* မြင်းကပါ အကျဉ်းသား * မင်းသိင်္ခ အပိုင်း - သုံး

* မြင်းကပါ အကျဉ်းသား *
 မင်းသိင်္ခ
 
        အပိုင်း - သုံး


     သူလျှိုဒလန်

ဆီတော်၊ ကျန်ပင်သင်နှင့် ငမဲတို့သည် ဥဿာပဲခူးမြို့အတွင်းသို့ ဝင်ကြလေ၏။ ငမဲသည် ဖခင်ဥယျာဉ်မှူးကြီးလုပ်၏။ ဆီတော်နှင့် ကျန်ပင် သင်တို့မှာမူ အမိခဲ့သော ပန်းသည်မကလေးများ လုပ်ကြကုန်၏။ ၎င်းတို့ သုံးဦးသားသည် ထိုအရပ်ဒေသ၌ ကြာမြင့်စွာနေကြကုန်၏။

ထိုသို့နေပြီးလျှင် သုဝဏ္ဏဘုမ္မိ၏ သတင်းကို ထိုနေရာမှပင် စုံစမ်း ထောက်လှမ်းကြကုန်၏။ ညဉ့်အချိန်သို့ရောက်သောအခါ သုံးဦးသားသည် ရသမျှသောသတင်းတို့ကို ဖလှယ်ကြကုန်၏။ ထို့နောက် သတင်းများပေါ်၌ ချင့်ချိန်တွက်ဆကြရကုန်၏။

“သတင်းတွေကတော့ အတော်ပြည့်ပြည့်စုံစုံရနေပြီ မယ်မင်းတို့။ အဲဒီသတင်းတွေအပေါ် အခြေပြုပြီး ငါတို့သုံးယောက် သုဝဏ္ဏဘုမ္မိကို ဝင်ရမယ်"

ဟု ငမဲက ပြောလိုက်လေ၏။

“ကျွန်တော်မတို့ဟာ ဘုရင်အနော်ရထာရဲ့ အထူးသူလျှိုပဉ္စမံတပ် ဖွဲ့ကပဲ။ သုဝဏ္ဏဘုမ္မိကိုဝင်ဖို့ လုံလောက်တဲ့အခါမှာ ရဲရဲဝံ့ဝံ့ဝင်ကြ ဖို့ပဲ"ဟု ဆီတော်က ပြောလိုက်လေ၏။

“သုဝဏ္ဏဘုမ္မိကို ဝင်တော့ဝင်ကြရမှာပဲ။ ဒါပေမယ့် သူလျှိုဆိုတာ လွယ်တဲ့လုပ်ငန်းမဟုတ်ဘူး။ အသက်အသေခံဝံ့တာ တစ်ခု တည်းနဲ့ လုပ်လို့ရတဲ့လုပ်ငန်းမျိုးလည်း မဟုတ်ဘူး အတော့်ကို အရည်အချင်းပြည့်ဝဖို့လိုတယ်။ ဒီနေရာမှာ မယ်မင်းတို့ကို ငါ့အနေနဲ့ ပြောချင်တာက တိုင်းပြည်ကြီးတစ်ပြည်နဲ့တစ်ပြည် စစ်ခင်းဖို့ ပြင် ဆင်တဲ့နေရာမှာ သူလျှိုဒလန် ငါးမျိုးကို အသုံးပြုရတယ်"

ဟု ငမဲက ပြောရင်းမိန်းကလေးနှစ်ဦး၏ မျက်နှာကို လှမ်း၍ကြည့် လိုက်လေ၏။ ထိုအခါ ကျန်ပင်သင်က . . .

