#ဒိုဒိုလ်ခေါ်မုန့်ကုလားမဲပြုလုပ်နည်း
ပေါင်းအိုးဆန်ခြင်တဲ့ကော်ခွက်နဲ့ကာက်ညှင်းငချိတ်နှစ်ခွက်ကိုရေတညစိမ်ထားပါ။
ပြီးရင်ရေဆေးပြီးစစ်ထားပါ။ဘလန်ဒါထဲကိုအုန်းနို့တဘူးဖောက်ထည့်ပြီးကောက်ညှင်းငချိတ်နဲ့ညက်တဲ့အထိကြိတ်ပါ။
ဆန်ခြင်ခွက်နဲ့ပဲထေားပတ်တခွက်ဆီတခွက်ကိုပျော်အောင်လုပ်ထားပါ။
သံပုရာရည်ထမင်းစားဇွန်းနဲ့တဇွန်းကိုရေနှစ်ဇွန်းရောထားပါ။(အချဉ်ရေထည့်တာသကြားခရစ်စတယ်မခဲအောင်ပါ။)
သကြားကိုကောက်ညှင်းခြင်တဲ့ခွက်နဲ့နှစ်ဘူးခွဲ၊ဆားလက်ဖက်စားဇွန်းနဲ့တဇွန်းကိုရေဘူးတဝက်ကျော်လောက်ထည့်ပြီးပျော်အောင်ကြိုပါ။မွှေပေးနေပါဆူလာရင်ကောက်ညှင်းနဲ့အုန်းနို့ကြိတ်ထားတာထည့်ပြီးအဆက်မပြတ်မွှေပေးနေပါ။
မွှေတဲ့ယောင်းမမှာကောက်ညှင်းခဲလာတာနဲ့မီးကိုနံပတ်သုံးကိုလျော့့ချလိုက်ပါ။
အချဉ်ရေထည့်ပြီးအဆက်မပြတ်မွှေပါ။
ထောပတ်နဲ့ဆီရောထားတာကိုနဲနဲထည့်လိုက်မွှေလိုက်၊နားလိုက်နဲ့ထိုးနေပါ။မနီကဆီရည်ထည့်အိုးအောက်ချပြီးမွှေပါတယ်ပြီးပြန်တင်၊ဆီရည်ထဲ့နဲ့ကုန်တဲ့အထိနဲနဲချင်းစီထည့်ထိုးပါတယ်၊ခနနားလိုက်မွေလိုက်ပါပဲ။
သီဟိုဆန်တို့ဘိန်းစေ့တို့ထည့်ချင်လဲထည့်ပါ။
မနီကတော့ထည့်ပါတယ်။
ရေလုံးဝမကျန်ပဲဆီတွေပြန်ထွက်လာတဲ့အထိနားနားပြီးထိုးရမှာပါ။အဲ့ဒါမှမာမာလေးရမှာပါ။
နှင်းဆီရေနဲနဲထည့်ပါတယ်၊အနံ့လေးမွှေးအောင်ပါ။
ဆီပြန်ပြီးလုံးလာပြီဆိုရင်တော့ဘူးထဲထည့်ပြီးမျက်နှာပြင်ညှိလို့အအေးခံပါ။
အပေါ်ကဘိန်းစေ့ကြိုက်ရင်ဖြူးပါ။မနီကတော့ထည့်ပြီးထိုးလိုက်ပါတယ်။
ဗြောင်ပဲကြိုက်ရင်လဲမထည့်ပါနဲ့။
တော်တော်ကြီးတော့စိတ်ရှည်ရှည်မွှေရပါတယ်နော်။သေချာမွှေနိုင်မှမာမာလေးရမှာပါ။မနီပထမတခါလုပ်တော့ပျော့့သွားပါတယ်၊ရေကျန်လို့ပါ။
အေးလို့မာသွားပြီဆိုရင်တော့ဆီတွေကိုစစ်ပြီးပုဂံလုံးထဲသွန်ထားလိုက်ပါ။
ပြီးရင်တော့လှီးပြီးစားလို့ရပါပြီ။
တော်တော်စားကောင်းပါတယ်
ချစ်သူငယ်ချင်းအားလုံးကိုချစ်ခင်လေးစားတဲ့
မနီ(နော်ဝေး)
Crd...

Post a Comment