ဘယ်လောက်ပဲနားလည်ပါတယ်ပြောပြော
မိဘမဲ့ကလေးတစ်ယောက်ရဲ့ သိမ်ငယ်မှုကို
သူတို့ နားမလည်နိုင်ကြပါဘူး ။
ဘယ်လောက်ပဲစာနာပါတယ်ပြောပြော
ဆင်းရဲချို့တဲ့ တဲ့လူတစ်ယောက်ရဲ့
အားငယ်မှုတွေကို သူတို့ သဘောပေါက်မှာ မဟုတ်ပါဘူး ။
ဘယ်လောက်ပဲ ကိုယ်ချင်းစာပါတယ်ပြောပြော
အဲ့ဒီလို ဒုက္ခမျိုး အခက်အခဲမျိုး သောကမျိူး
ခံစားမှုမျိုး မခံစားဖူးသရွေ့ ကိုယ်ချင်းစာတရားက
ထိရောက်မှာ မဟုတ်ဘူး ။
လူတစ်ယောက်ဟာ
သူ မကြုံဖူးသေးတဲ့အရာတွေရှိနေသရွေ့
ကာယကံရှင်ရဲ့ခံစားချက်ကို
မျှဝေခံစားပေးတတ်မှာ မဟုတ်ဘူး ။
#သက်ထားခင်(THK)
#ကိုယ်ချင်းစာတရား
April 18,2018

Post a Comment