“ကျွန်တော်မတို့ သူလျှိုကိုပဲသိတယ်။ ဒလန်ကိုမသိဘူး။ ဒလန်ဆို တာဘာလဲ”ဟု မေးလိုက်လေ၏။

“သူလျှိုဆိုတာကတော့ ရှင်းပါတယ်။ ငါတို့၊ မယ်မင်းတို့ဟာ သူလျှို တွေပေါ့။ မနုဟာမင်းရဲ့ သတင်းကိုစုံစမ်းရမယ်။ အဲဒါသူလျှိုပေါ့။ ဂလန်ဆိုတာက ဒီလိုမဟုတ်ဘူး။ မနူဟာမင်းရဲ့ တပ်ကဖြစ်စေ၊ တိုင်းပြည်ကဖြစ်စေ၊ ဘုရင်အနော်ရထာအတွက် သတင်းတွေကို ပို့ပေးနေတဲ့သူကို ဒလန်လို့ခေါ်တယ်။ တချို့ ဒလန်တွေဟာ အသ ပြာကြောင့် ဒလန်ဖြစ်ရတာလည်း ရှိတယ်။တချို့ဒလန်တွေက မိမိဘုရင်ရဲ့ အုပ်ချုပ်မှုကို မကြိုက်လို့တစ် နိုင်ငံဘုရင်ရဲ့ သစ္စာကိုခံယူပြီး ဒလန်လုပ်ပေးတာလည်းရှိတယ် ဒါကြောင့် ငါပြောတဲ့ ဒလန်ငါးမျိုးဆိုတာ

(၁) ဒေသခံဒလန်၊

(၂) အတွင်းပိုင်းဒလန်၊

(၃) တုံ့ပြန်သူသလျှို။

(၄) အထူးစေလွှတ်သူလျှို၊

(၅) သာသနာပြုဟန်ဆောင်သူလျှို၊

အဲဒီငါးမျိုးထဲမှာ ငါတို့သုံးယောက်အဖွဲ့ဟာ အထူးစေလွှတ်သူလျှို ထဲမှာ ပါတယ်။ အဲဒါကြောင့် သိပ်ကိုအရေးကြီးတယ်။ ငါတို့ရဲ့ လုပ်ပုံ၊ ကိုင် ပုံတွေချွတ်ချော်သွားတာနဲ့ စစ်ပွဲရဲ့ အဆုံးအဖြတ်ဟာ မရှုမလှဖြစ်သွားနိုင် တယ်ကွယ်တို့”ဟု ငမဲက ပြောလိုက်လေ၏။

ထိုအခါ ကျန်ပင်သင်က. . ..“ဘမဲရယ်၊ သုဝဏ္ဏဘုမ္မိကို ဘယ်လိုသဏ္ဌာန်နဲ့ ဝင်ကြမှာလဲ” ဟု မေးလိုက်လေ၏။

“မျက်လှည့်သည်သားအဖ သုံးယောက်အဖြစ်နဲ့ ဝင်ကြမှာပေါ့။ ရပ်တကာ၊ လမ်းတကာလှည့်ပြီး ဘမဲက မျက်လှည့်ပြမယ်။ ဘမဲက မျက်လှည့်ပြပြီးရင် သမီးဆီတော်က ကရမယ်။ အဲဒီလိုကတဲ့အခါ မှာ သမီးကျန်ပင်သင်က သံလွင်တိုတီးရမယ်။ ဘမဲက ဗုံတိုကို နာနာနှက်မယ်။ အဲဒီလိုနဲ့ တရွေ့ရွေ့သွားပြီး သုဝဏ္ဏဘုမ္မိကို တရွေ့ ရွေ့နဲ့ဝင်မယ်။ အဲဒီလိုဝင်ပြီးတာနဲ့ ဒေသ ဒလန်ကိုမွေးမယ်။ အဲဒီ ဒလန်ရဲ့ အကူအညီနဲ့ ငါတို့စစ်သူလျှိုအလုပ်ကို တွင်တွင်ကျယ် ကျယ်ကြီး လုပ်ရပေမပေါ့”ဟု ငမဲက ပြောလိုက်လေ၏။

ထို့နောက်တွင်ကား ငမဲသည် မျက်လှည့်ပြရာ၌ သီဆိုမည့်သီချင်း ကို စပ်၏။ ဆီတော်အား အကသင်၏။ ကျန်ပင်သင်နှင့် ၎င်းကမူ မျက်လှည့်ပြကွက်များအတွက် ဇာတ်တိုက်ကြရ၏။ မျက်လှည့်ပြရာတွင် ကျန်ပင်သင်နှင့် ဆံတော်ဝင်ရမည့် အဝတ်အစားများကို ငမဲကိုယ်တိုင် ချုပ်ပေး၏။ 

