ရှုစစ်ဆေးခြင်းကို အကျွမ်းတဝင်ရှိခြင်းက သင့်ခန္ဓာကိုယ်ကို ပိုမိုကောင်းမွန်စွာ ဂရုစိုက်နိုင်ပြီး ပိုကြီးတဲ့ ကျန်းမာရေးပြဿနာကို ဖော်ထုတ်ရန် ကူညီပေးနိုင်ပါသေးတယ်။
ပညာရှင်တွေက ဝမ်းအခြေအနေပြဇယားရေးဆွဲထားရာ ထိုဇယားတွင် ဝမ်းကို အမျိုးအစား (၇) မျိုး ခွဲခြားထားပါတယ်။ ၎င်းတို့မှာ............
၁။ #အခွံမာသီးများကဲ့သို့ မာကြောကြမ်းတမ်းသော ဝမ်းအတုံးများ
=======l========y=========p========
😫 အခွံမာသီးများကဲ့သို့ မာကြောကြမ်းတမ်းသော ဝမ်းအတုံးများက သွားတဲ့အခါ စအိုဝမှာ နာကျင်စွာ ထွက်သွားနိုင်ပါတယ်။
😩 ဒီဝမ်းအနေအထားက (ကျောက်စရစ်ခဲများနှင့်ဆင်တူသည်) အူနှင့် အူမကြီးအတွင်းမှာ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့တဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်နည်းဆိုရလျှင် ဒီမစင်အမျိုးအစားက သင်ဝမ်းချုပ်နေကြောင်း အချက်ပြတာပါ။
😪 ဒီဝမ်းပုံစံမျိုးကို သင်အိမ်သာသွားတိုင်း များသောအားဖြင့်တွေ့မြင်ရပြီး ဒီလိုဝမ်းသွားတဲ့အခါ ဘေးထွက်ဆိုးကျိုးနဲ့ အခြားရောဂါဝေဒနါတစ်ခုမှ သင်မခံစားရပါက သင့်တွင် chronic idiopathic constipation (CIC) ဟုခေါ်သော အကြောင်းရင်းအတိအကျမသိသော နာတာရှည်ဝမ်းချုပ်ခြင်းပြဿနာဖြစ်နိုင်ပါတယ်။
ရေများများသောက်ခြင်း၊ နေ့စဥ်ပြုလုပ်နေကျ အလေ့အထအဖြစ် လေ့ကျင့်ခန်းကို ထည့်သွင်းပြုလုပ်ခြင်း၊ သင်စားသောအစားအစာတွင် အမျှင်ဓာတ်ကို တဖြည်းဖြည်းချင်းပိုထည့်စားခြင်းတို့က ဒီပြဿနာကို ဖြေရှင်းရန် အကူအညီပေးနိုင်ပါတယ်။
၂။ #ဝက်အူချောင်းပုံသဏ္ဍာန်ရှိသော်လည်း အဖုအထစ်များနှင့်ဝမ်း
=========l========y======p========
ဝက်အူချောင်းပုံသဏ္ဍာန်ရှိသော်လည်း အဖုအထစ်များနှင့် ဝမ်းများမှာ ဝမ်းချုပ်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
ဒါက သင့်စွန့်ပစ်ပစ္စည်း (မစင်) များ ခြောက်သွေ့သွားလောက်အောင် အူထဲတွင် ကြာရှည်စွာ ရှိနေကြောင်း အချက်ပြလိုက်သော်လည်း သေးငယ်သည့်အပိုင်းများ ကွဲသွားလောက်အောင် ခြောက်သွားတာ မဟုတ်ပါဘူး။
ဒီအခြေအနေက ဝမ်းပျော့စေတဲ့အစားအစာများ များများစားပေးခြင်းဖြင့် သက်သာသွားစေနိုင်သော်လည်း ဒီအစားအစာတွေ စားပေမဲ့ ဘာမှမကူအညီ ဖြစ်ပုံမရပါက ဆရာဝန်နှင့်ပြသပြီး သင့်အတွက် သင့်လျော်တဲ့ဆေးဝါးကို သင့်ဆရာဝန်ထံ မေးမြန်းပါ။
၃။ #ဝက်အူချောင်းပုံသဏ္ဍာန်ရှိပြီး အက်ကွဲကြောင်းများနှင့်ဝမ်း
=======l======y=======p========
အိမ်သာသွားတဲ့အခါ သင့်ဝမ်းက ဝက်အူချောင်းပုံသဏ္ဍာန်ရှိပြီး အက်ကွဲကြောင်းများနှင့်ဝမ်းကို သင်မြင်ရရင် ဂုဏ်ပြုပါတယ်။
ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် အစားအသောက်ပညာရှင်များအသုံးပြုတဲ့ Bristol Stool Chart အရ ဒီပုံစံဝမ်းကို ကျန်းမာသောမစင်အဖြစ် သတ်မှတ်ပါတယ်။
သို့သော် အက်ကြောင်းများက သင်အနည်းငယ် ရေဓာတ်ခန်းခြောက်နိုင်သည်ဟု ညွှန်ပြနေတာပါ။
အစာအိမ် နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကု ဆရာဝန် Robyn Karlstadt က သင့်အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကို အကောင်းဆုံးရှိစေရန် နေ့စဉ် ရေ (၆) ခွက်မှ (၈) ရှစ်ခွက်/အောင်စအထိ သောက်ရန် အကြံပြုထားပါတယ်။