ဤသို့နှင့် ၎င်းတို့သုံးဦးသားသည် ဥဿာပဲခူး၌ နေကြစဉ်အတွင်း ရှေ့တွင်လုပ်ဆောင်ရမည့် လုပ်ငန်းအတွက်ကြိုးစားပမ်းစား လေ့ကျင့်ကြကုန်၏။ ထိုသို့ အပြင်းအထန်လေ့ကျင့်ကြသောကြောင့် မိန်းကလေးနှစ်ဦးမှာ လွန်စွာပန်း၍နေပြီဖြစ်၏။

“အလုပ်တစ်ခုဟာ အပိုးသေမှ ကောင်းတယ်။ အဲဒီလို အပိုးသေ အောင်ဖြစ်ဖို့ဆိုတာလည်း အရမ်းလေ့ကျင့်ရမယ်။ အဲဒီလိုလေ့ကျင့် ရင် ချွေးတွေလွန်စွာထွက်ပြီး အလွန်ပင်ပန်းတာကလား။ ဒါပေမဲ့ ပင်ပန်းမှာစိုးလို့ ချွေးအထွက်နည်းအောင် လုပ်လို့မဖြစ်ဘူး။ ချွေးထွက်များမှ သွေးအထွက်နည်းမှာ။ လေ့ကျင့်မှုနည်းလို့ရှိရင် ရန်သူရဲ့လက်ထဲမှာ အသက်တွေပေးသွားရမယ်။ ဒီတော့ ဘာပဲ ဖြစ်ဖြစ် အပိုးသေအောင် လေ့ကျင့်ရမှာပဲ” ဟု ငမဲကပြောလိုက်လျှင် ကျန်ပင်သင်က. . . .

“ဟုတ်ပါတယ် ဘမဲရယ်။ လူရှေ့ သူရှေ့မှာ ပြရမှာဆိုတော့ အလိမ် ပေါ်သွားရင် အားလုံးသိမ်းပြည်း (အရှက်ရခြင်း)ကြမှာ မဟုတ် လား။ ဒါကြောင့် ကျွန်တော်မတို့ အပင်ပန်းခံပြီး လေ့ကျင့်ရမှာပဲ” ဟု ပြောလိုက်လေ၏။

ဘုရင်အနော်ရထာ၏ သူလျှိုသုံးဦးသည် သုဝဏ္ဏအား လုပ်ကြံရန် အတွက် ဥဿာပဲခူး၌ ခိုအောင်းလျက် လေ့ကျင့်အပ်သည်များကို လေ့ကျင့် နေကြလေ၏။ သူတို့၏လေ့ကျင့်မှုများ ပြည့်စုံသောအချိန် တာလသည် သုဝဏ္ဏဘုမ္မိ (သို့မဟုတ်) မနူဟာဘုရင်၏ ကျဆုံးချိန်သည် မရှေးမနှောင်း ဖြစ်ပေလိမ့်မည် တူစွဟုတ္တာ…။

*   *   *
       ကံကြမ္မာကိုဖတ်သောလူ့ဝ

ဆံတော်၊ ကျန်ပင်သင်နှင့် ငမဲကြီးတို့သည် အမြို့မြို့အနယ်နယ် တွင် ရုပ်အမျိုးမျိုးဖျက်ကာ မြေဝါမြေ၏သတင်းကို နိုင်သမျှစုဆောင်း၍ ထိုသတင်းများအပေါ်တွင် ညှိနှိုင်းတိုင်ပင်ကြပြီးနောက် ခရီးဆက်ခဲ့ကြလေ၏။ ထိုဆက်ခဲ့သောခရီး၌ ဆီတော်နှင့် ကျန်ပင်သင်သည် ကချေသည် ကလေးများအဖြစ် ရုပ်ဖျက်သရုပ်ဆောင်ထားကြ၏။ ငမဲကြီးကမူ ကချေ သည် မိန်းမချောကလေးနှစ်ဦး၏ ဖခင်မုဆိုးဖိုကြီးအဖြစ် သရုပ်ဆောင်ထား၏။ 

၎င်းတို့သည် နာရီရှိသမျှ၊ ဗီဇနာရှိသမျှ မြေဝါမြေ၏ မြို့တော်အဝင် တံခါးအနီးသို့ ရောက်ရှိခဲ့ကြ၏။ ၎င်းတို့သည် မြို့ဝင်တံခါးအနီး အခြေအနေ ကို လှမ်း၍ကြည့်လိုက်ကြ၏။ ကြီးမားသောညောင်ပင်ကြီးများ၊ ထိုညောင် ပင်ကြီးများအောက်မှ ဈေးဆိုင်တန်းများ၊ ထိုဈေးဆိုင်တန်းများရှေ့မှ မြင်း ချည်တိုင်များနှင့် မြင်းများ၊ မြို့တံခါးပေါ်ရှိ ပစ်စင်များပေါ်မှ အစောင့်အနေ များ၊ မြို့တံခါးတည့်တည့်တွင် ကန့်လန့်ပိတ်၍ထားသော ရင်းတားခေါ် ၊ အုတ်တံတိုင်းမြင့်မြင့်ကြီး၊ ထိုအုတ်တံတိုင်းမြင့်မြင့်ကြီးရှေ့တွင် လူးလာ ခေါက် တုံ့လျှောက်နေသော တံခါးစောင့်ကင်းတိုများ၊ ညောင်ပင်ကြီးတစ်ပင်အောက် တွင် မြင်းခွာရိုက်ပေးနေသော မြင်းခွာဆိုင်များကို တွေ့မြင်သွားကြလေ၏။

မြင်းခွာဆိုင်များအနက် အစွန်ဆုံး မြင်းခွာဆိုင်မှ မြင်းခွာရိုက် သမားသည် ၎င်းတို့သုံးဦးအား တစ်ချက်မျှပင်ငဲ့စောင်း၍ ကြည့်လိုက်သည်ကို သုံးဦးစလုံး သတိပြုမိသွား၏။ ထို့ကြောင့် ကျန်ပင်သင်က

“ဘမဲရေ၊ မြင်းခွာသမားက ကျွန်တော်မတို့ကို လှမ်းကြည့်နေတယ်။ သူ့ဆိုင်ကလည်း အစွန်ဆုံးမှာ။ ဆိုင်ဆောက်ထားပုံကလည်း သူတစ် ပါးဆောက်ထားတာနဲ့မတူဘူး။ သူ့ဆိုင်က မြင်းဇောင်းနဲ့တူတယ်။ အထဲမှာလည်း မန်ကျည်းစေ့ရောင် မြင်းတစ်ကောင်ရှိနေတယ်။ မြင်းရဲ့ အဆက်အပေါက်ကလည်း ခြေမြန်တော်တွေစီးတဲ့မြင်းရဲ့ အဆက်အပေါက်မျိုး။ ပြီးတော့ မြင်းဇောင်းရဲ့ ထရံမှာချိတ်ထားတဲ့ ဓားလွတ်ကိုလည်း ကြည့်ပါဦး။ အသွားတိုတယ်။ ဗြက်ကားတယ်။ ပြီးတော့ ဓားပုံပါးတယ်။ အနီးကပ်တိုက်ခိုက်လေ့ရှိတဲ့လူတွေ ကိုင် တဲ့ ဓားလွတ်မျိုး၊ ဘာပဲဖြစ်ဖြစ် ဒီမြင်းခွာရိုက်သမားဟာ မြို့တံခါး လုံခြုံရေးအတွက်ချထားတဲ့ တပ်အပြင် လူမသိအောင် မိုးထားတဲ့ လျှို့ဝှက်လုံခြုံရေး တပ်ပိုး က ဖြစ်လိမ့်မယ်” ဟုပြောလိုက်ရာ ငမဲကြီးက. . . .