၄။ #ဝက်အူချောင်းပုံသဏ္ဍာန်ရှိပြီး ချောမွေ့နူးညံ့နေသည့်ဝမ်း
================================
ဆရာဝန်များက ဒီမစင်အမျိုးအစား [ဝက်အူချောင်း (သို့) မြွေပုံသဏ္ဍာန်] အထူးသဖြင့် ဝမ်းအရောင်မှာ အညိုဖျော့ဖျော့မှ အညိုတောက်တောက်အရောင်ရှိတဲ့ဝမ်းကို ရွှေစံနှုန်းအဖြစ် သတ်မှတ်ပါတယ်။
ဒီဝမ်းပုံသဏ္ဍာန်က သင်ဟာ အာဟာရပြည့်ဝတဲ့အစားအစာကိုစားပြီး ရေဓာတ်ပြည့်ဝနေတဲ့ ထင်ရှားတဲ့လက္ခဏာဖြစ်ပါတယ်။
၅။ #ပျော့ပျောင်းပြီး အပြတ်အပြတ်ဖြစ်နေသောဝမ်း
========l========y========p============
ပျော့ပျောင်းပြီး အပြတ်အပြတ်ဖြစ်နေတဲ့ဝမ်းသွားတာက ဝမ်းအနည်းငယ် ပျော့နေတယ်လို့ ယူဆရပေမဲ့ တကယ်တမ်းတော့ အစာစားပြီးနောက် တစ်နေ့လျှင် နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် အူလှုပ်ရှားမှုရှိတဲ့ သူများအတွက် အတော်လေး အဖြစ်များတယ်လို့ UnityPoint Health ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောပါတယ်။
ဒါက သင့်အတွက် ပုံမှန်ဖြစ်ပြီး ပျော့ပျောင်းကာ သက်တောင့်သက်သာ ဖြတ်သန်းနေတယ်ဆိုရင် OK ပါတယ်။
၆။ #စုတ်ပြဲပြီးအပိုင်းပိုင်းဖြစ်ကာ ခပ်ပွပွဖြစ်နေသောဝမ်း
======l========y========p==========
အစာဟောင်းများက အူမကြီးအတွင်းသို့ လျင်မြန်စွာ ဖြတ်သန်းသွားတဲ့အခါမှာ ဒီလိုပုံသဏ္ဍာန်အညစ်အကြေး အသွင်အပြင် မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။
Bristol Stool Chart အရ ဝမ်းက ခပ်ပွပွ အပိုင်းအစများဖြစ်နေတာက အူရောင်ခြင်း (သို့) အူလမ်းကြောင်းရောင်ရမ်းခြင်း (သို့) Crohn's ရောဂါကဲ့သို့ အူလမ်းကြောင်းရောင်ရမ်းခြင်းတို့ကို ညွှန်ပြတာလည်းဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ၎င်းက သင်စားတဲ့ အစားအသောက်မှာ ကြီးမားသောပြောင်းလဲမှုတစ်ခုခုကြောင့်ဖြစ်တာလို့လည်း ညွှန်ပြနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်က အဆီများကို ကောင်းစွာမစုပ်ယူနိုင်သောကြောင့် ခန္ဓာကိုယ်တွင်း အဆီများလွန်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နာတာရှည်ပန်ကရိယရောဂါက ဒီအခြေအနေအတွက် အဓိကအကြောင်းရင်းဖြစ်နိုင်ပါတယ်။
စိုးရိမ်စရာရှိ၊မရှိ သေချာစေရန် ဆရာဝန်ကို ပြသပြီး စစ်ဆေးပါ။
၇။ #ဝမ်းအရည်များ
=============
ဒါကတော့ ဝမ်းလျှောခြင်းအဆင့်ဖြစ်သွားပြီး အူအတွင်း ပြဿနာဖြစ်တဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။
😈ဝမ်းလျှောတာက ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများ၊ အစာခြေစနစ်ဆိုင်ရာချို့ယွင်းမှုနှင့် Lactose ဓာတ်မတည့်ခြင်း အပါအဝင် အကြောင်းရင်းများစွာရှိပါတယ်။
တစ်ခါတစ်ရံတွင် fructose (သို့) အချိုဓာတ်အတု အမြောက်အမြား စားမိခြင်း (သို့) သောက်မိခြင်း (သို့) ဆေးအသစ်တစ်ခုစတင်သောက်ရခြင်းတို့ကြောင့်လည်း ဝမ်းလျှောနိုင်ပါတယ်။
ဒီအခြေအနေမှာ သင့်ခန္ဓာကိုယ်ကို ရေဓာတ်ထိန်းထားရန် အရည်များများသောက်သင့်ပါတယ်။
😓 ဝမ်းလျှောတာက နှစ်ရက်ထက်ပိုကြာပါက ဆရာဝန်ထံ ပြသပါ။

Post a Comment