“ထင်တိုင်းလည်းမဆိုနဲ့။ ဝင်တိုင်းလည်း မမျိုနဲ့ မယ်မင်း၊ လူရဲ့ အရိပ်ကိုမြင်ရုံနဲ့ မဆိုနဲ့ဦး။ သူ့ရဲ့ လှုပ်ရှားမှုအခြေကို ကြည့်ရဦး မယ်။ အရိပ်ရော၊ အခြေပါ ပြည့်စုံမှပြောတာ ကောင်းတယ်” ဟု ပြောလိုက်လေ၏။

ထို့နောက် ကျန်ပင်သင်သည် ဆီတော်ကို တံတောင်နှင့်တွတ်လိုက် ပြီးနောက် ညောင်ပင်အောက်ကို မေးငေါ့ပြလိုက်လေ၏။ ညောင်ပင်အောက် တွင်ရှိသော အုတ်ခုံပေါ်တွင် ဝဝဖိုင့်ဖိုင့်လူတစ်ယောက် သင်ပုန်းပြားကို တိုင်ကာ တတောက်တောက်မရေးခြစ်ရင်း ၎င်း၏ရှေ့မှ မိန်းမငယ်တစ်ဦးတို စကားပြောနေလေ၏။ ညောင်ပင်တွင်လည်း ပိတ်စတစ်ခုချိတ်ထား၏။ ပိတ်စ ပေါ်တွင် လှပသော ခရုခွံများဖြင့် စာလုံးဖော်ထားသည်ကို တွေ့ရ၏။ ဆီ တော်က ကျန်ပင်သင်အား. . . .

“အဲဒါဘာလဲ မိကျန်”ဟု မေးလိုက်လေ၏။

“ဟိုမှာ ခရုခွံတွေနဲ့မွန်လို စာတန်းဖော်ထားတာ မတွေ့ဘူးလား။ အဲဒါဖတ်ကြည့်ပေါ့”

ဟု ကျန်ပင်သင်က ပြောလိုက်လေ၏။

“ငါက ညဲလောက် မွန်စာမှမတတ်တာပဲ” ဟု ဆီတော်က ပြန်၍ပြောလျှင် ကျန်ပင်သင်က . .

“ဆီတော်ကတော့ အချင်းချင်းလည်း မချန်ဘူး။ လိမ်တော့တာပဲ။ သူလျှိုသင်တန်းတက်တုန်းက ညဲလည်းမွန်စာသင်ခဲ့ရတယ် မဟုတ် လား သဘောက်မရဲ့”

ဟု ပြန်ပြောလိုက်လျှင် ဆီတော်တ... “ဟုတ်ပါတယ် သတီမရယ်။ ငါက ကျီစားတာပါ။ ခရုခွံနဲ့စာဖော်ထားတာ ငါလည်းသိပါတယ်။

“ကြမ္မာဖတ်သောလူဝကြီးတဲ့”

ဟု ဆီတော်က ပြန်၍ပြောလိုက်လေ၏။ ဆီတော်နှင့် ကျန်ပင်သင် သည် တစ်ဦးကိုတစ်ဦး ချစ်ခင်ကြသော သူလျှိုမယ်ကလေး များဖြစ်၏။ တစ်ဦးကို တစ်ဦးလွန်စွာချစ်ခင်ကြသည့်အလျောက် တစ်ဦးက တစ်ဦး ကို “သဘောက်” ဟုခေါ်၏။ သဘောက်ဆိုသည်မှာ ကျွန်ကမွေးသော သူဟု ရ၏။ ကျန်တစ်ဦးကလည်း သတီဟု ပြန်၍ခေါ်၏၊ သတီ ဆိုသည် မှာ ကျွန်ကမွေးသောသူကို ဆိုလို၏။

ကျန်ပင်သင်သည် ညောင်ပင်ကြီးအောက်မှ ကြမ္မာဖတ်လူဝကြီးကို ကြည့်နေ၏။ ထို့နောက် . . .

“ဘမဲ. . ညောင်ပင်အောက်က ကြမ္မာဖတ်လူဝကြီးကို ကြည့်ပါဦး။ သူ့ရှေ့က မိန်းမကို ဘာတွေများ ကြမ္မာဖတ်ပေးနေလည်းမသိပါ ဘူး။ ဟိုမိန်းမကတော့ ချုံးပွဲကြီးချပြီး ငိုပွဲကြီးဆင်နေပြီ” ဟု လှမ်း၍ပြောလိုက်ရာ ငမဲက ...

“အဲဒီတိုင်းပြည်မှာ ကြမ္မာဖတ်တဲ့ဆရာတွေ အများကြီးရှိတယ်။ သူတို့တတော့ ယုံကြလေရဲ့။ သူနောက်နှစ်ကို ဘာဖြစ်မယ်။ ဘယ် တော့ချမ်းသာကြွယ်ဝမယ်။ မိန်းမများကို ဆိုရင်လည်း ဘယ်တော့ လင်ကောင်းသားတောင်းရမယ်။ လင်ကောင်းသားတောင်းမရဘူး၊ လင်မွဲ၊ လင်နာ၊ လင်အို၊ လင်မင်းနဲ့ ညားမယ်။ အတိတ်ဘဝက သူများလင်မယားကွဲအောင် လုပ်ထားတဲ့အတွက် ယခုဘဝမှာ မိမိ လင်နဲ့ ထောင်းစွာ မပေါင်းရဘူး။ လင်နဲ့ပေါင်းရမယ့် ညတိုင်းမှာ သူ့လင် ဝက်ရူးပြန်လိမ့်မယ်။ အဲဒါအပြင် ယခုဘဝမှာ သူများ လင်မယားကွဲအောင်လုပ်တဲ့အတွက် နောင်ဘဝမှာ ဒီမိန်းမဟာ လကွယ်ညမှာ ယူဇနာတစ်ရာခရီးကို တစ်ကိုယ်တည်း ပင်ပန်းခက် ခဲစွာ လင်ရှာထွက်ရမယ်။ ခရီးဆုံးရောက်တဲ့အခါမှာ သူရမယ့်လင် ဟာ လင်အို၊ လင်မင်း၊ သင်နုံလင်ဖျင်းဟာ သစ်ငုတ်တိုပေါ်မှာ မျောက်ကဲ့သို့ ဆောင့်ကြောင့်ထိုင်နေတာကို တွေ့ရမယ်။ အဲဒီလင် အို၊ လင်မင်းကိုတောင် လွယ်လွယ်ကူကူမရရှာဘဲ သူ အခြားသော အရပ်သုံး မျက်နှာကလာတဲ့ လင်ငတ်မသုံးယောက်နဲ့ သူနိုင်ငါနိုင် သတ်ပုတ်ပြီးမှ အဲဒီလင်ကို၊ လင်မင်းတို ရရှာလိမ့်မယ်တဲ့။ ပြီးတော့ အဲဒီလိုဒုက္ခတွေမဖြစ်ရအောင် ကြမ္မာဖတ်ဆရာက ချေပပေးလို့ ရတယ်တဲ့။ အဲဒီလိုချေပတာကို ကျွန်တီလို့ခေါ်တယ်တဲ့။ အဲဒီလို ကျွန်တီပြုပေးတဲ့အတွက် ကြမ္မာဖတ်ဆရာကို အသပြာ ပူဇော်ရ တယ်တဲ့”

“ညောင်ပင်အောက်က ကြမ္မာဖတ်ဆရာရဲ့ ပုံပန်းဟာလည်း မသတီ ဖို့ ကောင်းလိုက်တာ”

ဟု ပြောလိုက်လျှင် ဆီတော်က

“အဘမဲကလည်း ဘောက်မဲ႔ကြောင့် သူတစ်ပါးကို ဖင်ဖျည်းပြောဆို နေရတာလဲ”

ဟု ပြောလိုက်လေ၏။

ဖင်ဖျည်းဆိုသည်မှာ အချည်းနှီး၊ အလဟဿ ပြောဆိုခြင်းကို ဆိုလို သည်။ ထို့ကြောင့် ဘမဲက. . . .

"ငါ့စကားက ဖင်ဖျည်းလား၊ ‘တင်ကျည်းလား” ဆိုတာ နောင်ကာလ မှာ သိလိမ့်မယ်”

ဟု ပြန်၍ပြောလိုက်လေ၏။ တင်ကျည်းဆိုသည်မှာ နှိုက်နှိုက်ချွတ် ချွတ်ပြုလုပ်ခြင်းကို ဆိုလိုသည်။ ထိုအခါ ကျန်ပင်သင်က. . . .

“ဘာပဲဖြစ်ဖြစ် ကျွန်တော်မကတော့ အဲဒီကြမ္မာဖတ် ဆရာရှေ့သွား ထိုင်ပြီး နောင်လာမယ့် ကိုယ့်ရဲ့ကြမ္မာ ဘယ်လိုဆိုတာ အဲဒီကြမ္မာဖတ်လူဝကို ဖတ်ခိုင်းချင်တယ်”

ဟု ပြောလိုက်လျှင် ဆီတော်က

“သဘောက်မ နင်က ငါ့ထက်အကြံဦးလေစွ။ ငါလည်း ငါ့ကြမ္မာကို သိချင်တာပေါ့။ လာပါ တို့သွားမေးကြရအောင်ပါ"

ဟုပြောလိုက်လေ၏။ ထိုအခါ ငမဲကလည်း ၎င်းတို့နှစ်ဦးကို အလိုလိုက်ရှာ၏။

“ကဲပါ. . ကဲပါ... ပါလာတဲ့ ငွေကြေးအသပြာလေး ကုန်ချင်ရင် တုန်ပါစေ။ လူဝကို သွားပြီးပူဇော်ကြ”

ဟု ပြောလိုက်လေ၏။

သူလျှိုမယ်နှစ်ဦးသည် ကြမ္မာဖတ်ဆရာကို လှမ်း၍ကြည့်လိုက်၏။

ကြမ္မာဖတ်ဆရာရှေ့မှ မိန်းမသည် အသပြာအချို့ကို ပူဇော်၍ ကြမ္မာဖတ် ဆရာရှေ့မှ ထွက်သွားပြီဖြစ်၏။ ထိုအခါ သူလျှိုမယ်နှစ်ဦးသည် ကြမ္မာဖတ် ဆရာရှေ့သို့သွားကြလေ၏။ ငမဲလည်း နောက်မှလိုက်သွားရလေ၏။

ကျန်ပင်သင်သည် ရှေးဦးစွာ ကြမ္မာဖတ်ဆရာကို ဟောခိုင်းလေ၏။ ကြမ္မာဖတ်ဆရာက ကျန်ပင်သင်အား. . . .

“ဘယ်အရပ်ဘက်က လာတာတုံး”

ဟု မေးလိုက်၏။ ကျန်ပင်သင်က “ဒလ” ဘက်ကလာကြောင်း၊ ကချေသည်အလုပ်ဖြင့် အသက်မွေးကြောင်း ပြောပြလေ၏။ငမဲကလည်း သူသည် မိန်းကလေးနှစ်ဦး၏ ဖခင်ဖြစ်ကြောင်း၊ မိန်းကလေးနှစ်ဦးမှာ ကချေသည်များဖြစ်ပြီး သူတိုယ်တိုင်မှာမူ ဗုံတိုနှင့် သံလွင်ကို နှတ်ရသည်ဖြစ် ကြောင်း ဝင်၍ပြောလေ၏။ ထိုအခါ ကြမ္မာဖတ်ဆရာက ပြုံးလိုက်လေ၏။ ထိုသို့ ပြုံးပြီးနောက် .

“ဒလမြေက မြေညို မြေပြာဖြစ်တယ်။ နွေအခါမှာ ဖုန်ထရင်လည်း အညိုအပြာတွေပဲ ထတတ်တယ်။ မန္တလာက မြေကတော့ မြေနီမိုး ဖြစ်တယ်။ နွေအခါမှာ ဖုန်ထရင်လည်း မြေနီဖုန်တွေပဲ ထတာပေါ့ အဘိုးကြီးလွယ်ထားတဲ့ ဗုံတိုရဲ့ ကြိုးကြာထဲမှာညပ်နေတဲ့ ဖုန်တွေ ဟာ အနီရောင်တွေဖြစ်နေတယ်။ ဒါကြောင့် ဒလကလာတာတော့ မဖြစ်နိုင်ဘူး။ ဒီသူငယ်မဟာ သူ့ကိုယ်သူ ကချေသည်လုပ်ငန်းနဲ့ အသက်မွေးတာပါလို့ပြောတယ်။ ကချေသည်ဟာ ခြေမျက်စိနား သိုးကူးမှာ ခြူးကလေးတွေပါတဲ့ကြိုးကို ချည်နှောင်ပြီး တချွင်ချွင်နဲ့ ကရ တာဆိုတော့ မြူနဲ့ထိပြီး ခြေမျက်စိနားမှာ အသားမာလေးတွေ ထက်နေလေ့ရှိတယ်။ ဒီသူငယ်မရဲ့ ခြေမျက်စိ အသားမာမရှိဘူး၊ အဲဒီတော့ တချေသည်ဆိုတာ ဟုတ်ပါ့မလား မဆိုနိုင်ဘူး၊ ဒီသူငယ် မရဲ့ နဖူးမှာပါတဲ့ အရေးတစ်ခုဟာ သင်ရပြီးရင် ကလေးတစ် ယောက်နဲ့ ကွဲရလိမ့်မယ်လို့ တွေ့ရတယ်။ ဒူးကို နည်းနည်းပြပါဦး” ဟ ဆိုသဖြင့် ကျန်ပင်သင်က သူ၏ဖူးကို လှန်ပြ၏။ 

ထိုအခါ ကြမ္မာ ဖတ်ဆရာလူဝက. •

 “နဖူးရေးမှာ တစ်နယ်သားနဲ့ စုံဖက်ရမယ်လို့ ပြနေတယ်။ နောက် အရေးဝိုင်းငယ်တစ်ခုပါတယ်။ အဲဒီအဝိုင်းကို ပါသာလို့ခေါ်တယ်။ မဇ္ဈိမစကားပဲ။ မိသားစုတစ်ခုလုံး သူတော်ကောင်းအဖြစ်ကို ခံယူ မယ်လို့ ဖော်ပြတယ်။ သူငယ်မရော၊ သူငယ်မရဲ့ ခင်ပွန်းရော၊ သူငယ်မရဲ့ သားသမီးရောအားလုံး သူတော်ကောင်းအဖြစ်ကို ခံယူ သွားမယ်” ဟု ပြောလေ၏။
 
ကျန်ပင်သင်အလှည့်ပြီးသောအခါ၌ ဆီတော်က မေးပြန်၏။ ကြမ္မာ ဖတ်လူဝသည် ဆီတော်အား ဒူးရေးကိုမကြည့်၊ နဖူးအရေးနှင့်ပင်-

"ဒီသူငယ်မ ယောက်ျားမရနိုင်ဘူး။ သူတော်ကောင်းဖြစ်သွားမယ်”

ဟုပြောလေ၏။

ဆီတော်ပြီးသောအခါ၌ ငမဲကပါ သူလည်းသိချင်သည်ဟု ဆို၏။ ထို့ကြောင့် ကြမ္မာဖတ်ဆရာအား မေးပြန်၏။ ကြမ္မာဖတ်ဆရာက ငမဲအား နဖူးရေးကိုကြည့်၍ . . .

“နောက်ဆုံးမှာ သူတော်ကောင်းဖြစ်သွားမှာပဲ” ဟုပြောလျှင် ငမဲက...

“သူတပါးလက်ချက်နဲ့ မသေနိုင်ဘူးလား”ဟု မေးလိုက်လေ၏။ ထိုအခါ ကြမ္မာဖတ်ဆရာ လူဝက . . .

“မဖြစ်နိုင်ပါဘူး။ သတ်စရာရှိရင် သင်ကပဲသတ်မယ်။ သူတစ်ပါးကသင့်ကို မသတ်ပါဘူး” ဟု ပြောလိုက်လေ၏။

ထိုစကားကြားလျှင် ငမဲသည် တဟားဟားရယ်လေ၏။ 

ထို့နောက်သုံးဦးအတွက် ကျသင့်သောငွေကြေးအသပြာများကို ပေး၍ မြို့အတွင်းသို့ ဝင်၍ သွားကြလေတော့သတည်း။

    *   *   *
၄ဆက်ရန်

Post a Comment

Previous Post Next Post

Comments